ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
ဟေဗြဲ 9:11 - Common Language Bible သို့ရာတွင်ခရစ်တော်သည်ယခုငါတို့ခံစား ရကြသည့် ကောင်းမြတ်သည့်အရာများနှင့် သက်ဆိုင်သောယဇ်ပုရောဟိတ်မင်းအဖြစ် ဖြင့်ကြွလာတော်မူလေပြီ။ ကိုယ်တော်အမှု တော်ဆောင်ရာတဲတော်သည် ပိုမို၍ကြီးမြတ် ပြီးပြည့်စုံလင်ပေသည်။ ထိုတဲတော်ကားလူ တို့လက်ဖြင့်တည်ဆောက်သောတဲတော်မဟုတ်။ ဤအဖန်ဆင်းခံလောကနှင့်မသက်ဆိုင်။- Garrad Bible ခ ရစ် တော် မူ ကား ရောက် ပြီး သော သု ခ ချမ်း သာ ဆိုင် ရာ ပ ရော ဟိတ် မင်း အ ဖြစ် ထာ ဝ ရ ရွေး နုတ် မှု ပြု ပြီး လျှင် လက် ဖြစ် မ ဟုတ်၊ ယ ခု ဘ ဝ နှင့် မ ဆိုင်၊ သာ၍ ကြီး မြတ် စုံ လင် သော တဲ တော် ကို လွန် ၍ ဆိတ် သွေး၊ နွား သွေး နှင့် မ ဟုတ်၊ ကို ယ့် အ သွေး တော် နှင့် အ ထူး သန့် ရှင်း ရာ ဌာ န တော် တွင်း သို့ အ ပြီး သတ် ဝင် ရောက် တော် မူ ပြီ။ Judson Bible ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သော တဲတော်၌၊ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ခရစ်တော်သည် ရောက်ရှိလာပြီးဖြစ်သည့် ကောင်းသောအရာများနှင့်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ်ကြွလာတော်မူ၍ လူ့လက်ဖြင့်တည်ဆောက်သည်မဟုတ်၊ တစ်နည်းဆိုသော် ဤဖန်ဆင်းခံလောကမှမဟုတ်သော ပို၍ကြီးမြတ်ပြီး ပို၍စုံလင်သည့်တဲတော်မှတစ်ဆင့် ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်သည် ယခု ကျွန်ုပ်တို့ခံစားရသည့် ကောင်းကျိုးများနှင့်သက်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ် ကြွလာတော်မူပြီ။ ကိုယ်တော်သည် ဤကမ္ဘာလောကရှိ လူတို့လက်ဖြင့် ပြုလုပ်သော တဲတော်ထက် ပို၍ ကြီးမြတ်ပြည့်စုံသည့် ကောင်းကင်ဘုံရှိ တဲတော်သို့ ဝင်တော်မူ၏။ |
ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
သို့ဖြစ်၍ကျွန်တော်မျိုးပြန်လျှောက်ထားပါ၏။ ``ကျွန်တော်မျိုးအသင့်ရှိပါ၏။ ကျွန်တော်မျိုးအတွက်ကိုယ်တော်ရှင်ပေးတော် မူသော ညွှန်ကြားချက်များသည်ပညတ်ကျမ်း၌ပါ ရှိပါ၏။
ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်အပြစ်များမှနောင်တရသူ ဣသရေလအမျိုးသားအပေါင်းတို့အား ကယ်တင်ရန်ဇိအုန်မြို့သို့ကြွလာတော်မူ မည်။-
ပြည်သူတို့ငါ့အားပြစ်မှားခဲ့ကြသည့်အပြစ် များကိုဆေးကြောစင်ကြယ်စေမည်။ သူတို့ ၏အပြစ်များနှင့်ပုန်ကန်မှုတို့ကိုငါခွင့် လွှတ်မည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။
``အရှင်သည်ကြွလာတော်မူမည်ဟုဆိုသော အရှင်ပေလော။ သို့မဟုတ်အကျွန်ုပ်တို့သည် အခြားအရှင်တစ်ပါးကိုစောင့်မျှော်ရကြ ပါမည်လော'' ဟုမေးလျှောက်စေ၏။-
`အို ယုဒပြည်ဗက်လင်မြို့၊သင်သည်ယုဒပြည်ရှိ မြို့များအနက်သိမ်ငယ်လှသောမြို့မဟုတ်။ ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့အား ရှေ့ဆောင်လမ်းပြမည့်ခေါင်းဆောင်တစ်ဦးသည် သင်၏အထဲမှပေါ်ထွန်းလိမ့်မည်' ဟုဟောကြားထားပါသည်'' ဟူ၍လျှောက်ထား ကြ၏။
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
အမျိုးသမီးက ``မေရှိယအရှင်ကြွလာတော် မူမည်ကိုကျွန်မသိပါ၏။ ထိုအရှင်ကြွလာ တော်မူသောအခါ ကျွန်မတို့အားအမှုအရာ ခပ်သိမ်းကိုရှင်းလင်းဖော်ပြတော်မူပါလိမ့်မည်'' ဟုလျှောက်၏။
