Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 24:2 - Common Language Bible

2 ယဇ်​ပု​ရော​ဟိတ်​နှင့်​ပြည်​သူ၊ ကျွန်​နှင့်​သ​ခင်၊ ဝယ်​သူ​နှင့်​ရောင်း​သူ၊ ချေး​သူ​နှင့်​ငှား​သူ၊ ချမ်း သာ​သူ​နှင့်​ဆင်း​ရဲ​သူ၊ ရှိ​ရှိ​သ​မျှ​သော​လူ တို့​သည်​ကံ​ကြမ္မာ​တစ်​မျိုး​တစ်​စား​တည်း နှင့်​ကြုံ​တွေ့​ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ပ ရော ဟိတ် သည် လူ ကဲ့ သို့လည်း‌ ကောင်း၊ သ ခင် သည် ကျွန် ယောက်ျား ကဲ့ သို့ လည်း‌ ကောင်း၊ သ ခင် မ သည် ကျွန် မိန်း မ ကဲ့ သို့ လည်း‌ ကောင်း၊ ရောင်း သူ သည် ဝယ် သူ ကဲ့ သို့လည်း‌ ကောင်း၊ မြီ ရှင် သည် မြီ စား ကဲ့ သို့ လည်း‌ ကောင်း၊ အ တိုး စား သူ သည် အ တိုး ဆပ် သူ ကဲ့ သို့ လည်း‌ ကောင်း၊ ဖြစ် ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည် ဆင်း​ရဲ​သား​ကဲ့​သို့​လည်း​ကောင်း၊ သ​ခင်​သည် ကျွန်​ကဲ့​သို့​လည်း​ကောင်း၊ သ​ခင်​မ​သည် ကျွန်​မ​ကဲ့​သို့​လည်း​ကောင်း၊ ရောင်း​သော​သူ​သည် ဝယ်​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ကြွေး​ရှင်​သည် ကြွေး​တင်​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ အ​တိုး​စား​သော​သူ​သည် အ​တိုး​ပေး​သော သူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ထိုအခါ ယဇ်ပုရောဟိတ်​သည် လူ​ကဲ့သို့​၊ သခင်​သည် ကျွန်ယောက်ျား​ကဲ့သို့​၊ သခင်မ​သည် ကျွန်မိန်းမ​ကဲ့သို့​၊ ရောင်း​သူ​သည် ဝယ်​သူ​ကဲ့သို့​၊ မြီရှင်​သည် မြီစား​ကဲ့သို့​၊ အတိုးစား​သူ​သည် အတိုးဆပ်​သူ​ကဲ့သို့ ဖြစ်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 24:2
26 ပူးပေါင်းရင်းမြစ်များ  

အ​စာ​ခေါင်း​ပါး​ခြင်း​နှစ်​များ​မ​ဆိုက်​ရောက်​မီ ယော​သပ်​သည် မ​ယား​အာ​သ​နတ်​နှင့်​သား​နှစ် ယောက်​ရ​ရှိ​လေ​သည်။-


အ​သတ်​မ​ခံ​ရ​ဘဲ​ကျန်​ရှိ​နေ​သူ​တို့​ကို​ဗာ​ဗု လုန်​ပြည်​သို့​ခေါ်​ယူ​သွား​ပြီး​လျှင် ပေ​ရ​သိ အင်​ပါ​ယာ​နိုင်​ငံ​ပေါ်​ထွန်း​ချိန်​တိုင်​အောင် မိ​မိ နှင့်​မိ​မိ​၏​သား​မြေး​များ​ထံ​ကျွန်​ခံ​စေ​လေ သည်။-


သို့​ဖြစ်​၍​လူ​တိုင်း​ပင်​လျှင် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ ၍​အ​ရှက်​ကွဲ​ကြ​ပါ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။


ကမ္ဘာ​မြေ​ကြီး​သည်​က​စင့်​က​လျား​ဖြစ်​လျက် ယို​ယွင်း​ပျက်​စီး​နေ​လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ဖြစ်​သ​ဖြင့်​ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​ပျက်​ရ​မည်​သာ​တည်း။


ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​ပင် လျှင် သေ​သောက်​ကြူး​ကြ​သ​ဖြင့်​ယိမ်း​ထိုး​၍ နေ​ကြ​၏။ သူ​တို့​သည်​စ​ပျစ်​ရည်​နှင့်​သေ​ရည် အ​သောက်​လွန်​သ​ဖြင့် ဂ​ယောင်​ချောက်​ချား​ဖြစ် ကာ​ခြေ​ချော်​၍​လဲ​ကြ​၏။ ပ​ရော​ဖက်​တို့​သည် မူး​ယစ်​လျက်​နေ​ရ​ကား ဘု​ရား​သ​ခင်​ပြ တော်​မူ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​နား​မ​လည်​ကြ။ ယဇ်​ပု​ရော​ဟိတ် တို့​သည်​လည်း မိ​မိ​တို့​ထံ​သို့​ရောက်​ရှိ​လာ သည့်​အ​မှု​များ​ကို​စီ​ရင်​ဆုံး​ဖြတ်​ရန် မ​တတ်​ကြ။-


လူ​တိုင်း​ပင်​အ​ရှက်​ကွဲ​၍​မာန်​မာ​န​ကြီး​သူ မှန်​သ​မျှ​တို့​သည်​လည်း ရှုတ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။-


န​သ​နိ​၏​သား​ဣ​ရှ​မေ​လ​နှင့်​သူ​၏​လူ​ဆယ် ယောက်​သည် မိ​မိ​တို့​ဋ္ဌား​များ​ကို​ဆွဲ​ထုတ်​ပြီး နောက် ပြည်​နယ်​ဘု​ရင်​ခံ​အ​ဖြစ်​ဗာ​ဗု​လုန် ဘု​ရင်​ခန့်​ထား​သည့်​ဂေ​ဒ​လိ​ကို​ခုတ်​သတ် ကြ​ကုန်​၏။-


``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က`အီ​ဂျစ်​ပြည်​သို့​သင်​တို့​သွား မည်​ဆို​လျှင် ငါ​သည်​မိ​မိ​၏​ဒေါ​သ​အ​မျက်​တော် ကို​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အ​ပေါ်​သို့ သွန်း​လောင်း​ခဲ့​သည့်​နည်း​တူ သင်​တို့​အ​ပေါ်​သို့ လည်း​သွန်း​လောင်း​မည်။ လူ​တို့​ရှေ့​တွင်​သင်​တို့ သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍ သင်​တို့​ကို​ပြက် ရယ်​ပြု​လျက်​သင်​တို့​အ​မည်​နာ​မ​ကို​ကျိန်​စာ အ​ဖြစ်​အ​သုံး​ပြု​ကြ​လိမ့်​မည်။ သင်​တို့​သည် ဤ​အ​ရပ်​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​ပြန်​၍​တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။


သို့​ရာ​တွင်​ယင်း​သို့​ချင်း​နင်း​ဝင်​ရောက်​မှု​ကား ဖြစ်​ပွား​ခဲ့​ပြီ။ ထို​မြို့​၏​ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ် များ​သည် အ​ပြစ်​ကူး​ကြ​သ​ဖြင့်​အ​ပြစ်​မဲ့​သူ​တို့​သည် သေ​ရ​ကြ​လေ​ပြီ။


ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ဂ​ရု​စိုက်​တော်​မ​မူ​တော့​သ​ဖြင့်​ကိုယ်​တော်​တိုင် ကွဲ​လွင့်​စေ​တော်​မူ​ပါ​၏။ ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ခေါင်း​ဆောင်​များ​ကို​လည်း​ပ​မာ​ဏ​ပြု​တော် မ​မူ​ပါ။ မျက်​နှာ​သာ​မ​ပေး​ကြ​တော့​ချေ။


ငါ​၏​လူ​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လက် တော်​ဖြင့် ရုတ်​တ​ရက်​ပြို​လဲ​ပျက်​စီး​ရ​သည့် သော​ဒုံ​မြို့​ထက်​အ​ပြစ်​ဒဏ်​ပို​၍​ခံ​ရ ပါ​၏။


သင်​တို့​သည်​ပြည်​သား​များ​နည်း​တူ​အ​ပြစ် ဒဏ်​ခံ​ရ​မည်။ ငါ​သည်​သင်​တို့​ကို​ဒဏ်​ခတ် မည်။ သင်​တို့​၏​ဒု​စ​ရိုက်​အ​ကျိုး​ဆက်​ကို ခံ​စေ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