``ဘုရားသခင်သည်ငါ၏ကယ်တင်ရှင်ဖြစ် တော်မူ၏။ ငါသည်ကိုယ်တော်အားကြောက်လန့်၍မနေဘဲ ယုံကြည်ကိုးစားမည်။ ထာဝရဘုရားသည်ငါ့အားတန်ခိုးနှင့် ခွန်အားကို ပေးတော်မူသောအရှင်ဖြစ်ပါ၏။ ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်တည်း။
ဟေဗြဲ 2:3 - Common Language Bible ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရား တော်ကိုငါတို့ဂရုမစိုက်ဘဲနေကြပါမူ အဘယ်သို့လျှင်ငါတို့သည်အပြစ်ဒဏ် စီရင်ခြင်းနှင့်ကင်းလွတ်နိုင်ကြပါမည်နည်း။ ထိုကယ်တင်ခြင်းတရားတော်ကိုသခင် ဘုရားကိုယ်တော်တိုင် ဦးစွာပထမဟော ကြားတော်မူ၍ကြားနာရသူတို့ကငါ တို့အား ထိုတရားတော်မှန်ကန်ကြောင်းကို သက်သေပြခဲ့ကြ၏။- Garrad Bible ဤ မျှ လောက် ကြီး မြတ် သော ကယ် တင် ခြင်း သ တင်း တော် ကို ဂ ရု မ ပြု လျှင် ငါ တို့ သည် မည် သို့ ဘေး လွတ် ကြ အံ့ နည်း။ ထို သ တင်း တော် ကို အ စ က အ ရှင် ဘု ရား ကြား ပြော တော် မူ ပြီး နောက် ငါ တို့၌ ကြား နာ သူ တို့ တည် မြဲ စေ ကြ သည့် ပြင်၊ Judson Bible အစအဦး၌ သခင်ဘုရားဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသောသူတို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အားဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက် ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။- မြန်မာ့စံမီသမ္မာကျမ်း ဤမျှလောက်ကြီးမြတ်သောကယ်တင်ခြင်းကို လျစ်လျူရှုပါက ငါတို့သည် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။ သခင်ဘုရားက ပထမဦးစွာ ဟောပြောတော်မူသော ဤကယ်တင်ခြင်းတရားသည် ကြားနာသောသူတို့မှတစ်ဆင့် ငါတို့ထံ၌ အတည်ပြုခြင်းခံရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရားကို ကျွန်ုပ်တို့ လျစ်လျူရှုပါက အပြစ်ဒဏ်မှ မည်သို့လွတ်မြောက်နိုင်ကြမည်နည်း။ ဤကယ်တင်ခြင်းတရားကို သခင်ဘုရားကိုယ်တိုင် ဦးစွာ ဟောတော်မူပြီးနောက် ကြားနာသူများက ကျွန်ုပ်တို့အား ထိုတရားတော်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ကြ၏။ |
``ဘုရားသခင်သည်ငါ၏ကယ်တင်ရှင်ဖြစ် တော်မူ၏။ ငါသည်ကိုယ်တော်အားကြောက်လန့်၍မနေဘဲ ယုံကြည်ကိုးစားမည်။ ထာဝရဘုရားသည်ငါ့အားတန်ခိုးနှင့် ခွန်အားကို ပေးတော်မူသောအရှင်ဖြစ်ပါ၏။ ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်တည်း။
