တောလည် 14:29 - Common Language Bible29 သင်တို့သည်တောကန္တာရ၌ပင်သေဆုံး ကြလိမ့်မည်။ ဤတောသည်သင်တို့၏သင်္ချိုင်း ဖြစ်လိမ့်မည်။ သင်တို့သည်ငါ့ကိုအပြစ်တင် ညည်းညူကြသောကြောင့် အသက်နှစ်ဆယ် ကျော်သူတစ်ယောက်မျှထိုပြည်သို့ မဝင်ရ။- အခန်းကိုကြည့်ပါ။Garrad Bible29-30 ယေ ဖု န္နာ့ သား ကာ လက်၊ နုန့် သား ယော ရှု တို့ ကို ချန် ထား လျက် ငါ့ ကို ညည်း ညူ ကြ သော အ သက် နှစ် ဆယ် ကျော်၊ ရေ တွက် ၍ စာ ရင်း ဝင် သူ အ ပေါင်း တို့ သည် နေ ထိုင် ခွင့် ပေး မည် ဟု လက် ရုံး မြှောက် ကာ ငါ သ စ္စာ ဆို ခဲ့ သော ပြည် သို့ ဝင် ရောက် ခွင့် မ ရ ဘဲ ဤ သဲ တော တွင် အ သေ ကောင် ဖြစ် နေ ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible29 သင်တို့ကိုရေတွက်၍ စာရင်းယူသည်အတိုင်း၊ အသက်နှစ်ဆယ်လွန်သောသူ၊ ငါ့ကိုအပြစ်တင်၍ မြည်တမ်းသောသူအပေါင်းတို့သည် သေ၍ ဤတော၌ အသေကောင်ဖြစ်လျက် နေရစ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 စာရင်းကောက်ရာတွင် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စာရင်းဝင်သောသူရှိသမျှတို့သည် ငါ့ကို အပြစ်တင်ကြသည်ဖြစ်၍ ဤတောကန္တာရထဲ၌ သူတို့၏အလောင်းကောင်များ ကျန်ရစ်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်တို့အနက်ပုန်ကန်သူများနှင့်တော်လှန် သူများကိုဖယ်ရှားပစ်မည်။ သူတို့ကိုမိမိ တို့ယခုနေထိုင်ရာပြည်များမှထွက်သွား စေမည်။ သို့ရာတွင်ဣသရေလပြည်သို့ပြန် လာခွင့်ပြုမည်မဟုတ်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။