ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကို ခံရ၏။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာ ရှိသနည်း။
ဟောရှေ 4:9 - Common Language Bible သင်တို့သည်ပြည်သားများနည်းတူအပြစ် ဒဏ်ခံရမည်။ ငါသည်သင်တို့ကိုဒဏ်ခတ် မည်။ သင်တို့၏ဒုစရိုက်အကျိုးဆက်ကို ခံစေမည်။- Garrad Bible ပ ရော ဟိတ် စ ရိုက် ပ ရိ သတ် လိုက် သ ဖြင့်၊ ငါ သည် အ လေ့ အ လာ အ တွက် ဒဏ် ခတ် လျက်၊ အ ပြု အ ကျင့် အ တိုင်း ဆပ် ပေး မည်။ Judson Bible ထိုကြောင့်၊ လူတို့၌ဖြစ်သကဲ့သို့ ယဇ်ပုရောဟိတ်၌ ဖြစ်လိမ့်မည်။ သူတို့အကျင့်များကို ငါစစ်ကြော၍၊ အသီးအသီး ပြုမူသမျှအတိုင်း အကျိုးအပြစ်ကို ပေးမည်။ မြန်မာ့စံမီသမ္မာကျမ်း လူမျိုးတော်ခံရသကဲ့သို့ ယဇ်ပုရောဟိတ်လည်း ခံရမည်။ သူတို့လျှောက်သောလမ်းအတိုင်း သူတို့ကို ငါဒဏ်ခတ်မည်။ သူတို့၏အပြုအမူအတိုင်း သူတို့ကို ငါပြန်ပေးဆပ်စေမည်။ |
ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကို ခံရ၏။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာ ရှိသနည်း။
အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည်။
ယဇ်ပုရောဟိတ်နှင့်ပြည်သူ၊ ကျွန်နှင့်သခင်၊ ဝယ်သူနှင့်ရောင်းသူ၊ ချေးသူနှင့်ငှားသူ၊ ချမ်း သာသူနှင့်ဆင်းရဲသူ၊ ရှိရှိသမျှသောလူ တို့သည်ကံကြမ္မာတစ်မျိုးတစ်စားတည်း နှင့်ကြုံတွေ့ရကြလိမ့်မည်။-
သူတော်ကောင်းတို့သည်မင်္ဂလာရှိလိမ့်မည်။ သူ တို့အတွက်အစစအရာရာအဆင်ပြေလိမ့် မည်။ သူတို့သည်မိမိတို့၏အကျင့်အကြံ အပြုအမူများ၏ကောင်းကျိုးကိုခံစားရ ကြလိမ့်မည်။-
ပရောဖက်တို့သည်မှန်သောစကားကိုမပြောကြ။ ယဇ်ပုရောဟိတ်တို့သည်ပရောဖက်အမိန့်ပေးသည်အတိုင်းအုပ်စိုးကြ၏။ ငါ၏လူမျိုးတော်ကလည်းဤသို့ပြုကျင့်မှုတို့ကိုမကန့်ကွက်ကြ။ သို့ရာတွင်သူတို့သည်နောက်ဆုံးတစ်နေ့၌အဘယ်သို့ပြုကြမည်နည်း။
ထာဝရဘုရားကငါ့အားရုပ်တုများကိုကိုး ကွယ်သူဣသရေလအမျိုးသားတို့နှင့်အတူ ငါ့အားစွန့်ပယ်ကြသောလေဝိအနွယ်ဝင် တို့သည်အပြစ်ပေးခြင်းကိုခံရကြမည်။-
သို့ရာတွင်သူတို့သည်ဣသရေလအမျိုးသား တို့အားရုပ်တုကိုးကွယ်မှုတွင်ဦးစီးခေါင်း ဆောင်ပြုကာအပြစ်ကူးလွန်စေခဲ့ကြသဖြင့် အပြစ်ဒဏ်ခံရကြမည်ဖြစ်ကြောင်းငါ အရှင်ထာဝရဘုရားသည်ကျိန်ဆို၏။-