ထိုအချိန်ကာလကျရောက်လာသောအခါ ဖိလိတ္တိကမ်းခြေတွင်နေထိုင်ကြသူတို့သည်``ငါ တို့အားအာရှုရိဘုရင်၏ဘေးမှကာကွယ်စောင့် ရှောက်ရန် ငါတို့မှီခိုအားကိုးခဲ့သည့်လူတို့၏ ဖြစ်အင်ကိုကြည့်ကြလော့။ ငါတို့သည်အဘယ် သို့လျှင်အသက်မသေဘဲကျန်ရှိနိုင်ကြပါ မည်နည်း'' ဟုဆိုကြလိမ့်မည်။
ငါသည်လျင်မြန်စွာလာ၍သူတို့အားကယ်တင်မည်။ ငါအောင်ပွဲခံရန်အချိန်သည်နီးကပ်၍လာလေပြီ။ လူမျိုးတကာတို့အားငါကိုယ်တိုင်ပင် အုပ်စိုးတော်မူမည်။ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတို့သည် ငါလာမည်ကိုစောင့်မျှော်လျက်ရှိ၏။ မိမိတို့အားကယ်တင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့်၊သူတို့သည်ငါ့ကို စောင့်မျှော်လျက်နေကြ၏။
ထိုသို့သောလူတို့သည်ပိုးကိုက်သည့်အဝတ် ကဲ့သို့ပျောက်ကွယ်၍သွားလိမ့်မည်။ သို့ရာတွင်ငါ၏ဖြောင့်မတ်ခြင်းကားထာဝစဉ် တည်လိမ့်မည်။ ငါ၏ကယ်တင်ခြင်းတန်ခိုးသည်လည်းကာလ အစဉ်အဆက်တည်လိမ့်မည်'' ဟုမိန့်တော်မူ၏။
``သင်တို့၏ကယ်တင်ရှင်ထာဝရဘုရား သည် မိမိကယ်တင်တော်မူခဲ့သည့်လူတို့ကို ခေါ်ဆောင်ကာ ကြွလာတော်မူလိမ့်မည်'' ဟု ယေရုရှလင်မြို့သားတို့အားပြောပြကြရန်၊ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့အားထာဝရ ဘုရား ကြေညာလျက်နေတော်မူပါ၏။
သို့သော်လည်းယုဒဘုရင်သည်ပုန်ကန်ထ ကြွလျက် မြင်းနှင့်စစ်သည်အမြောက်အမြား ကိုစစ်ကူရရှိရန် အီဂျစ်ပြည်သို့သံတမန် များကိုစေလွှတ်လေသည်။ သူ၏အကြံထ မြောက်သလော။ ဘေးလွတ်မည်လော။ ငြိမ်း ချမ်းရေးစာချုပ်ကိုချိုးဖောက်ပြီးနောက် အပြစ်ပေးခြင်းကိုမခံရဘဲနေမည် လော။
ထိုမင်းသည်မိမိကျိန်ဆိုခဲ့သည့်ကျမ်းသစ္စာ ကိုမလေးစားဘဲ၊ မိမိချုပ်ဆိုခဲ့သည့်ငြိမ်း ချမ်းရေးစာချုပ်ကိုလည်းကောင်းချိုးဖောက်၏။ သူသည်ကတိသစ္စာကျိန်ဆိုပြီးသော်လည်း ဤအမှုတို့ကိုပြုသဖြင့်သူသည်ယခု အသက်ချမ်းသာရာရမည်မဟုတ်'' ဟူ၍ တည်း။
အချင်းမြွေဆိုးများနှင့်မြွေဆိုး၏သားမြေး တို့၊ သင်တို့သည်ငရဲသို့လားရမည့်ဘေးဒဏ် မှအဘယ်သို့လွတ်နိုင်ကြပါမည်နည်း။-
ထိုအခါမှစ၍သခင်ယေရှုသည် ``နောင်တရ ကြလော့။ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ'' ဟုဟောကြားတော်မူ၏။
ယောဟန်အကျဉ်းခံရပြီးနောက်သခင်ယေရှုသည် ဂါလိလဲပြည်သို့ကြွလာ၍ ``ချိန်းချက်တော်မူရာ အချိန်ကျပြီ။ ဘုရားသခင်၏နိုင်ငံတော်တည် လုနီးပြီ။ နောင်တရ၍သတင်းကောင်းကိုခံယူ ယုံကြည်ကြလော့'' ဟုဘုရားသခင်ထံမှ သတင်းကောင်းကိုဟောပြောတော်မူ၏။
ထိုအကြောင်းအရာများကိုမျက်မြင်သက်သေ များဖြစ်၍ သခင်ယေရှုအကြောင်းသတင်းကောင်း ကိုဟောပြောသူတို့၏ပြောကြားချက်အရကျမ်း ပြုပ္ဂိုလ်တို့ကရေးသားပြုစုခဲ့ကြပါသည်။-
