သင်သည်သင့်အသက်နှင့်သားတော်ရှောလမုန် ၏အသက်ကိုကယ်လိုလျှင် သင့်အားအကျွန်ုပ် အကြံပေးပါမည်။-
သူကြီး 9:5 - Common Language Bible သြဖရမြို့ရှိဖခင်၏အိမ်သို့သွား၍ဂိဒေါင် ၏သားများဖြစ်ကြသော မိမိ၏ညီအစ်ကို ခုနစ်ဆယ်တို့ကိုကျောက်တုံးတစ်ခုတည်း ပေါ်၌သတ်လေသည်။ သို့ရာတွင်ဂိဒေါင်၏ သားထွေးယောသံသည် ပုန်းရှောင်နေသော ကြောင့်အသက်ဘေးမှလွတ်မြောက်သွား၏။- Garrad Bible သြ ဖ ရ မြို့ ရှိ အ ဘ အိမ် သို့ သွား ရောက်၍ ညီ အစ် ကို ဖြစ် သော ယေ ရု ဗ္ဗာ လ သား ခု နစ် ကျိပ် ကို ကျောက် ဖျာ ကြီး တစ် ချပ် ပေါ် တွင် ကွပ် မျက် လေ၏။ ယေ ရု ဗ္ဗာ လ၏ သား ထွေး ယော သံ ကား တိမ်း ရှောင် နေ သော ကြောင့် ကြွင်း ကျန် ရစ် သ တည်း။ Judson Bible တစ်ဖန် ဩဖရမြို့၌ရှိသော မိမိအဘအိမ်သို့ သွား၍၊ မိမိညီအစ်ကို ယေရုဗ္ဗာလသား ခုနစ်ဆယ်တို့ကို ကျောက်တစ်ခုပေါ်မှာ သတ်လေ၏။ သို့ရာတွင်၊ ယေရုဗ္ဗာလသားအငယ်ဆုံး ယောသံသည် ပုန်းရှောင်၍နေသောကြောင့် ကျန်ရစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း အဘိမလက်သည် ဖခင်၏အိမ်ရှိရာ ဩဖရမြို့သို့သွားပြီး ယေရုဗ္ဗာလ၏သား မိမိညီအစ်ကို အယောက်ခုနစ်ဆယ်တို့ကို ကျောက်ဖျာတစ်ခုတည်းပေါ်တွင် သတ်လေ၏။ ယေရုဗ္ဗာလ၏သားထွေး ယောသံသည် ပုန်းနေသောကြောင့် အသက်ရှင်ကျန်ရစ်ခဲ့၏။ |
သင်သည်သင့်အသက်နှင့်သားတော်ရှောလမုန် ၏အသက်ကိုကယ်လိုလျှင် သင့်အားအကျွန်ုပ် အကြံပေးပါမည်။-
အရှင်ဤသို့မိန့်တော်မမူပါလျှင်ကျွန်မနှင့် ကျွန်မ၏သားရှောလမုန်သည် အရှင်မရှိသည့် နောက်သစ္စာဖောက်များအဖြစ်ဖြင့်ရာဇဝတ် သင့်သူများဖြစ်ကြတော့မည်'' ဟုလျှောက်၏။
ထိုမြို့သို့ရောက်သောအခါယေဟုသည် အာဟပ် ၏ဆွေမျိုးရှိသမျှတို့ကိုတစ်ယောက်မကျန် သတ်လေသည်။ ဤကားဧလိယအားထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖြစ်ပျက် ခြင်းပင်ဖြစ်သတည်း။
သူတို့သည်ယေဟု၏စာကိုရရှိကြသော အခါ ထိုမင်းညီမင်းသားခုနစ်ဆယ်ကိုသတ် ပြီးလျှင် သူတို့၏ဦးခေါင်းများကိုတောင်း များတွင်ထည့်၍ ယေဇရေလမြို့ရှိယေဟု ထံသို့ပို့လိုက်ကြ၏။
