ငါသည်အနှစ်လေးဆယ်တိုင်တိုင်ထိုသူတို့အား အမျက်ထွက်ခဲ့၏။ ``သူတို့သည်လွန်စွာသစ္စာဖောက်သူများပါ တကား။ ငါ၏ပညတ်တို့ကိုလိုက်နာရန်ငြင်းဆန်သူများ ပါတကား'' ဟုငါဆို၏။
ဟေဗြဲ 3:17 - Common Language Bible နှစ်ပေါင်းလေးဆယ်တိုင်တိုင် ဘုရားသခင်၏ အမျက်တော်ရှခြင်းကိုခံရသူတို့ကား အဘယ်သူများနည်း။ ဒုစရိုက်အပြစ်ပြု သဖြင့် တောကန္တာရတွင်လဲ၍သေဆုံးသူ များဖြစ်၏။- Garrad Bible နှစ် ပေါင်း လေး ဆယ် ပတ် လုံး မည် သူ တို့ အ ပေါ်၌ နှ လုံး တော် မ သာ သ နည်း။ ပြစ် မှား သ ဖြင့် သဲ တော တွင် အ သေ ကောင် ဖြစ် နေ သူ တို့ မ ဟုတ် လော။ Judson Bible အနှစ်လေးဆယ်ပတ်လုံး နှစ်သက်တော်မမူသော သူတို့ကား၊ အဘယ်သူနည်း။ ဒုစရိုက်အပြစ်ကို ပြုသောကြောင့် တော၌လဲ၍ သေသောသူပင် မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် အနှစ်လေးဆယ်အတွင်း မည်သူတို့အပေါ် အမျက်ထွက်တော်မူခဲ့သနည်း။ အပြစ်ပြု၍ တောကန္တာရ၌ ခန္ဓာကြွေရသူများအပေါ်မဟုတ်လော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အနှစ်လေးဆယ်အတွင်း ဘုရားသခင် အမျက်ထွက်တော်မူသောသူတို့မှာ မည်သူတို့နည်း။ အပြစ်ကျူးလွန်၍ တောကန္တာရ၌သေသောသူများ မဟုတ်လော။ |
ငါသည်အနှစ်လေးဆယ်တိုင်တိုင်ထိုသူတို့အား အမျက်ထွက်ခဲ့၏။ ``သူတို့သည်လွန်စွာသစ္စာဖောက်သူများပါ တကား။ ငါ၏ပညတ်တို့ကိုလိုက်နာရန်ငြင်းဆန်သူများ ပါတကား'' ဟုငါဆို၏။
လူသေကောင်တို့သည်လယ်ပြင်ရှိနောက်ချေး ပုံများ ကဲ့သို့လည်းကောင်း၊ ရိတ်သိမ်းသူစွန့်ပစ်ထားခဲ့သည့်ကောက်လှိုင်း များ၊ အဘယ်သူမျှမစုမသိမ်းသည့်ကောက်လှိုင်း များ ကဲ့သို့လည်းကောင်းပြန့်ကျဲလျက်နေလိမ့်မည်။ ဤကားငါပြန်ကြားပြောဆိုရန်အတွက် ထာဝရဘုရားမိန့်မှာတော်မူသောစကား ဖြစ်၏'' ဟုဆို၏။
ဤသူတို့အနက်မည်သူမျှထိုပြည်သို့မဝင် ရ။ သူတို့သည်ငါ၏တောက်ပသောဘုန်းအသ ရေတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်နှင့်တော ကန္တာရတွင်ငါပြုခဲ့သောအံ့သြဖွယ်အမှု များကိုလည်းကောင်းတွေ့မြင်ခဲ့ရသော်လည်း သူတို့သည်ငါ့ကိုအကြိမ်ကြိမ်မထီလေးစား ပြု၍ငါ့စကားကိုလည်းနားမထောင်ခဲ့ကြ။-
ယခုသူတို့အားဤသို့ပြန်ပြောလော့။ `ငါ ထာဝရဘုရားသည်ငါ့ကိုယ်ကိုတိုင်တည်၍ သင်တို့တောင်းဆိုသည့်အတိုင်းငါပြုမည်။-
သင်တို့သည်တောကန္တာရ၌ပင်သေဆုံး ကြလိမ့်မည်။ ဤတောသည်သင်တို့၏သင်္ချိုင်း ဖြစ်လိမ့်မည်။ သင်တို့သည်ငါ့ကိုအပြစ်တင် ညည်းညူကြသောကြောင့် အသက်နှစ်ဆယ် ကျော်သူတစ်ယောက်မျှထိုပြည်သို့ မဝင်ရ။-
ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ကယ်ဆယ်ကာအီဂျစ်ပြည်မှ ထုတ်ဆောင်လာတော်မူပြီးနောက် မိမိအား မယုံကြည်မကိုးစားသူတို့ကိုဆုံးပါး ပျက်စီးစေတော်မူကြောင်းကို သင်တို့သိရှိ ကြပြီးဖြစ်သော်လည်းသင်တို့အားငါ ပြန်လည်သတိရစေလို၏။-