ဟောရှေ 10:5 - Common Language Bible5 ရှမာရိမြို့သားတို့သည်ဗေသဝင်မြို့တွင် ရှိသောရွှေနွားရုပ်ဆုံးရှုံးရသဖြင့် ကြောက်ရွံ့ ၍ငိုကြွေးမြည်တမ်းလိမ့်မည်။ ထိုရုပ်တုကို ကိုးကွယ်သောသူများနှင့်ယဇ်ပုရောဟိတ် တို့သည်ရွှေနွားရုပ်အတွက်ငိုကြွေးကြ လိမ့်မည်။ ထိုရွှေရုပ်တု၏ဘုန်းတန်ခိုးကွယ် ပျောက်၍တိုင်းတစ်ပါးသို့ယူဆောင်သွား ခြင်းခံရသောအခါ သူတို့သည်မြည် တမ်းကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible5 ဗေ သ ဝင် မြို့ ရှိ၊ မောက် မာ ရာ မောက် မာ ကြောင်း ဖြစ် သော နွား ရုပ် များ ကို သိမ်း ယူ မည် ဟု၊ ရှ မာ ရိ မြို့ သူ မြို့ သား တို့ စိုး ၍၊ ကိုး ကွယ် သူ တို့ မြည် တမ်း ခြင်း၊ ပ ဆန်း တို့ တုန် လှုပ် ခြင်း ရှိ ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible5 ရှမာရိမြို့သားတို့သည် ဗေသဝင်နွားသငယ်အဖို့ ကြောက်ကြလိမ့်မည်။ ထိုနွားသငယ်၏ ဘုန်းအတွက် သူ၏တကာတို့သည် ငိုကြွေးမြည်တမ်း၍၊ ယဇ်ပုရောဟိတ်တို့သည် တုန်လှုပ်ကြလိမ့်မည်။ အကြောင်းမူကား၊ ရန်သူတို့သည် ထိုဘုန်းကို လုယူ၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ရှမာရိမြို့သားတို့သည် ဗေသဝင်နွားမတမ်းရုပ်တုကြောင့် ကြောက်ရွံ့နေကြ၏။ ထိုရုပ်တု၏ဘုန်းအသရေကွယ်ပျောက်သွားပြီဖြစ်၍ ရှမာရိမြို့သားများသည် ငိုကြွေး၍ ထိုရုပ်တု၌မွေ့လျော်သောယဇ်ပုရောဟိတ်များသည် မြည်တမ်းကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူသည်ယုဒမြို့များနှင့်ယေရုရှလင်မြို့ နီးနားဝန်းကျင်တွင် ရုပ်တုများကိုယဇ်ပူ ဇော်ရန်ယုဒဘုရင်များခန့်အပ်ထားသည့် ယဇ်ပုရောဟိတ်တို့ကိုလည်းကောင်း၊ ဗာလ ဘုရား၊ နေ၊ လ၊ ကြယ်၊ နက္ခတ်တို့ကိုယဇ်ပူဇော် ကြသည့် ယဇ်ပုရောဟိတ်များကိုလည်း ကောင်းရာထူးမှထုတ်ပယ်တော်မူ၏။
``အသင်ဣသရေလပြည်သားတို့သည် ငါ့အားသစ္စာမဲ့ကြသော်လည်း ယုဒပြည် သားတို့သည်ထိုအပြစ်မျိုးကိုမကူး လွန်မိပါစေနှင့်၊ ဂိလဂါလမြို့သို့မ ဟုတ်ဗေသလမြို့များတွင်ဘုရားဝတ် ပြုခြင်းမပြုကြနှင့်။ ထိုမြို့များတွင် အသက်ရှင်တော်မူသောထာဝရဘုရား ၏နာမတော်ကိုတိုင်တည်၍ကျိန်တွယ် ပြောဆိုမှုမပြုကြနှင့်။-
ဣသရေလပြည်သားတို့၊ အခြားသောလူ မျိုးများကဲ့သို့ပျော်ပွဲရွှင်ပွဲများကိုမ ကျင်းပကြနှင့်။ သင်တို့သည်သင်တို့၏ ဘုရားသခင်ကိုသစ္စာဖောက်ကြပြီ။ သင် တို့သည်တိုင်းပြည်တစ်ဝှမ်းလုံးတွင် မိမိ ကိုယ်ကိုပြည့်တန်ဆာအဖြစ်ဗာလဘုရား ထံရောင်းစားကြပြီ။ သီးထွက်ကောင်းမှု များသည်ဗာလဘုရားကြောင့်ရသည်ဟု သင်တို့ထင်မှတ်ကြသည်။-