Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 9:18 - Common Language Bible

18 သို့​ရာ​တွင်​သင်​တို့​သည်​ယ​နေ့​ပင်​လျှင်​သူ​၏ အိမ်​ထောင်​စု​အား ဆန့်​ကျင်​ဘက်​ပြု​ခဲ့​ကြ လေ​ပြီ။ သူ​၏​သား​ခု​နစ်​ဆယ်​ကို​ကျောက်​တုံး တစ်​ခု​တည်း​အ​ပေါ်​၌​သတ်​ပစ်​ခဲ့​ကြ​လေ ပြီ။ ကျွန်​မိန်း​မ​နှင့်​ရ​သော​သား​အ​ဘိ​မ​လက် သည်​သင်​တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ်​ကာ မျှ​ဖြင့် သူ့​အား​သင်​တို့​မင်း​မြှောက်​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ယ နေ့ တွင် ငါ့ အ ဘ အိမ် သူ အိမ် သား တို့ တ ဘက်၌ ပုန် ကန် ပြီး မှ၊ သား ခု နစ် ကျိပ် တို့ ကို ကျောက် ဖျာ ကြီး တစ် ချပ် ပေါ် တွင် ကွပ် မျက် ခြင်း၊ ကျွန် မိန်း မ၏ သား၊ သင် တို့ ညီ အစ် ကို တော် အ ဘိ မ လက် ကို ရှေ ခင် မြို့ သား တို့ အ ပေါ် တွင် ဘု ရင် အ ဖြစ် တင် မြှောက် ခြင်း များ ကို သင် တို့ ပြု လုပ် ရာ၌

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 သင်​တို့​သည် ငါ့​အ​ဘ၏​အ​ဆွေ​အ​မျိုး​တစ်​ဖက်၌ ယ​နေ့​ထ၍ သူ၏​သား​ခု​နစ်​ဆယ်​တို့​ကို ကျောက်​တစ်​ခု​ပေါ်​မှာ သတ်​ပြီး​လျှင်၊ သူ၏​ကျွန်​မ​တွင် မြင်​သော​သား အ​ဘိ​မ​လက်​သည် သင်​တို့​ညီ​အစ်​ကို​ဖြစ်​သော​ကြောင့်၊ သူ့​ကို ရှေ​ခင်​မြို့​သား​တို့၏ ရှင်​ဘု​ရင်​ခန့်​ထား​ကြ​ပြီ​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သို့သော် ယခုမှာ သင်​တို့​သည် ငါ့​ဖခင်​၏​အိမ်သူအိမ်သား​တို့​ကို ထကြွပုန်ကန်​၍ သူ့​သား​အယောက်​ခုနစ်ဆယ်​ကို ကျောက်ဖျာ​တစ်​ခု​ပေါ်တွင် သတ်ပစ်​ကြ​ပြီ​။ သူ့​ကျွန်မ​၏​သား​အဘိမလက်​သည် သင်​တို့​၏​အမျိုးသားချင်း​ဖြစ်​သောကြောင့် ရှေခင်​မြို့သား​တို့​ကို အုပ်စိုး​ရန် သူ့​ကို မင်းမြှောက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 9:18
8 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​သည်​သူ​တို့​အား​မေတ္တာ​ပြ​လျက် သူ​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော်​လည်း သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု ကြ​ပါ​၏။


သူ​တို့​သည်​ဣ​သ​ရေ​လ​လူ​မျိုး​အ​တွက် ဂိ​ဒေါင် ပြု​ခဲ့​သ​မျှ​သော​ကောင်း​ကျိုး​များ​အ​တွက် သူ​၏​အိမ်​ထောင်​စု​သား​များ​အ​ပေါ်​တွင် ကျေး​ဇူး​ကန်း​ကြ​ကုန်​သည်။


ထို့​ကြောင့်​သစ်​ပင်​အ​ပေါင်း​တို့​သည်​ဆူး​ချုံ အား မိ​မိ​တို့​အ​ပေါ်​၌​မင်း​လုပ်​အုပ်​စိုး​ရန် လျှောက်​ထား​ကြ​၏။-


ငါ​၏​ဖ​ခင်​သည်​သင်​တို့​အ​တွက်​စစ်​ပွဲ​ဝင်​ခဲ့ သည်​ကို​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​ပ​ဋ္ဌာ​န မ​ထား​ဘဲ​သင်​တို့​အား မိ​ဒျန်​အ​မျိုး​သား​တို့ လက်​မှ​ကယ်​ဆယ်​ခဲ့​သည်​ကို​လည်း​ကောင်း အောက်​မေ့​သ​တိ​ရ​ကြ​လော့။-


ထို့​ကြောင့်​ဂိ​ဒေါင်​နှင့်​သူ​၏​အိမ်​ထောင်​စု​အား သင်​တို့​ယ​နေ့​ပြု​သည့်​အ​မှု​သည်​ရိုး​သား ဖြောင့်​မှန်​သည်​ဆို​ပါ​မူ သင်​တို့​သည်​အ​ဘိ မ​လက်​နှင့်​အ​တူ​တ​ကွ​ဝမ်း​မြောက်​နိုင်​ကြ ပါ​စေ​သော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