သူသည်ခမည်းတော်၏ဘုရားကိုကိုးကွယ် ၍ဘုရားသခင်၏အမိန့်တော်ကိုနာခံ တော်မူ၏။ ဣသရေလဘုရင်တို့၏လမ်းစဉ် ကိုလိုက်တော်မမူ။-
ဟောရှေ 4:15 - Common Language Bible ``အသင်ဣသရေလပြည်သားတို့သည် ငါ့အားသစ္စာမဲ့ကြသော်လည်း ယုဒပြည် သားတို့သည်ထိုအပြစ်မျိုးကိုမကူး လွန်မိပါစေနှင့်၊ ဂိလဂါလမြို့သို့မ ဟုတ်ဗေသလမြို့များတွင်ဘုရားဝတ် ပြုခြင်းမပြုကြနှင့်။ ထိုမြို့များတွင် အသက်ရှင်တော်မူသောထာဝရဘုရား ၏နာမတော်ကိုတိုင်တည်၍ကျိန်တွယ် ပြောဆိုမှုမပြုကြနှင့်။- Garrad Bible ဣ သ ရေ လ အ မျိုး မှား ယွင်း ခဲ့ သော် လည်း၊ ယု ဒ အ မျိုး မ မှား စေ လင့်။ ထာ ဝ ရ ဘု ရား အ သက် တော် ကို တိုင် တည် လျက် သ စ္စာ ဆို ရန်၊ ဂိ လ ဂါ လ မြို့ သို့ လည်း ကောင်း၊ ဗေ သ ဝင် မြို့ သို့ လည်း ကောင်း၊ အ ဖူး အ မြော် မ သွား ကြ လင့်။ Judson Bible အို ဣသရေလအမျိုး၊ သင်သည် ပြည့်တန်ဆာလုပ်သော်လည်း၊ ယုဒအမျိုးကို မမှားယွင်းပါစေနှင့်။ ဂိလဂါလမြို့သို့ မချဉ်းကပ်ကြနှင့်။ ဗေသဝင်မြို့သို့ မသွားကြနှင့်။ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်းဟူ၍ မကျိန်ဆိုကြနှင့်။ မြန်မာ့စံမီသမ္မာကျမ်း အို အစ္စရေး၊ သင်သည် ပြည့်တန်ဆာလုပ်ရာတွင် ယုဒအပေါ် အပြစ်မသက်ရောက်စေနှင့်။ ဂိလဂါလမြို့သို့ မသွားနှင့်။ ဗေသဝင်မြို့သို့ တက်မသွားနှင့်။ ‘ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ’ဟု မကျိန်ဆိုနှင့်။ |
သူသည်ခမည်းတော်၏ဘုရားကိုကိုးကွယ် ၍ဘုရားသခင်၏အမိန့်တော်ကိုနာခံ တော်မူ၏။ ဣသရေလဘုရင်တို့၏လမ်းစဉ် ကိုလိုက်တော်မမူ။-
သူသည်ယုဒကုန်းမြင့်ဒေသများ၌ရုပ်တု ကိုးကွယ်ဝတ်ပြုရာဌာနများကိုပင်တည် ဆောက်၍ ယုဒပြည်သူများနှင့်ယေရုရှလင် မြို့သားများအားထာဝရဘုရားကိုပြစ် မှားစေရန်ရှေ့ဆောင်လမ်းပြပေး၏။
အချင်းယုဒမှဆင်းသက်လာသူ၊ ဣသရေလအမျိုးသားတို့၊ ဤစကားကိုနားထောင်ကြလော့။ သင်တို့သည်ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုကာ၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော်လည်း သင်တို့၏စကားများသည်တစ်ခွန်းမျှမမှန်။
သို့ရာတွင်အီဂျစ်ပြည်တွင်ရှိသည့်ဣသ ရေလအမျိုးသားအပေါင်းတို့အားငါ ထာဝရဘုရားသည် မိမိ၏မဟာနာမ တော်ကိုတိုင်တည်၍မြွက်ဆိုသည့်ကတိ တော်ကို ယခုသင်တို့နားထောင်ကြလော့။ သင်တို့သစ္စာကတိပြုကြရာတွင်`အရှင် ထာဝရဘုရားအသက်ရှင်တော်မူသည် အတိုင်း' ဟုငါ၏နာမတော်ကိုမြွက်ဆို ရန်နောင်အဘယ်အခါ၌မျှသင်တို့အား ငါခွင့်ပြုလိမ့်မည်မဟုတ်။-