ထာဝရဘုရားကဟောရှေအား``သင်၏သား ကို`ယေဇရေလ' ဟုနာမည်မှည့်လော့၊ အဘယ် ကြောင့်ဆိုသော်ဣသရေလဘုရင်၏ဘိုးတော် ယေဟုသည် ယေဇရေလမြို့တွင်သတ်ဖြတ် လုပ်ကြံခဲ့သည့်လူသတ်မှုများအတွက် ငါ သည်ဣသရေလဘုရင်ကိုဒဏ်ခတ်မည်။ ယေဟုမင်းဆက်ကိုတိမ်ကောစေမည်။-
အပြစ်ကူးလွန်သောဤသူတို့ကို တိုက်ခိုက် ၍ဆုံးမမည်။ အခြားနိုင်ငံများသည်စုပေါင်း ၍သူတို့ကိုတိုက်ခိုက်သဖြင့် သူတို့သည်မိမိ တို့၏များပြားသောအပြစ်များအတွက် ဒဏ်ခတ်ခြင်းခံကြရတော့မည်။
ထာဝရဘုရားသည်ယုဒပြည်သားတို့ ကိုစွဲချက်တင်တော်မူ၏။ ဣသရေလကို လည်းသူတို့၏အကျင့်ကြောင့်ဒဏ်ခတ် တော်မူမည်။ ကိုယ်တော်သည်သူတို့၏အပြု အမူအတိုင်းအကျိုးအပြစ်ကိုဆပ်ပေး မည်။-
သူတို့၏ဘိုးဘေးဖြစ်သောယာကုပ်သည် အမိဝမ်းတွင်း၌ရှိစဉ်ကပင် အမြွှာအစ်ကို ဧသောနှင့်ရန်ဘက်ပြုခဲ့၏။ ယာကုပ်သည် ကြီးပြင်းလာသောအခါ ဘုရားသခင်ကို ဆန့်ကျင်၍ရန်ဘက်ပြုခဲ့၏။-
ငါသည်သူတို့ပြုသောဒုစရိုက်များကို မှတ်သားထားကြောင်းသူတို့မရိပ်မိကြ။ သူတို့၏အပြစ်များသည်သူတို့ကိုဝိုင်း ရံလျက်ရှိသည်ဖြစ်၍ ငါ့ရှေ့မှောက်တွင် ထိုအပြစ်များသည်ပေါ်လွင်ထင်ရှား လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
သူတို့သည်ငါ့အားယဇ်ပူဇော်၍ယဇ်ကောင် ၏အသားကိုစားကြ၏။ သို့ရာတွင်ငါ ထာဝရဘုရားသည်သူတို့၏အပြုအစု ကိုနှစ်သက်တော်မမူ၊ ယခုငါသည်သူတို့ ၏အပြစ်ကိုသတိရ၍အပြစ်အတွက် ဒဏ်စီရင်မည်။ သူတို့ကိုအီဂျစ်ပြည်သို့ ပြန်ပို့မည်။
ထာဝရဘုရားက``သူတို့သည်ဂိလဂါလ မြို့တွင်ဒုစရိုက်များကိုစတင်ကူးလွန် ကြသဖြင့် ထိုအချိန်မှစ၍ငါသည်သူ တို့ကိုမုန်းတီး၏။ သူတို့ကူးလွန်ခဲ့သော ဒုစရိုက်အပြစ်ကြောင့်ငါ၏ပြည်မှသူ တို့ကိုနှင်ထုတ်မည်။ ငါသည်သူတို့အား မချစ်တော့ပြီ။ သူတို့၏ခေါင်းဆောင် အပေါင်းသည်ငါ့အားပုန်ကန်ခဲ့ကြ၏။-
သူတို့သည်ဂိဗာမြို့မှာကဲ့သို့အလွန် ဆိုးရွားသောအပြစ်ကိုကူးလွန်လျက် ရှိကြ၏။ ဘုရားသခင်သည်သူတို့၏ ဒုစရိုက်ကိုအောက်မေ့သတိရတော်မူ ၍အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။
ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။
သို့ဖြစ်၍ထိုသူတို့အတွက်ကြောင့်စိတ်မပူကြ နှင့်၊ သူတို့သည်မျက်မမြင်များကိုလမ်းပြသည့် သူကန်းများဖြစ်ကြ၏။ မျက်မမြင်တစ်ယောက် ကအခြားမျက်မမြင်တစ်ယောက်အားလမ်းပြ ပါမူသူတို့နှစ်ယောက်စလုံးပင်တွင်းထဲသို့ကျ လိမ့်မည်'' ဟုမိန့်တော်မူ၏။