``သို့ရာတွင်အမြင့်မြတ်ဆုံးသောဘုရား သည် လူတည်ဆောက်သောအိမ်များတွင်ကျိန်း ဝပ်တော်မမူ။ ဟုပရောဖက်ကပြော၏။-
ငါတို့သည်မျက်စိဖြင့်မြင်နိုင်သောအရာ များကိုအာရုံမစိုက်ဘဲမျက်စိဖြင့်မမြင် နိုင်သောအရာများကိုသာအာရုံစိုက်ကြ၏။ မျက်စိဖြင့်မြင်နိုင်သောအရာများသည် ခေတ္တခဏမျှသာတည်၍မျက်စိဖြင့်မမြင် နိုင်သောအရာများမူကားထာဝရစဉ် တည်သတည်း။
ငါတို့၏နေအိမ်ဖြစ်သည့်ကိုယ်ခန္ဓာတည်း ဟူသောယာယီတဲသည်ပျက်လျှင် ကောင်းကင် ဘုံတွင်ဘုရားသခင်ကိုယ်တော်တိုင်ဖန်ဆင်း တော်မူသောနိစ္စထာဝရနေအိမ်ကို ငါတို့ အားပေးသနားတော်မူမည်ဖြစ်ကြောင်းငါ တို့သိကြ၏။-
ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လာကြ သောအခါ သင်တို့ဇာတိသဘောတရားမှ လွတ်မြောက်ခြင်းတည်းဟူသောခရစ်တော်၏ အရေဖျားလှီးမင်္ဂလာကိုခံယူကြပေသည်။ ဤအရေဖျားလှီးမင်္ဂလာကားကာယနှင့် ဆိုင်သောအရေဖျားလှီးခြင်းမဟုတ်။-
ယုဒပညတ်တရားသည်စစ်မှန်သည့်အရာ များ၏ တိကျမှန်ကန်သောပုံတူမဟုတ်ပေ။ သက်ရောက်လတ္တံ့သောကောင်းကျိုးချမ်းသာများ ၏အရိပ်အရောင်မျှကိုသာဖော်ပြပေသည်။ ပညတ်တရားအရနှစ်စဉ်နှစ်တိုင်းယဇ်ကို ပူဇော်ကြရ၏။ သို့ဖြစ်၍ပညတ်တရားသည် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သူတို့အား အဘယ်သို့လျှင်ပြည့်ဝစုံလင်သူများဖြစ် လာစေနိုင်ပါမည်နည်း။-
``နောက်တစ်ကြိမ်'' ဟူသောစကားသည်အဖန် ဆင်းခံအရာအပေါင်းတို့ကိုတုန်လှုပ်ပယ် ဖျက်တော်မူမည်ဖြစ်သဖြင့်မတုန်လှုပ်နိုင် သောအရာတို့သာလျှင်ကျန်ရစ်တည်ရှိ ကြလိမ့်မည်ဟုဆိုလိုသတည်း။
အဘယ်ကြောင့်ဆိုသော်ဤလောက၌ငါတို့ အတွက်တည်မြဲသောမြို့မရှိသောကြောင့် ဖြစ်၏။ ငါတို့ကားနောင်အခါဖြစ်ပေါ်မည့် မြို့ကိုစောင့်မျှော်လျက်နေကြပေသည်။-
ထို့ကြောင့်ကိုယ်တော်သည်လူတို့၏အပြစ်များ ကိုဖြေလွှတ်အံ့သောငှာကရုဏာ၊ သစ္စာနှင့် ပြည့်ဝသည့်ယဇ်ပုရောဟိတ်မင်းအဖြစ်ဖြင့် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်နိုင် ရန် အရာရာ၌မိမိ၏ညီအစ်ကိုများနှင့် တူညီရပေသည်။-
ဘုရားသခင်ရွေးချယ်ခေါ်ယူတော်မူခြင်း ကို ခံရသောသန့်ရှင်းသူညီအစ်ကိုတို့၊ သခင် ယေရှုအကြောင်းကိုစဉ်းစားဆင်ခြင်ကြ လော့။ ငါတို့၏ဘာသာတရားတော်ဆိုင်ရာ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူစေရန် ကိုယ် တော်အားဘုရားသခင်စေလွှတ်တော်မူ၏။-
ငါတို့၏ယဇ်ပုရောဟိတ်မင်းသည်ငါတို့၏ အားနည်းချက်များအတွက်မကြင်နာနိုင်သူ မဟုတ်။ ငါတို့နည်းတူစုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးကိုခံခဲ့ရသူဖြစ်တော်မူ၏။ သို့ ရာတွင်ကိုယ်တော်သည်အပြစ်ဒုစရိုက်နှင့် ကင်းလွတ်တော်မူ၏။-
ဤမေလခိဇေဒက်ကားရှာလင်မင်းဖြစ်၍ အမြင့်မြတ်ဆုံးအရှင်ဖြစ်တော်မူသောဘုရား သခင်၏ယဇ်ပုရောဟိတ်တည်း။ ဘုရင်လေးပါး ကိုနှိမ်နင်းရာတိုက်ပွဲမှအာဗြဟံပြန်လာ သောအခါ သူသည်အာဗြဟံအားခရီးဦး ကြိုပြု၍ကောင်းချီးပေးသူဖြစ်ပေသည်။-
ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။
လူ့ဇာတိကိုခံယူ၍သခင်ယေရှုကြွလာ တော်မူသည်ကိုလက်မခံဘဲ လှည့်ဖြားသော သူအများပင်ကမ္ဘာလောကထဲသို့ရောက်ရှိနေ လေပြီ။ ထိုသို့သောသူသည်လှည့်ဖြားသောသူ၊ ခရစ်တော်၏ရန်သူဖြစ်၏။-