ကိုယ်တော်၏အစေခံဒါဝိဒ်အမျိုးအနွယ်တွင် တန်ခိုးကြီးမားသော၊ကယ်တင်ရှင်ကို ပေါ်ထွန်းစေတော်မူပြီ။
ကိုယ်တော်က ``အဘယ်အမှုအရာများနည်း'' ဟုမေးတော်မူ၏။ ထိုသူနှစ်ဦးက ``နာဇရက်မြို့သားယေရှုနှင့် သက်ဆိုင်သောအမှုအရာများပင်ဖြစ်ပါ၏။ ထိုသူသည်ဘုရားသခင်နှင့်လူအပေါင်း တို့၏ရှေ့တွင်လက်သတ္တိ၊ နှုတ်သတ္တိနှင့်ပြည့်စုံ သောပရောဖက်ဖြစ်ပါ၏။-
သင်တို့သည်လည်းအစကပင်ငါနှင့်အတူ ရှိနေသောကြောင့် ငါ၏အကြောင်းကိုပြော ကြားရကြလိမ့်မည်။''
``အို ဣသရေလအမျိုးသားတို့၊ ငါ့စကား ကိုနားထောင်ကြလော့။ ဘုရားသခင်သည်ထူး ဆန်းအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များကို နာဇရက်မြို့သားယေရှုအားဖြင့်ပြ တော်မူခဲ့၏။ သို့ဖြစ်၍ထိုအရှင်သည်ဘုရား သခင်၏တန်ခိုးအာဏာတော်နှင့်ပြည့်ဝသူ ဖြစ်ကြောင်းသိသာထင်ရှားပေသည်။ ထိုအဖြစ် အပျက်များမှာသင်တို့ရှေ့မှောက်တွင်ဖြစ်ပျက် ခဲ့သဖြင့် ယင်းတို့ကိုသင်တို့ကိုယ်တိုင်သိရှိ ကြသည်။-
ထိုအရှင်တစ်ပါးတည်းသာလျှင်ကယ်တင် နိုင်၏။ ကမ္ဘာပေါ်တွင်ထိုအရှင်မှတစ်ပါး ငါ တို့ကိုကယ်တင်နိုင်သူတစ်စုံတစ်ယောက်မျှ မရှိ'' ဟုသူတို့အားပြန်လည်ဖြေကြားလေ၏။
ငါသည်မိမိ၏အမျိုးသားများအားမနာ လိုစိတ်ကိုရှိစေခြင်းအားဖြင့် ၎င်းတို့အထဲ မှအချို့တို့သည်ကယ်တင်ခြင်းကိုရကောင်း ရလိမ့်မည်။-
သို့သော်လည်းမိတ်ဆွေ၊ သင်ကသူတစ်ပါး အားအပြစ်စီရင်သည့်အပြစ်မျိုးကို သင် ကိုယ်တိုင်ပင်ကူးလွန်လျက်နေပါသည် တကား။ သင်သည်ဘုရားသခင်၏အပြစ် စီရင်ခြင်းနှင့်ကင်းလွတ်လိမ့်မည်ဟုထင် မှတ်ပါသလော။-
လူသည်မိမိကိုယ်ပိုင်ဉာဏ်ဖြင့်ဘုရားသခင် အားမသိနိုင်စေရန် ကိုယ်တော်သည်ရွှေဉာဏ် တော်ဖြင့်စီမံထားတော်မူ၏။ အချည်းနှီးသော တရားဖြစ်သည်ဟုလူတို့ထင်မှတ်သောငါ တို့ကြေညာသည့်သတင်းကောင်းအားဖြင့် ဘုရားသခင်သည်မိမိကိုယုံကြည်သူတို့ အားကယ်တင်တော်မူရန်စီမံတော်မူပေသည်။-
``အန္တရာယ်ကင်းလျက်သာယာသည်'' ဟုလူတို့ ပြောဆိုကြသောအခါ၌ကိုယ်ဝန်ဆောင်အမျိုး သမီးအပေါ်သို့သားဖွားခြင်းဝေဒနာရုတ် တရက်ကျရောက်လာသကဲ့သို့ လူတို့အပေါ် သို့ဘေးအန္တရာယ်ကျရောက်လာလိမ့်မည်။-
ဤလောကသို့ခရစ်တော်ယေရှုကြွလာတော် မူသည်မှာအပြစ်ကူးသူတို့အား ကယ်တင်ရန် ဖြစ်၏ဟူသောစကားသည်သစ္စာစကားဖြစ်၍ ခြွင်းချက်မရှိလက်ခံယုံကြည်ရပေမည်။ ငါ သည်အပြစ်ကူးသူတို့တွင်အဆိုးဆုံးဖြစ်၏။-
ဘုရားသခင်သည်လူသားအပေါင်းတို့အား ကယ်တင်ရန်အတွက် မိမိ၏ကျေးဇူးတော်ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။-
