Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟော​ရှေ 12:11 - Common Language Bible

11 သို့​သော်​လည်း​သူ​တို့​သည်​ဂိ​လဒ်​ပြည်​တွင် ရုပ်​တု​များ​ကို​ကိုး​ကွယ်​ကြ​၏။ ထို​သို့​ကိုး ကွယ်​သူ​တို့​သည်​သေ​ရ​မည်။ ဂိ​လ​ဂါ​လ မြို့​တွင်​နွား​များ​ကို​ယဇ်​ပူ​ဇော်​ကြ​၍​ထို အ​ရပ်​၌​ရှိ​သော​ယဇ်​ပလ္လင်​တို့​သည်​ကွင်း ပြင်​များ​ထဲ​တွင်​ကျောက်​ပုံ​များ​အ​ဖြစ် ကျန်​ရစ်​လိမ့်​မည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ဂိ လဒ် နယ် ၌ ရုပ် ပွား ဆင်း တု များ ရှိ က၊ နယ် သား တို့ အ လ ဟဿ ဖြစ် ကြ လ တ္တံ့။ ဂိ လ ဂါလ မြို့ ၌ နွား ကို ပသ က၊ ပ လ္လင် များ သည် ထယ် ကြောင်း များ တွင် မြေ ပုံ ဖြစ် ရ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ဂိ​လဒ်​ပြည်၌ အ​ပြစ်​ရှိ၏။ ပြည်​သူ​ပြည်​သား​တို့​သည် အ​ကျိုး​နည်း ရှိ​ကြ​ပြီ။ ဂိ​လ​ဂါ​လ​မြို့၌ နွား​တို့​ကို ယဇ်​ပူ​ဇော်၍၊ ယဇ်​ပ​လ္လင်​တို့​သည် ထွန်​ကြောင်း​တွင် မြေ​အ​ပုံ​ပုံ ရှိ​သ​ကဲ့​သို့ များ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ဂိလဒ်​ပြည်သား​တို့​သည် အပြစ်ဒုစရိုက်​ပြု​၍ အကျိုးနည်း​ကြ​ပြီ​။ ဂိလဂါလ​မြို့​၌ နွား​ကို ပူဇော်​ကြ​၏​။ သူ​တို့​၏​ယဇ်ပလ္လင်​တို့​သည်​လည်း လယ်​ထဲမှ ထွန်ကြောင်း​များ​ပေါ်ရှိ​မြေစာပုံ​များ​ကဲ့သို့ များ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 12:11
18 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည်​တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဆို​သူ ပ​ရော​ဖက်​က အာ​ဟပ်​မင်း​အား``မိုး​ရွာ​မည်​ဟု ငါ​မ​ပြော​မ​ချင်း​လာ​မည့်​နှစ်​နှစ်​သုံး​နှစ်​တွင် မိုး​ခေါင်​လိမ့်​မည်။ ဆီး​နှင်း​လည်း​ကျ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​၍​အ​သက်​ရှင်​တော် မူ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​သင့် အား​ငါ​ဆို​၏'' ဟု​ဆင့်​ဆို​လေ​သည်။


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စေ​တ​မန်​များ နှင့်​ပ​ရော​ဖက်​တို့​ကို​စေ​လွှတ်​၍ ဣသ​ရေ​လ အ​မျိုး​သား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ကို​သ​တိ​ပေး​တော်​မူ​၏။ ကိုယ်​တော်​က``သင်​တို့ သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့်​တို့​ကို ရှောင်​ရှား​ကြ​လော့။ သင်​တို့​ဘိုး​ဘေး​များ​နှင့် ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သင်​တို့​အား၊ ငါ​ပေး​အပ်​သည့်​ပ​ညတ်​တော် တွင်​ပါ​ရှိ​သော​ငါ​၏​အ​မိန့်​တော်​ကို​နာ​ခံ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-


ယင်း​တို့​သည်​အ​ချည်း​နှီး​သက်​သက်​ဖြစ်​၍ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သာ​လျှင်​ဖြစ်​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ ယင်း​တို့​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။


