Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 149:6 - Common Language Bible

6-9 တိုင်း​နိုင်​ငံ​အ​ပေါင်း​ကို​နှိမ်​နင်း​၍ လူ​မျိုး​တ​ကာ​တို့​အား​ဒဏ်​ခတ်​ကြ​ရန်​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင်​များ​အား​သံ​ကြိုး​ဖြင့်​ချည်​နှောင်​ကာ သူ​တို့​၏​ခေါင်း​ဆောင်​များ​ကို​သံ​ခြေ​ကျင်း ခတ်​ကြ​ရန်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​အ​ရ​တိုင်း​နိုင်​ငံ​တို့​ကို ဒဏ်​ခတ်​ရန်​လည်း​ကောင်း ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ထက်​မြက်​သော သံ​လျက်​ကို​လက်​တွင်​ကိုင်​ထား​ကြ​စေ။ ဤ​ကား​ဘု​ရား​သ​ခင်​လူ​စု​တော်​၏ အောင်​ပွဲ​ပင်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6-9 လူ မျိုး ခြား တို့ အား လက် စား ချေ လျက်၊ လူ အ မျိုး မျိုး အား ဒဏ် စီ ရင် ခြင်း ငှာ လည်း ကောင်း၊ ချင်း တို့ ဘု ရင် မင်း များ ကို သံ ကြိုး နှင့် ချည် နှောင် လျက်၊ မှူး မတ် တို့ ကို သံ ခြေ ချင်း ခတ် ခြင်း ငှာ လည်း ကောင်း၊ ရေး သား သော စီ ရင် ချက် ကို အ တည် ပြု ခြင်း ငှာ လည်း ကောင်း၊ ဘု ရား သ ခင်၏ ဂုဏ် တော် ကို နှုတ် ဖြင့် အ ထူး ချီး မွမ်း ၍၊ သံ လျက် ကို လည်း စွဲ ကိုင် ကြ စေ။ ကိုယ် တော် ကို ကြည် ညို သူ အ ပေါင်း တို့ သည်၊ ထို သို့ သော ဂုဏ် ကြက် သ ရေ ပိုင် ကြ ၏။ ဟာ လေ လု ယာ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6-9 တစ်​ပါး​အ​မျိုး​သား​တို့​အား တ​ရား​အ​တိုင်း​အ​ပြစ်​ပေး၍၊ လူ​စု​တို့​အား ဒဏ်​ခတ်​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​တို့၏​ရှင်​ဘု​ရင်​များ​ကို သံ​ကြိုး​နှင့်​ချည်​နှောင်၍၊ မှူး​မတ်​များ​ကို သံ​ခြေ​ချင်း​ခတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ကျမ်း​စာ၌​မှတ်​သား​သော​အ​ပြစ်​စီ​ရင်​ခြင်း​ကို သူ​တို့​အား ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​သည် ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို နှုတ်​နှင့်​ချီး​မွမ်း၍၊ သန်​လျက်​ကို လက်​နှင့်​ကိုင်​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် ထို​သို့​သော​ဘုန်း​နှင့် ဆိုင်​ကြ၏။ ဟာ​လေ​လု​ယ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 သူ​တို့​၏​နှုတ်​၌ ဘုရားသခင်​၏​ဂုဏ်တော်ချီးမွမ်း​ခြင်း​ရှိ​ကြ​ပါစေ​။ သူ​တို့​၏​လက်​၌​လည်း အသွားနှစ်ဖက်​ပါ​သော​သန်လျက်​ကို ကိုင်​ထား​ကြ​ပါစေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 149:6
12 ပူးပေါင်းရင်းမြစ်များ  

လေ​ဝိ​အ​မျိုး​သား​များ​ဖြစ်​ကြ​သော​ယော​ရှု၊ ကပ်​မျေ​လ၊ ဗာ​နိ၊ ဟာ​ရှ​ဗ​နိ၊ ရှေ​ရ​ဘိ၊ ဟော ဒိ​ယ၊ ရှေ​ဗ​နိ​နှင့်​ပေ​သ​ဟိ​တို့​က၊ ``ထ​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လေ​၏။ ကိုယ်​တော်​အား​ကာ​လ​အ​စဉ်​အ​ဆက် ထော​မ​နာ​ပြု​ကြ​လေ​၏။ ဘု​ရား​သ​ခင်​သည်​လူ​တို့​ချီး​မွမ်း​နိုင်​သည်​ထက် ပို​၍​ကြီး​မြတ်​တော်​မူ​သော်​လည်း ငါ​တို့​အ​ပေါင်း​သည်​ဘုန်း​ကြီး​သော​နာ​မ တော်​ကို ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​ကုန်​အံ့'' ဟု ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​စ​တင်​ရန်​လူ​တို့​အား ခေါ်​ဖိတ်​ကြ​လေ​သည်။


