Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယု​ဒ 1:5 - Common Language Bible

5 ထာ​ဝ​ရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား ကယ်​ဆယ်​ကာ​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​တော်​မူ​ပြီး​နောက် မိ​မိ​အား မ​ယုံ​ကြည်​မ​ကိုး​စား​သူ​တို့​ကို​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​ကြောင်း​ကို သင်​တို့​သိ​ရှိ ကြ​ပြီး​ဖြစ်​သော်​လည်း​သင်​တို့​အား​ငါ ပြန်​လည်​သ​တိ​ရ​စေ​လို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ငါ သ တိ ပေး လို သည့် အ ကြောင်း မှာ အ ထက် က အ စုံ အ လင် သင် တို့ သိ ခဲ့ ကြ သည့် အ တိုင်း ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ကို အိ ဂျစ် ပြည် ထဲ က ကယ် လွှတ် ပြီး လျှင် နောက် တစ် ဖန် မ ယုံ ကြည် သူ တို့ ကို ဖျက် ဆီး တော် မူ ကြောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ထို​ကြောင့် သင်​တို့​သည် သိ​နှင့်​သော်​လည်း ငါ​သည် သ​တိ​ပေး၍ ပြော​ချင်​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​လွှတ်​တော်​မူ​ပြီး​လျှင်၊ မ​ယုံ​ကြည်​သော သူ​တို့​ကို တစ်​ဖန် ဖျက်​ဆီး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သင်​တို့​သည် ဤ​အရာ​အားလုံး​ကို​သိ​ကြ​ပြီ​ဖြစ်​သော်လည်း သင်​တို့​ကို ငါ​သတိပေး​နှိုးဆော်​လို​သည်​မှာ ထာဝရ​ဘုရား​သည် လူမျိုး​တော်​ကို အီဂျစ်​ပြည်​မှ အပြီးအပိုင်​ကယ်လွှတ်​တော်မူ​ပြီးနောက် မ​ယုံကြည်​သော​သူ​တို့​ကို တစ်ဖန်​ဖျက်ဆီး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ဤ​အရာ​အားလုံး​ကို သင်တို့​သိပြီး​သော်လည်း သင်တို့​အား ကျွန်ုပ်​သတိပေး​လို၏။ တစ်ချိန်​က သခင်ဘုရား​သည် အစ္စရေးလူမျိုးတို့​ကို အီဂျစ်ပြည်​မှ ကယ်နုတ်ခဲ့​ပြီးနောက် မယုံကြည်သောသူများ​ကို ဖျက်ဆီးတော်မူခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယု​ဒ 1:5
14 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​တော ကန္တာ​ရ​တွင် သေ​စေ​မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သူ​တို့​၏​သား​မြေး​များ​အား​ဘု​ရား​မဲ့​သူ​တို့ ထံ​တွင် ကွဲ​လွင့်​စေ​လျက်​တိုင်း​တစ်​ပါး​တွင် သေ​စေ​မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း ကြပ်​တည်း​စွာ သ​တိ​ပေး​တော်​မူ​၏။


ထို​နေ့​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။


သို့​သော်​ဤ​စာ​တွင်​အ​ချို့​အ​မှု​ကိစ္စ​များ​နှင့် ပတ်​သက်​၍​သင်​တို့​အား​သ​တိ​ပေး​ရာ​၌ ငါ သည်​ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော အ​ခွင့်​ထူး​ကို​အ​ကြောင်း​ပြု​၍​ရဲ​တင်း ပွင့်​လင်း​စွာ​ရေး​သား​ထား​၏။-


ယင်း​သို့​ငါ​ပြော​သော်​လည်း သင်​တို့​သည်​ည အ​ချိန်​၌​မီး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း၊ နေ့ အ​ချိန်​၌​မိုး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း သင် တို့​ကို​ရှေ့​က​ကြွ​သွား​၍​လမ်း​ပြ​လျက် သင်​တို့ စ​ခန်း​ချ​ရာ​နေ​ရာ​ကို​ရှာ​ပေး​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​အား​မ​ယုံ​ကြည်​မ​ကိုး စား​ကြ။''


ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို​ကြား​ကြ​ပြီး မှ ကိုယ်​တော်​ကို​ပုန်​ကန်​ကြ​သူ​များ​ကား​အ​ဘယ် သူ​တို့​နည်း။ ထို​သူ​တို့​ကား​အီ​ဂျစ်​ပြည်​မှ မော​ရှေ ထုတ်​ဆောင်​လာ​သော​သူ​အ​ပေါင်း​တို့​ဖြစ်​ပေ သည်။-


ငါ​၏​ချစ်​ဆွေ​တို့၊ ဤ​စာ​သည်​သင်​တို့​ထံ​သို့ ဒု​တိ​ယ​အ​ကြိမ်​ငါ​ရေး​လိုက်​သော​စာ​ဖြစ်​၏။ ငါ​သည်​ဤ​စာ​နှစ်​စောင်​လုံး​၌​မြင့်​မြတ် သန့်​ရှင်း​သူ​ပ​ရော​ဖက်​များ အ​ခါ​တစ်​ပါး​က ဟော​ကြား​ခဲ့​သည့်​စ​ကား​များ​ကို​လည်း​ကောင်း၊ သင်​တို့​၏​တ​မန်​တော်​များ​မှ​တစ်​ဆင့်​ပေး​အပ် ခဲ့​သည့်​ကယ်​တင်​ရှင်​သ​ခင်​ဘု​ရား​၏​ပ​ညတ် တော်​ကို​လည်း​ကောင်း သင်​တို့​ကြည်​လင်​သော ဉာဏ်​ဖြင့်​နား​လည်​စေ​ရန်​ယင်း​တို့​ကို​ပြန် လည်​သ​တိ​ရ​စေ​၏။-


သို့​ရာ​တွင်​ခ​ရစ်​တော်​သည်​သင်​တို့​အ​ပေါ်​သန့် ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း​တော်​မူ သည်​ဖြစ်​၍ သင်​တို့​အ​ပေါင်း​သည်​သမ္မာ​တ​ရား ကို​သိ​ကြ​ပေ​သည်။-


သင်​တို့​ထံ​ငါ​စာ​ရေး​ရ​ခြင်း​အ​ကြောင်း​မှာ သမ္မာ​တ​ရား​ကို​သင်​တို့​မ​သိ​ကြ​၍​မ​ဟုတ်။ သမ္မာ​တ​ရား​ကို​လည်း​ကောင်း၊ မု​သား​စ​ကား သည် သမ္မာ​တ​ရား​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင် သည်​ကို​လည်း​ကောင်း​သင်​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