သူ​တို့​အ​ပေါင်း​သည်​ထုံ​ထိုင်း​မိုက်​မဲ​ကြ ပါ​၏။ သစ်​သား​ရုပ်​များ​က​သူ​တို့​အား​အ​ဘယ် အ​မှု​အ​ရာ​ကို သွန်​သင်​ပေး​နိုင်​ပါ​မည်​နည်း။


အို ဣ​သ​ရေ​လ၊သင်​သည်​ရှေး​အ​ခါ​က​ပင်​ငါ​၏ ထမ်း​ပိုး​ကို​ချိုး​၍​ငါ​၏​နှောင်​ကြိုး​များ​ကို​ဖြတ် ခဲ့​၏။ သင်​သည်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​ငါ့​အား ဝတ်​မ​ပြု​မ​ကိုး​ကွယ်။ တောင်​မြင့်​ရှိ​သ​မျှ​အ​ပေါ်​၌​လည်း​ကောင်း၊စိမ်း လန်း​သည့် သစ်​ပင်​ရှိ​သ​မျှ​အောက်​၌​လည်း​ကောင်း၊ သင်​သည်​ပြည့်​တန်​ဆာ​ကဲ့​သို့​ပြု​မူ​ခဲ့​လေ​သည်။


``မိ​မိ​တို့​အ​တွက်​သင်​တို့​ပြု​လုပ်​ထား​သည့် ဘု​ရား​များ​ကား​အ​ဘယ်​မှာ​နည်း။ သင်​တို့​ဒုက္ခ ရောက်​ချိန်​ထို​ဘု​ရား​များ​ကယ်​နိုင်​လျှင်​ကယ် စေ​ကြ​လော့။ အို ယု​ဒ​ပြည်၊ သင်​၏​မြို့​တို့​သည် များ​ပြား​သ​ကဲ့​သို့ သင်​ပြု​လုပ်​သော​ဘု​ရား တို့​သည်​လည်း​များ​ပြား​လှ​ပါ​သည်​တ​ကား။-


ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ​ရေ​လ အ​မျိုး​သား​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘုရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​သိ​ရှိ​ကြ​စေ ရန် စ​ကား​ထာ​ဝှက်​၍​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို ပြော​ပြ​လော့။ အ​ခါ​တစ်​ပါး​က​သန်​စွမ်း သော​အ​တောင်​ကြီး​များ​နှင့် ရှည်​သော​အ​မွေး အ​တောင်​များ​ရှိ​သည့်​လင်း​ယုန်​ငှက်​ကြီး တစ်​ကောင်​ရှိ​၏။ သူ့​မှာ​အ​ရောင်​စုံ​၍​လှ​ပ သော​အ​မွေး​အ​တောင်​များ​ရှိ​၏။ သူ​သည် လေ​ဗ​နုန်​တောင်​ထိပ်​သို့​ပျံ​သန်း​ပြီး​လျှင် အာ​ရစ်​ပင်​ထိပ်​ဖျား​တွင်​နား​လျက်၊-


ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​အ​သီး​များ စွာ​သီး​သော​စ​ပျစ်​နွယ်​ပင်​နှင့်​တူ​၏။ သူ​တို့ သည်​စီး​ပွား​တိုး​တက်​လာ​သည်​နှင့်​အ​မျှ ယဇ်​ပလ္လင်​များ​စွာ​ကို​တည်​ဆောက်​ကြ​၏။ အ​သီး​အ​နှံ​ပေါ​များ​လာ​သည်​နှင့်​အ​မျှ သူ​တို့​ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​ကို ပို​၍​လှ​ပ​စွာ​တန်​ဆာ​ဆင်​ကြ​၏။-


သူ​တို့​၏​စိတ်​နှ​လုံး​သည်​မ​စစ်​မှန်​သ​ဖြင့် ယ​ခု​ပင်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ ၍​သူ​တို့​ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​ကို ဖျက်​ဆီး​တော်​မူ​မည်။


``အ​သင်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် ငါ့​အား​သစ္စာ​မဲ့​ကြ​သော်​လည်း ယု​ဒ​ပြည် သား​တို့​သည်​ထို​အ​ပြစ်​မျိုး​ကို​မ​ကူး လွန်​မိ​ပါ​စေ​နှင့်၊ ဂိ​လ​ဂါ​လ​မြို့​သို့​မ ဟုတ်​ဗေ​သ​လ​မြို့​များ​တွင်​ဘု​ရား​ဝတ် ပြု​ခြင်း​မ​ပြု​ကြ​နှင့်။ ထို​မြို့​များ​တွင် အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​တိုင်​တည်​၍​ကျိန်​တွယ် ပြော​ဆို​မှု​မ​ပြု​ကြ​နှင့်။-