ဘုရင်မအဖြစ်ဖြင့်အာသလိနန်းစံနေစဉ် သူသည်ခြောက်နှစ်တိုင်တိုင် ထိုသူငယ်ကို ကျွေးမွေးပြုစုကာဗိမာန်တော်၌ပုန်း အောင်း၍နေစေ၏။
နိုင်ငံတော်ကိုပိုင်နိုင်စွာအုပ်စိုးနိုင်သောအခါ ယဟောရံသည်ညီတော်အပေါင်းနှင့်ဣသ ရေလမှူးမတ်အချို့တို့ကိုကွပ်မျက်လေသည်။
ဟေရုဒ်မင်းသည်မိမိအားပညာရှိတို့လှည့်စား သွားကြကြောင်းကိုသိလျှင် ပြင်းစွာအမျက်ထွက် လေ၏။ သို့ဖြစ်၍ထိုသူတို့ထံမှစုံစမ်းသိရှိရ သည့်အတိုင်းကြယ်ပေါ်ထွန်းရာအချိန်ကာလ ကိုထောက်လျက် ဗက်လင်မြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများရှိနှစ်နှစ်အရွယ်နှင့်နှစ်နှစ်အောက် သူငယ်အပေါင်းတို့ကိုသတ်စေ၏။
ကောင်းကင်တမန်က ``သင်သည်ထ၍သူငယ်တော် နှင့်မယ်တော်ကိုခေါ်ဆောင်ကာဣသရေလပြည်သို့ ပြန်သွားလော့။ သူငယ်တော်ကိုသတ်လိုသူတို့သည် သေလွန်ကြလေပြီ'' ဟုဆို၏။-
ထိုနောက်ထာဝရဘုရား၏ကောင်းကင်တမန် သည်သြဖရရွာသို့လာ၍ အဗျေဇာသားချင်း စုဝင်တစ်ဦးဖြစ်သူ၊ ယောရှ၏သပိတ်ပင် အောက်၌ထိုင်လေသည်။ ယောရှ၏သားဂိဒေါင် သည် မိမိအားမိဒျန်အမျိုးသားတို့မတွေ့ မမြင်နိုင်စေရန် စပျစ်သီးနယ်ရာကျင်းတွင် ဂျုံစပါးနယ်လျက်နေ၏။-
ဂိဒေါင်သည်ထိုအရပ်၌ထာဝရဘုရား အဖို့ယဇ်ပလ္လင်တစ်ခုတည်ဆောက်၍``ထာဝရ ဘုရားသည်စိတ်အေးချမ်းခြင်းဖြစ်တော်မူ၏'' ဟူသောအမည်ဖြင့်မှည့်ခေါ်လေသည်။ (ထို ယဇ်ပလ္လင်သည်အဗျေဇာသားချင်းစုပိုင် သြဖရရွာ၌ယနေ့တိုင်အောင်တည်ရှိ သတည်း။)
သို့ရာတွင်သင်တို့သည်ယနေ့ပင်လျှင်သူ၏ အိမ်ထောင်စုအား ဆန့်ကျင်ဘက်ပြုခဲ့ကြ လေပြီ။ သူ၏သားခုနစ်ဆယ်ကိုကျောက်တုံး တစ်ခုတည်းအပေါ်၌သတ်ပစ်ခဲ့ကြလေ ပြီ။ ကျွန်မိန်းမနှင့်ရသောသားအဘိမလက် သည်သင်တို့၏ဆွေမျိုးသားချင်းဖြစ်ကာ မျှဖြင့် သူ့အားသင်တို့မင်းမြှောက်ခဲ့ကြ၏။-
ထိုနောက်ရှေခင်မြို့နှင့်ဗေသမိလ္လောမြို့မှ မြို့သားအပေါင်းတို့သည်စုဝေးလျက် ရှေခင် မြို့ရှိအထိမ်းအမှတ်သပိတ်ပင်သို့သွား ရောက်၍ အဘိမလက်အားမင်းမြှောက်ကြ လေသည်။