သူကြီး 9:7 - Common Language Bible ဤအခြင်းအရာကိုယောသံကြားသိသော အခါ ဂေရဇိမ်တောင်ထိပ်သို့တက်၍ရပ်ပြီး လျှင် အော်ဟစ်၍ဤသို့ဆို၏။ ``အချင်းရှေခင် မြို့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သို့ပြုလျှင်ဘုရားသခင်သည်လည်း သင်တို့ ၏စကားကိုနားထောင်ကောင်းနားထောင် တော်မူလိမ့်မည်။- Garrad Bible ယော သံ ကြား သိ သော်၊ ဂေ ရ ဇိမ် တောင် ထိပ် သို့ တက် သွား ရပ် နေ ပြီး လျှင်၊ သည်း စွာ အော် ဟစ် သည် မှာ အို ရှေ ခင် မြို့ သား တို့ သင် တို့ တောင်း လျှောက် ချက် ကို ဘု ရား သ ခင် နား ညောင်း တော် မူ ရန် ငါ ပုံ စ ကား ကို နား ထောင် ကြ လော့။ Judson Bible ထိုအမှုကို ယောသံသည် ကြားသိသောအခါ၊ ဂေရဇိမ်တောင်သို့ သွား၍၊ တောင်ပေါ်မှာရပ်လျက် အသံကိုလွှင့်၍ ကြွေးကြော်လေသည်မှာ၊ အိုရှေခင်မြို့သားတို့၊ သင်တို့စကားကို ဘုရားသခင် နားထောင်တော်မူမည်အကြောင်း၊ ငါ့စကားကို နားထောင်ကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ထိုသတင်းကို ယောသံကြားသောအခါ ထွက်သွား၍ ဂေရဇိမ်တောင်ထိပ်ပေါ်၌ ရပ်လျက် “ရှေခင်အမျိုးသားတို့၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်လည်း သင်တို့စကားကို နားထောင်တော်မူမည်။ |
ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။
တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။
``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။-
ကျွန်မတို့၏ဘိုးဘေးများသည်ဤတောင် ပေါ်မှာ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လေ့ ရှိကြပါ၏။ အရှင်တို့ယုဒအမျိုးသားများ ကမူယေရုရှလင်မြို့၌သာ ဘုရားသခင် ကိုဝတ်ပြုကိုးကွယ်ရမည်ဟုဆိုကြပါ၏'' ဟုလျှောက်၏။
ထာဝရဘုရားသည် သင်တို့သိမ်းပိုက်မည့် ပြည်ထဲသို့ပို့ဆောင်တော်မူသောအခါ သင် တို့သည်ထိုကောင်းချီးမင်္ဂလာကိုဂေရဇိမ် တောင်ပေါ်မှာလည်းကောင်း၊ ထိုကျိန်ခြင်းကို ဧဗလတောင်ပေါ်မှာလည်းကောင်းကြေညာ ရကြမည်။-
(ဤတောင်နှစ်လုံးသည် ယော်ဒန်မြစ်အနောက် ဘက်၊ ယော်ဒန်မြစ်ဝှမ်းတွင်နေထိုင်သော ခါနာန် အမျိုးသားတို့၏နယ်မြေထဲ၌တည်ရှိသည်။ ယင်းတောင်တို့သည် ဂိလဂါလမြို့အနီးမောရေ သပိတ်ပင်များနှင့် မဝေးသောအနောက်ဘက် တွင်တည်ရှိ၏။-)
``သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး နောက် လူတို့အပေါ်ကောင်းချီးမင်္ဂလာရွတ် ဆိုသောအခါ၌ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်နှင့်ဗင်္ယာမိန်အနွယ်တို့သည်ဂေ ရဇိမ်တောင်ပေါ်တွင်ရပ်နေရကြမည်။-
ဘုရားသခင်သည်သနားကရုဏာမရှိသူ အားသနားကရုဏာကင်းမဲ့စွာတရားစီရင် တော်မူလိမ့်မည်။ သို့ရာတွင်သနားခြင်းကရုဏာ ရှိသူသည်တရားစီရင်ခြင်းကိုကြောက်လန့် ရန်မလိုပေ။
ခေါင်းဆောင်များ၊ အရာရှိများ၊ တရားသူကြီး များမှစ၍ဣသရေလအမျိုးသားအပေါင်း တို့သည် ယင်းတို့နှင့်အတူနေထိုင်သောလူမျိုး ခြားများတို့နှင့်အတူ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်သော လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်များ၏တစ်ဘက် တစ်ချက်၊ သေတ္တာတော်၏ဝဲယာ၌လူစုခွဲ၍ ရပ်နေကြ၏။ လူဦးရေတစ်ဝက်တို့သည် ဂေရဇိန်တောင်ကိုကျောပေး၍ကျန်တစ် ဝက်တို့သည်ဧဗလတောင်ကိုကျောပေး လျက်ရပ်နေကြသည်။ သူတို့သည်ကောင်းချီး မင်္ဂလာကိုခံယူသောအခါထိုသို့လိုက်နာ ဆောင်ရွက်ရမည်ဟူ၍ထာဝရဘုရား၏ အစေခံမောရှေမိန့်မှာခဲ့သည်။-
ထိုနောက်ရှေခင်မြို့နှင့်ဗေသမိလ္လောမြို့မှ မြို့သားအပေါင်းတို့သည်စုဝေးလျက် ရှေခင် မြို့ရှိအထိမ်းအမှတ်သပိတ်ပင်သို့သွား ရောက်၍ အဘိမလက်အားမင်းမြှောက်ကြ လေသည်။
အခါတစ်ပါးကသစ်ပင်တို့သည်မိမိတို့ အတွက် ဘုရင်ရွေးချယ်ရန်ထွက်သွားခဲ့ကြ ၏။ သူတို့သည်သံလွင်ပင်အား`ငါတို့အပေါ် ၌မင်းလုပ်အုပ်စိုးပါ' ဟုပြောကြားကြ၏။-