အတိတ်ကာလ၌ဘုရားသခင်သည်ငါတို့ ဘိုးဘေးတို့အားအကြိမ်ပေါင်းများစွာ နည်း အမျိုးမျိုးဖြင့်ပရောဖက်များမှတစ်ဆင့် ဗျာဒိတ်ပေးတော်မူ၏။-
ထိုသို့ဖြစ်ပါမူ၊ ကောင်းကင်တမန်များမှာ အဘယ်သို့သောသူများနည်း။ သူတို့သည် ကယ်တင်ခြင်းခံရမည့်သူတို့အားကူညီ မစရန် ဘုရားသခင်စေလွှတ်တော်မူသည့် အစေခံဝိညာဉ်များဖြစ်ပေသည်။
သို့ရာတွင်ဤနောက်ဆုံးသောကာလ၌ သားတော်အားဖြင့်ငါတို့အားဗျာဒိတ် ပေးတော်မူသည်။ သားတော်အားဖြင့်စကြ ဝဠာကိုဖန်ဆင်းတော်မူ၍ နောက်ဆုံး၌ အလုံးစုံကိုပိုင်သစေရန်သားတော်ကို ခန့်ထားတော်မူသည်။-
ထိုကြောင့်သင်တို့သည်မိန့်တော်မူသံကို ကြားနာရန်ငြင်းဆန်သူများမဖြစ်စေရန် သတိပြုကြလော့။ ဗျာဒိတ်တော်ကိုဆင့် ဆိုသောသူကိုကမ္ဘာမြေကြီးပေါ်တွင်နား ထောင်ရန်ငြင်းဆန်သူတို့သည်အပြစ်ဒဏ် ခံကြရလျှင် ငါတို့သည်ကောင်းကင်ဘုံမှ မိန့်တော်မူသောအရှင်အားကျောခိုင်းကြ မည်ဆိုပါမူအဘယ်သို့လျှင်အပြစ် ဒဏ်မှလွတ်မြောက်နိုင်ပါမည်နည်း။-
ငြိမ်ဝပ်ချမ်းသာခံစားခွင့်ကိုငါတို့အား ဘုရားသခင်ပေးတော်မူမည်ဟုကတိ တော်ရှိ၏။ သင်တို့အနက်တစ်စုံတစ်ယောက် မျှ ယင်းငြိမ်ဝပ်ရာချမ်းသာကိုလက်မလွတ် စေရန်သတိပြုကြလော့။-
သို့ဖြစ်၍မယုံကြည်သဖြင့်ငြိမ်ဝပ်ရာချမ်း သာကိုမရရှိသောသူတို့ကဲ့သို့ မည်သူမျှ မဖြစ်စေဘဲငြိမ်ဝပ်ရာချမ်းသာကိုရရှိ နိုင်ရန်ငါတို့သည်အစွမ်းကုန်ကြိုးစား ကြစို့။
ကိုယ်တော်သည်ပြီးပြည့်စုံလင်ခြင်းသို့ရောက် သောအခါ မိမိကိုနာခံသောသူအပေါင်း တို့၏ထာဝရကယ်တင်ခြင်းအရှင်ဖြစ် လာတော်မူ၍၊-
ထိုနည်းတူစွာခရစ်တော်သည်လည်းလူအများ ၏အပြစ်ကိုဖြေလွှတ်ရန်အတွက် မိမိ၏ကိုယ် ကိုတစ်ကြိမ်တည်းတင်လှူပူဇော်တော်မူသည်။ အပြစ်ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းရန် မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသူတို့အား ကယ်တင်တော်မူရန် ကိုယ်တော်သည်ဒုတိယ အကြိမ်ကြွလာတော်မူပေအံ့။
အသက်တော်တည်းဟူသောနှုတ်ကပတ်တော် အကြောင်းကိုငါတို့စာရေးလိုက်၏။ ထိုနှုတ် ကပတ်တော်သည်အစမူလကတည်းကပင် ရှိနေတော်မူခဲ့၏။ ထိုနှုတ်ကပတ်တော်ကို ငါတို့ကြားခဲ့ကြ၏။ ငါတို့ကိုယ်တိုင်မျက်စိ ဖြင့်မြင်ခဲ့ကြ၏။ ငါတို့လက်ဖြင့်စမ်းသပ် ကြည့်ရှုခဲ့ကြ၏။-
သို့ရာတွင်ချစ်ဆွေတို့၊ ငါတို့အရှင်သခင် ယေရှုခရစ်၏တမန်တော်များက၊-
သူတို့က``ကယ်တင်ခြင်းကျေးဇူးသည်ပလ္လင် တော်ပေါ်မှာစံတော်မူသော ငါတို့ဘုရား သခင်နှင့်သိုးသူငယ်တော်ထံမှသက်ရောက် လာ၏'' ဟုကြီးသောအသံနှင့်ကြွေးကြော် ကြ၏။-