သင်တို့သည်ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းဟုဆိုကြသော်လည်း သင်တို့သည်မဟုတ်မမှန်ကျိန်ဆိုကြ၏။
အရှင်ထာဝရဘုရားက``အချင်းဣသရေလ အမျိုးသားအပေါင်းတို့၊ ယခုသင်တို့သည်တစ် ယောက်မကျန်မိမိတို့ရှိရုပ်တုများကိုသွား၍ ရှိခိုးဝတ်ပြုကြလော့။ သို့ရာတွင်ယခုမှစ၍ သင်တို့သည်ငါ၏စကားကိုနားထောင်ရကြ မည်။ ရုပ်တုတို့အားပူဇော်သကာများဆက်သ ခြင်းအားဖြင့် ငါ၏သန့်ရှင်းမြင့်မြတ်သည့် နာမတော်ကိုနောက်တစ်ဖန်မရှုတ်ချရ။-
ရှမာရိမြို့သားတို့သည်ဗေသဝင်မြို့တွင် ရှိသောရွှေနွားရုပ်ဆုံးရှုံးရသဖြင့် ကြောက်ရွံ့ ၍ငိုကြွေးမြည်တမ်းလိမ့်မည်။ ထိုရုပ်တုကို ကိုးကွယ်သောသူများနှင့်ယဇ်ပုရောဟိတ် တို့သည်ရွှေနွားရုပ်အတွက်ငိုကြွေးကြ လိမ့်မည်။ ထိုရွှေရုပ်တု၏ဘုန်းတန်ခိုးကွယ် ပျောက်၍တိုင်းတစ်ပါးသို့ယူဆောင်သွား ခြင်းခံရသောအခါ သူတို့သည်မြည် တမ်းကြလိမ့်မည်။-
အာဝင်မြို့တောင်ကုန်းပေါ်ရှိ ဣသရေလ ပြည်သားတို့ကိုးကွယ်ရာဌာနများသည် ပြိုပျက်ရလိမ့်မည်။ သူတို့၏ယဇ်ပလ္လင်များ ပေါ်တွင်ဆူးပင်များ၊ ပေါင်းပင်များပေါက် လိမ့်မည်။ ထိုအခါလူတို့ကတောင်များ ကို``ငါတို့အားဖုံးကွယ်ထားကြပါ'' ဟူ၍ လည်ကောင်း၊ တောင်ကုန်းများကို``ငါတို့အား ဖုံးအုပ်ထားကြပါ'' ဟူ၍လည်ကောင်း ဟစ်အော်တောင်းပန်ကြလိမ့်မည်။
ထာဝရဘုရားက``ဣသရေလပြည်သားတို့ သည် ငါ့အားမုသားစကားပြောဆို၍လှည့် စားကြပြီ။ ယုဒပြည်သားတို့သည်သန့်ရှင်း မြင့်မြတ်၍သစ္စာတော်တည်မြဲသောငါ ဘုရားသခင်အားပုန်ကန်နေကြသေး၏။
ဣသရေလပြည်သားတို့မိုးလင်းမှမိုးချုပ် အထိ ပြုလုပ်ကျင့်ကြံနေသမျှတို့သည် အကျိုးမရှိ၊ အချည်းနှီးသက်သက်ဖြစ်၏။ သူတို့တွင်သစ္စာဖောက်မှု၊ အကြမ်းဖက်မှု များတိုးပွားများပြားလျက်ရှိ၏။ သူတို့ သည်အာရှုရိပြည်နှင့်မဟာမိတ်ဖွဲ့လျက် ပင် အီဂျစ်ပြည်နှင့်ကုန်သွယ်ကြ၏'' ဟု မိန့်တော်မူ၏။
သို့သော်လည်းသူတို့သည်ဂိလဒ်ပြည်တွင် ရုပ်တုများကိုကိုးကွယ်ကြ၏။ ထိုသို့ကိုး ကွယ်သူတို့သည်သေရမည်။ ဂိလဂါလ မြို့တွင်နွားများကိုယဇ်ပူဇော်ကြ၍ထို အရပ်၌ရှိသောယဇ်ပလ္လင်တို့သည်ကွင်း ပြင်များထဲတွင်ကျောက်ပုံများအဖြစ် ကျန်ရစ်လိမ့်မည်။''
ငါတို့၏ဘိုးဘေးဖြစ်သောယာကုပ်သည် အာရံပြည်သို့ထွက်ပြေး၍ မယားရရန် လူတစ်ဦးထံ၌သိုးကျောင်းရ၏။-
သူတို့သည်သစ်သားနတ်ဘုရားထံဗေဒင် မေးကြသည်။ တုတ်ချောင်းကလူတို့သိလို သမျှကိုပြောပြသည်။ သူတို့သည်ငါ့ကို စွန့်သွားကြပြီ။ ပြည့်တန်ဆာမဘဝသို့ ရောက်သောမိန်းမကဲ့သို့သူတို့သည်အခြား သောဘုရားများထံ၌ဆည်းကပ်ကြ၏။-