ဂိ​လဒ်​မြို့​သည်​လူ​ဆိုး​များ​လူ​သတ် သ​မား​များ​မင်း​မူ​ရာ​အ​ရပ်​ဖြစ်​သည်။-


``အ​ပြစ်​ဖြေ​ရန်​အ​တွက်​ဣ​သ​ရေ​လ​ပြည် သား​တို့​ယဇ်​ပလ္လင်​များ​များ​တည်​ဆောက် လေ​လေ အ​ပြစ်​ပြု​ရာ​နေ​ရာ​များ​လေ​လေ ဖြစ်​လာ​လေ​ပြီ။-


ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​သည်​ဂိ​လ​ဂါ​လ မြို့​တွင်​ဒု​စ​ရိုက်​များ​ကို​စ​တင်​ကူး​လွန် ကြ​သ​ဖြင့် ထို​အ​ချိန်​မှ​စ​၍​ငါ​သည်​သူ တို့​ကို​မုန်း​တီး​၏။ သူ​တို့​ကူး​လွန်​ခဲ့​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်​ငါ​၏​ပြည်​မှ​သူ တို့​ကို​နှင်​ထုတ်​မည်။ ငါ​သည်​သူ​တို့​အား မ​ချစ်​တော့​ပြီ။ သူ​တို့​၏​ခေါင်း​ဆောင် အ​ပေါင်း​သည်​ငါ့​အား​ပုန်​ကန်​ခဲ့​ကြ​၏။-


အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင် က``အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ဗေ​သ​လ ရှိ​သန့်​ရှင်း​ရာ​အ​ရပ်​သို့​သွား​၍​ပြစ်​မှား​ကြ လော့။ ဂိ​လ​ဂါ​လ​မြို့​သို့​သွား​ပြီး​အ​စွမ်း ကုန်​ပြစ်​မှား​ကြ​လော့။ ပူ​ဇော်​ရာ​ယဇ်​ကောင် များ​ကို​နံ​နက်​တိုင်း​ယူ​ဆောင်​ခဲ့​လော့။ သုံး ရက်​နေ့​တိုင်း​တွင်​ဥစ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို ဆောင်​ခဲ့​ကြ​လော့၊-


ဗေ​ရ​ရှေ​ဘ​မြို့​သို့​သွား​၍​မ​ကိုး​ကွယ်​လေ နှင့်။ ငါ့​ကို​တွေ့​ရန်​ဗေ​သ​လ​မြို့​၌​လည်း​မ​ရှာ ကြ​နှင့်။ ဗေ​သ​လ​မြို့​သည်​အ​ချည်း​နှီး​ဖြစ် ရ​တော့​မည်။ ဂိ​လ​ဂါ​လ​မြို့​သို့​လည်း​မ​သွား နှင့်။ ထို​မြို့​သား​တို့​သည်​ပြည်​ပ​သို့​ဖမ်း​သွား ခြင်း​ကို​အ​မှန်​ပင်​ခံ​ရ​လိမ့်​မည်။''


အ​ချည်း​နှီး​ဖြစ်​သော​ရုပ်​တု​များ​ကို ကိုး​ကွယ်​သူ​တို့​သည်​ကိုယ်​တော်​၏​အ​ပေါ်​တွင် သစ္စာ​မဲ့​ကြ​ပါ​၏။


``ငါ​မိန့်​တော်​မူ​သ​မျှ​ကို​နား​ထောင်​လော့။ သင် တို့​တွင်​ပ​ရော​ဖက်​များ​ရှိ​သော​အ​ခါ ငါ​သည် သူ​တို့​အား​အိပ်​မက်​အား​ဖြင့်​သော်​လည်း​ကောင်း၊ ရူ​ပါ​ရုံ​အား​ဖြင့်​သော်​လည်း​ကောင်း​ဗျာ​ဒိတ် ပေး​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