ဟေဗြဲ 4:11 - Common Language Bible11 သို့ဖြစ်၍မယုံကြည်သဖြင့်ငြိမ်ဝပ်ရာချမ်း သာကိုမရရှိသောသူတို့ကဲ့သို့ မည်သူမျှ မဖြစ်စေဘဲငြိမ်ဝပ်ရာချမ်းသာကိုရရှိ နိုင်ရန်ငါတို့သည်အစွမ်းကုန်ကြိုးစား ကြစို့။ အခန်းကိုကြည့်ပါ။Garrad Bible11 ထို ကြောင့် ဆို ခဲ့ သော မ လိုက် နာ ခြင်း ပုံ စံ အ တိုင်း တစ် ယောက် ယောက် က ပြို လဲ မည် စိုး၍ ထို ငြိမ် ဝပ် ရာ ချမ်း သာ ကို ဝင် စား ခြင်း ငှာ လုံ့ လ ထုတ် ကြ ကုန် အံ့။ အခန်းကိုကြည့်ပါ။Judson Bible11 ထိုကြောင့်၊ ဣသရေလလူတို့သည် မယုံကြည်သော စိတ်ရှိသဖြင့် လဲသကဲ့သို့ ငါတို့သည်မလဲ၊ ထိုချမ်းသာထဲသို့ ဝင်ရမည်အကြောင်း ကြိုးစားအားထုတ်ကြကုန်အံ့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ထို့ကြောင့် သူတို့၏မနာခံမှုပုံစံကိုလိုက်၍ ပြိုလဲမည့်သူတစ်စုံတစ်ဦးမျှမရှိဘဲ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်နိုင်မည့်အကြောင်း ငါတို့ကြိုးစားအားထုတ်ကြကုန်စို့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း11 ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုစံမြန်းနားခိုရာနေရာသို့ ဝင်ရန် ကြိုးစားကြစို့။ ထိုသို့မဟုတ်လျှင် တစ်ချိန်က အစ္စရေးလူမျိုးတို့သည် မနာခံသောကြောင့် ထိုစံမြန်းနားခိုရာနေရာသို့ မဝင်နိုင်ကြသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဝင်နိုင်ကြမည် မဟုတ်။ အခန်းကိုကြည့်ပါ။ |
ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။
သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့နှင့်ငါရှိစဉ်အခါ ကသင်တို့သည်ငါ့စကားကိုအစဉ်နားထောင်ခဲ့ ကြသည်နည်းတူ ယခုလည်းငါနှင့်ဝေးကွာလျက် နေချိန်၌ငါ့စကားကိုနားထောင်ရန်ပို၍ ပင်အရေးကြီးပေသည်။ ဘုရားသခင်၏အကြံ တော်အတိုင်းလိုက်လျှောက်လိုသောစိတ်နှင့်လိုက် လျှောက်နိုင်သောစွမ်းအားကို သင်တို့အထဲ၌ အစဉ်ပြုပြင်လျက်ရှိသည်ဖြစ်၍သင်တို့သည် ကယ်တင်ခြင်းခံရစိမ့်သောငှာ ကြောက်ရွံ့ တုန်လှုပ်သောစိတ်နှင့်လုပ်ဆောင်လျက်နေ ကြလော့။
အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-
သူတို့သည်ယင်းသို့ထောက်လှမ်းပြီးနောက် ယောရှုထံသို့ပြန်လာပြီးလျှင်``အာဣမြို့ ကိုအကျွန်ုပ်တို့အားလုံးချီတက်တိုက်ခိုက် ရန်မလိုပါ။ လူနှစ်ထောင်သုံးထောင်ခန့်စေ လွှတ်လျှင်လုံလောက်ပါ၏။ စစ်တပ်တစ်တပ် လုံးစေလွှတ်ရန်မလိုအပ်ပါ။ ထိုမြို့သည် မြို့ကြီးမဟုတ်ပါ'' ဟူ၍ပြန်ကြားကြ လေသည်။-