လက်​များ​ပါ​ရှိ​လျက်​နှင့်​မ​ထိ​မ​တွေ့​နိုင်။ ခြေ​များ​ရှိ​ပါ​လျက်​နှင့်​လမ်း​မ​လျှောက်​နိုင်။ သူ​တို့​သည်​အ​သံ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​နိုင်။


ကူ​မ​တော်​မူ​ရန်​ကိုယ်​တော်​၏​ထံ​တော်​သို့ ငါ​အော်​ဟစ်​ခဲ့​ပြီ။ ကိုယ်​တော်​အား​သီ​ချင်း​များ​ဖြင့်​ထော​မ​နာ​ပြု​ခဲ့​ပြီ။


ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​သည် ဖြစ်​၍ အ​လွန်​ပင်​ထော​မ​နာ​ပြု​ခြင်း​ကို​ခံ​ထိုက်​တော် မူ​၏။ ကိုယ်​တော်​သည်​ဘု​ရား​တ​ကာ​တို့​ထက် ကြောက်​ရွံ့​ရို​သေ​ခြင်း​ကို​ခံ​ထိုက်​တော်​မူ​၏။


``သို့​ဖြစ်​၍​ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရင်​မင်း​အား​ထော​မ​နာ ပြု​ပါ​၏။ ဂုဏ်​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော် ကို​လည်း​ချီး​မွမ်း​ပါ​၏။ ကိုယ်​တော်​ပြု​လေ သ​မျှ​သော​အ​မှု​တို့​သည်​မှန်​ကန်​ပါ​ပေ သည်။ ကိုယ်​တော်​သည်​အ​စဉ်​ပင်​တ​ရား​မျှ တ​တော်​မူ​၍​မာန်​မာ​န​ထောင်​လွှား​သူ​တို့ အား​နိမ့်​ကျ​စေ​တော်​မူ​ပါ​၏'' ဟု​ရေး သား​ဖော်​ပြ​တော်​မူ​လေ​သည်။


အောင်​ပွဲ​ရ​ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်၊ ဧ​ဒုံ​ပြည်​ကို​တိုက်​ခိုက်​အုပ်​စိုး​ကြ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ထို​ပြည်​တွင်​နန်း​စံ​တော်​မူ​လိမ့်​မည်။'' ပ​ရော​ဖက်​သြ​ဗ​ဒိ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ပြီး​၏။


``ကောင်း​ကင်​ဘ​ဝဂ်​ဝယ်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ ကမ္ဘာ​ပေါ်​တွင်​ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော လူ​အ​ပေါင်း​တို့​၌​ငြိမ်း​ချမ်း​သာ​ယာ​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မြွက်​ဆို​ကြ၏။


ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည်​သက်​ရှင် လှုပ်​ရှား​၍ သန်​လျက်​တ​ကာ​တို့​ထက်​ထက်​မြက် ၏။ အ​သက်​နှင့်​ဝိ​ညာဉ်​တွေ့​ဆုံ​ရာ​အ​ထိ​လည်း ကောင်း၊ အ​ရိုး​ဆစ်​နှင့်​ခြင်​ဆီ​တွေ့​ရာ​အ​ထိ လည်း​ကောင်း​ထုတ်​ချင်း​ခွင်း​တတ်​၏။ လူ​၏​စိတ် နှ​လုံး​အ​ကြံ​အ​စည်​နှင့်​လို​အင်​ဆန္ဒ​များ ကို​စစ်​ဆေး​တတ်​၏။-


သူ​သည်​လက်​ယာ​လက်​ဖြင့်​ကြယ်​ခု​နစ်​လုံး ကို​ကိုင်​၍​ထား​၏။ သူ​၏​ခံ​တွင်း​မှ​ထက်​သော သန်​လျက်​ထွက်​လာ​၏။ သူ​၏​မျက်​နှာ​သည် လည်း​မွန်း​တည့်​နေ​ကဲ့​သို့​တောက်​ပ​၏။-


ထို​နောက်​လူ​ပ​ရိ​သတ်​ကြီး​၏​အ​သံ​ကဲ့​သို့​လည်း ကောင်း၊ အ​ဟုန်​ဖြင့်​စီး​သော​ရေ​သံ​နှင့်​မိုး​ချုန်း​သံ ကဲ့​သို့​လည်း​ကောင်း​ထွက်​ပေါ်​လာ​သော​အ​သံ ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​ကြီး​က``ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ အ​နန္တ တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​စိုး​စံ​တော်​မူ​လေ​ပြီ။-


ဧ​ဟု​ဒ​သည်​တစ်​ပေ​ခွဲ​ခန့်​ရှိ​သော​သံ​လျက် တစ်​လက်​ကို​ပြု​လုပ်​ပြီး​လျှင် ညာ​ဘက်​ပေါင် အ​ဝတ်​အ​စား​များ​အောက်​တွင်​ချည်​နှောင် ထား​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