``ဂိဗာမြို့တွင်တံပိုးခရာကိုမှုတ်လော့၊ ရာမ မြို့တွင်တပ်လှန့်သံကိုပေးလော့။ ဗေသဝင် မြို့တွင်စစ်ချီသံကြွေးကြော်လော့၊ ဗင်္ယာမိန် မျိုးနွယ်တို့တိုက်ပွဲဝင်ကြ။-
ထာဝရဘုရားက``သူတို့သည်ဂိလဂါလ မြို့တွင်ဒုစရိုက်များကိုစတင်ကူးလွန် ကြသဖြင့် ထိုအချိန်မှစ၍ငါသည်သူ တို့ကိုမုန်းတီး၏။ သူတို့ကူးလွန်ခဲ့သော ဒုစရိုက်အပြစ်ကြောင့်ငါ၏ပြည်မှသူ တို့ကိုနှင်ထုတ်မည်။ ငါသည်သူတို့အား မချစ်တော့ပြီ။ သူတို့၏ခေါင်းဆောင် အပေါင်းသည်ငါ့အားပုန်ကန်ခဲ့ကြ၏။-
အထွတ်ဘုရင်အရှင်ထာဝရဘုရားသခင် က``အို ဣသရေလပြည်သားတို့၊ ဗေသလ ရှိသန့်ရှင်းရာအရပ်သို့သွား၍ပြစ်မှားကြ လော့။ ဂိလဂါလမြို့သို့သွားပြီးအစွမ်း ကုန်ပြစ်မှားကြလော့။ ပူဇော်ရာယဇ်ကောင် များကိုနံနက်တိုင်းယူဆောင်ခဲ့လော့။ သုံး ရက်နေ့တိုင်းတွင်ဥစ္စာဆယ်ဖို့တစ်ဖို့ကို ဆောင်ခဲ့ကြလော့၊-
ဗေရရှေဘမြို့သို့သွား၍မကိုးကွယ်လေ နှင့်။ ငါ့ကိုတွေ့ရန်ဗေသလမြို့၌လည်းမရှာ ကြနှင့်။ ဗေသလမြို့သည်အချည်းနှီးဖြစ် ရတော့မည်။ ဂိလဂါလမြို့သို့လည်းမသွား နှင့်။ ထိုမြို့သားတို့သည်ပြည်ပသို့ဖမ်းသွား ခြင်းကိုအမှန်ပင်ခံရလိမ့်မည်။''
သေလွန်သူတစ်ဦး၏ဆွေမျိုးတစ်ယောက်က သေလွန်သွားသူ၏အလောင်းကိုမီးသတ်ရန် ရောက်လာ၍ အိမ်အတွင်းထဲ၌ရှိနေသူတစ် ယောက်အား``မည်သူများကျန်ပါသေး သနည်း'' ဟုမေးလိုက်သော်၊ ``မည်သူမျှမကျန်တော့ပါ'' ဟူသော အဖြေကိုသာကြားရလိမ့်မည်။ ယင်းနောက်ထိုသူကပင်``တိတ်လော့၊ ထာဝရ ဘုရား၏နာမတော်ကိုမျှမဆိုမိရန် ငါ တို့သတိထားရမည်'' ဟုဆိုလိမ့်မည်။
ရှမာရိဘုရားရုပ်တုများကိုတိုင်တည်ကာ ကျိန်ဆိုလေ့ရှိသူများ`ဒန်ဘုရား' ကိုသော် လည်းကောင်း `ဗေရရှေဘမြို့လမ်းရှိဘုရား' ကို လည်းကောင်း၊ ထိုဘုရားတို့အသက်ရှင်တော် မူသည့်အတိုင်းဟုတိုင်တည်ကာ ကျိန်ဆို တတ်သူအပေါင်းတို့သည်ပြန်မထနိုင် အောင်ပင်ပြိုလဲတော့မည်'' ဟုမိန့်တော် မူ၏။
မှောင်မိုက်တွင်ကျင်လည်သူတို့ပြုသည့်အကျိုး မဲ့သောအမှုများကိုမပြုဘဲ ယင်းအမှုတို့ ကိုအလင်းသို့ဖော်ထုတ်ကြလော့။-
ထိုနောက်ထာဝရဘုရားသည်ယောရှုအား``အီဂျစ် ပြည်တွင်သင်တို့ကျွန်ခံရသောအရှက်ကိုငါ သည်ယနေ့ဖယ်ရှားပြီ'' ဟုမိန့်တော်မူ၏။ ထို့ ကြောင့်ထိုအရပ်သည်ယနေ့တိုင်အောင်ဂိလ ဂါလ ဟုနာမည်တွင်လေသည်။
ယောရှုသည်ဗေသလမြို့အရှေ့ဘက်၊ ဗေသ ဝင်မြို့အနီးတွင်တည်ရှိသောအာဣမြို့ အခြေအနေကိုထောက်လှမ်းရန် လူအချို့ တို့ကိုယေရိခေါမြို့မှစေလွှတ်လိုက်လေ သည်။-