ဇာခရိ 1:6 - Common Language Bible
6 ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
6 ကျွန် တော် ရင်း ဖြစ် သော ထို ပ ရော ဖက် တို့ အား ငါ မိန့် မှာ ခဲ့ သော ဗျာ ဒိတ် ချက်၊ ထုံး ဖွဲ့ ချက် များ မှာ မူ၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ငါ တို့ အ လေ့ အ လာ အ ပြု အ မူ အ လိုက် စီ ရင် ရန် ပြ ဋ္ဌာန်း ချက် အ ရ၊ စီ ရင် တော် မူ ခဲ့ ပြီ တ ကား ဟု ဝန် ခံ၍ ပြောင်း လဲ ရ သည့် တိုင် အောင်၊ ထို ဘိုး ဘေး တို့ ကို ထက် ကြပ် လိုက် ခဲ့ သည် မ ဟုတ် လော ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို လော့ ဟူ၍ တည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ
6 ငါ၏ ကျွန်ပရောဖက်တို့၌ ငါမှာထားသော ငါ၏ပညတ်စကားတို့သည် သင်တို့ ဘိုးဘေးများကိုမီကြပြီ မဟုတ်လော။ သူတို့သည် သတိရ၍ ငါတို့ကျင့်ကြံပြုမူသည်နှင့်အလျောက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားသည် ငါတို့၌ စီရင်မည်ဟု အကြံရှိတော်မူသည်အတိုင်း၊ စီရင်တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
6 သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။
အခန်းကိုကြည့်ပါ။ ကော်ပီ