ကောဟတ်၏သားလေးယောက်မှာအာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလတို့ဖြစ်ကြ၏။ ကောဟတ်သည်တစ်ရာသုံးဆယ့်သုံးနှစ် အထိအသက်ရှည်၏။-
ဟေဗြဲ 7:3 - Common Language Bible သူ၏မိဘဘိုးဘေးတို့အကြောင်းမှတ်တမ်း ကိုလည်းကောင်း၊ သူမွေးဖွားသည့်အကြောင်း နှင့်ကွယ်လွန်သည့်အကြောင်းမှတ်တမ်းတို့ကို လည်းကောင်းမတွေ့ရှိရပေ။ သူသည်ဘုရား သခင်၏သားတော်နှင့်တူ၍ ယဇ်ပုရောဟိတ် အရာကိုထာဝစဉ်ရရှိထားသူဖြစ်သတည်း။ Garrad Bible ခ မည်း တော်၊ မယ် တော်၊ မျိုး နွယ် တော် မ ရှိ။ အ သက် အ ရွယ် တော် အ စ အ ဆုံး မ ရှိ။ ဘု ရား သ ခင့် သား တော် ကဲ့ သို့ ပင် ဖြစ် ၍ ပရော ဟိတ် အ ဖြစ် ၌ အ စဉ် တည် နေ၏။ Judson Bible အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက် အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့်တူ၍၊ ယဇ်ပုရောဟိတ်အရာ၌ အစဉ်အမြဲတည်၏။- မြန်မာ့စံမီသမ္မာကျမ်း သူ၌ ဖခင်မရှိ၊ မိခင်မရှိ၊ မျိုးရိုးစဉ်ဆက်မရှိ၊ အသက်တာ၏အစလည်းမရှိ၊ အဆုံးလည်းမရှိ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ဖြစ်လျက် ယဇ်ပုရောဟိတ်အဖြစ် ထာဝစဉ်တည်နေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူ၌ ဖခင်နှင့်မိခင်၊ မျိုးရိုး၊ ဘဝ၏ အစအဆုံး စသည့် မှတ်တမ်းများမရှိပေ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ ထာဝရယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိထားသူဖြစ်၏။ |
ကောဟတ်၏သားလေးယောက်မှာအာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလတို့ဖြစ်ကြ၏။ ကောဟတ်သည်တစ်ရာသုံးဆယ့်သုံးနှစ် အထိအသက်ရှည်၏။-
ဒုတိယလ၊ ပထမနေ့ရက်တွင်ဣသရေလအမျိုးသားအားလုံးကိုစုရုံးလာစေ၍ သားချင်းစုနှင့်မိသားစုအလိုက်စာရင်းကောက်ယူလေသည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိသောအမျိုးသားအားလုံးတို့ကို စာရင်းကောက်၍မှတ်တမ်းတင်လေသည်။ မောရှေသည်သိနာတောကန္တာရထဲတွင်လူများကိုစာရင်းကောက်ယူခဲ့၏။-
ထိုအခါမာရ်နတ်သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်ဘုရားသခင်၏သားတော်မှန် လျှင်ဤကျောက်ခဲများကိုမုန့်ဖြစ်လာစေရန် အမိန့်ပေးတော်မူပါ'' ဟုလျှောက်၏။
သို့ဖြစ်၍ငါတို့သည်မိမိတို့၏ဘာသာတရား ကိုစွဲမြဲစွာဆုပ်ကိုင်ထားကြကုန်အံ့။ အဘယ် ကြောင့်ဆိုသော်ငါတို့၌ဘုရားသခင်၏သား တော်သခင်ယေရှုတည်းဟူသော ကြီးမြတ်သည့် ယဇ်ပုရောဟိတ်မင်းရှိတော်မူသောကြောင့် ဖြစ်၏။ ထိုအရှင်သည်ဘုရားသခင်ရှေ့ တော်မှောက်သို့ကြွဝင်တော်မူသည်။-
ဤမေလခိဇေဒက်ကားရှာလင်မင်းဖြစ်၍ အမြင့်မြတ်ဆုံးအရှင်ဖြစ်တော်မူသောဘုရား သခင်၏ယဇ်ပုရောဟိတ်တည်း။ ဘုရင်လေးပါး ကိုနှိမ်နင်းရာတိုက်ပွဲမှအာဗြဟံပြန်လာ သောအခါ သူသည်အာဗြဟံအားခရီးဦး ကြိုပြု၍ကောင်းချီးပေးသူဖြစ်ပေသည်။-
အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်က``သင် သည်မေလခိဇေဒက်၏အရိုက်အရာကိုဆက် ခံသူထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟုဖော်ပြသောကြောင့်တည်း။-
သို့ဖြစ်၍အာဗြဟံသည်မိမိသိမ်းယူရရှိခဲ့ သည့်ဥစ္စာပစ္စည်းများ၏ဆယ်ပုံတစ်ပုံကိုသူ့အား ပေးလှူ၏။ (မေလခိဇေဒက်ဟူသောနာမည်၏ အနက်အဋ္ဌိပ္ပါယ်မှာ``တရားမင်း'' ဟူ၍ဖြစ်၏။ သူသည်ရှာလင်မြို့၏မင်းလည်းဖြစ်သဖြင့် သူ၏နာမည်သည်``ငြိမ်းချမ်းရေးဘုရင်'' ဟု လည်းအနက်အဋ္ဌိပ္ပါယ်ရလေသည်။-)
မေလခိဇေဒက်သည်လေဝိအနွယ်ဝင်မဟုတ် သော်လည်း အာဗြဟံထံမှဆယ်ဖို့တစ်ဖို့အလှူ ကိုခံယူလျက် ဘုရားသခင်၏ကတိတော် များရရှိထားသူအာဗြဟံကိုကောင်းချီး ပေးခဲ့၏။-