ဇိဒုန်မြို့မှတောင်ဘက်ရှိဂါဇမြို့အနီးဂေရာ မြို့သို့လည်းကောင်း၊ အရှေ့ဘက်ရှိသောဒုံမြို့၊ ဂေါ မောရမြို့၊ အာဒမာမြို့နှင့်လာရှမြို့အနီး ဇေဘိုင်မြို့သို့လည်းကောင်းအနှံ့အပြား ရောက်ရှိနေထိုင်ကြ၏။-
သူကြီး 6:4 - Common Language Bible သူတို့သည်ဣသရေလမြေပေါ်တွင်တပ်စခန်း ချ၍ တောင်ဘက်ရှိဂါဇမြို့တစ်ဝိုက်မြေယာများ တိုင်အောင် အသီးအနှံတို့ကိုဖျက်ဆီးပစ်တတ် ကြ၏။ သူတို့သည်သိုးနွားမြည်းမှစ၍ရှိသမျှ ကိုသိမ်းယူကြသဖြင့် ဣသရေလအမျိုးသား တို့အတွက်အဘယ်စားစရာမျှမကျန်တော့ ချေ။- Garrad Bible ဂါ ဇ မြို့ တိုင် ရောက် အောင် မြေ ထွက် အ သီး အ နှံ ကို ဖျက် ဆီး လျက် သိုး၊ ဆိတ်၊ နွား၊ မြည်း မှ စ၍ ဣ သ ရေ လ တိုင်း ပြည် အ တွင်း တွင် စား ရန် အ စာ မျှ မ ကျန် မ ကြွင်း စေ ရ။ Judson Bible တပ်ချသဖြင့်၊ ဂါဇမြို့တိုင်အောင် မြေအသီးအနှံကို သုတ်သင်ပယ်ရှင်းလျက် စားစရာကို ချန်၍မထား။ သိုးနွားမြည်းကိုလည်း ချန်၍မထားကြ။ မြန်မာ့စံမီသမ္မာကျမ်း တပ်ချ၍ တိုက်ခိုက်ကြ၏။ ဂါဇမြို့တိုင်အောင် ထိုပြည်၏အသီးအနှံတို့ကိုဖျက်ဆီးပစ်ကြ၏။ အစ္စရေးလူမျိုးတို့၏စားနပ်ရိက္ခာမှစ၍ သိုး၊ နွား၊ မြည်းပါမကျန် ဖျက်ဆီးပစ်ကြ၏။ |
ဇိဒုန်မြို့မှတောင်ဘက်ရှိဂါဇမြို့အနီးဂေရာ မြို့သို့လည်းကောင်း၊ အရှေ့ဘက်ရှိသောဒုံမြို့၊ ဂေါ မောရမြို့၊ အာဒမာမြို့နှင့်လာရှမြို့အနီး ဇေဘိုင်မြို့သို့လည်းကောင်းအနှံ့အပြား ရောက်ရှိနေထိုင်ကြ၏။-
ထိုအခါလောတသည်ပတ်ဝန်းကျင်သို့လှည့်ကြည့်ရာဇောရမြို့သို့တိုင်အောင် ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်လုံးသည်ထာဝရဘုရား၏ဥယျာဉ်တော် ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်းရေပေါများကြောင်းတွေ့ရလေသည်။ (ထာဝရဘုရားသည်သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုမဖျက်ဆီးမီကအခြေအနေဖြစ်၏။-)
ဆင်းရဲသားတို့ကို ညှဉ်းဆဲသော ဆင်းရဲသား သည် အဘယ်စားစရာမျှ မကြွင်းစေဘဲ၊ သုတ်သင်ပယ် ရှင်းသော မိုဃ်းရေနှင့်တူ၏။
သူတို့သည်သင်တို့၏အသီးအနှံများနှင့်အစာရေစာများကိုစားသောက်ကာ သင်တို့သားသမီးများကိုသတ်ကြလိမ့်မည်။ သူတို့သည်သင်တို့သိုးအုပ်၊ နွားအုပ်များကိုစားကြလိမ့်မည်။ သင်တို့စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကိုလည်းစားကြလိမ့်မည်။ သူတို့၏တပ်မတော်သည်သင်တို့အားကိုးအားထားပြုသည့်ခံတပ်မြို့များကိုဖြိုဖျက်ပစ်ကြလိမ့်မည်။''
ငါသည်သင်တို့အားဒဏ်ခတ်မည်။ ကုသ၍မရ နိုင်သောရောဂါဝေဒနာကိုလည်းကောင်း၊ မျက်စိ ကွယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းကိုဖြစ်စေ သောရောဂါဝေဒနာကိုလည်းကောင်း သင်တို့ အားခံစားစေမည်။ သင်တို့သည်အသီးအနှံ များကိုစိုက်ပျိုးသော်လည်း အကျိုးကျေးဇူး ခံစားရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူများသည် သင်တို့ကိုတိုက် ခိုက်အောင်မြင်၍သင်တို့စိုက်ပျိုးသော အသီးအနှံများကိုစားကြမည်ဖြစ် သောကြောင့်တည်း။-
``သူခိုးတို့သည်ညဥ့်အခါလာခဲ့သော်၊ မိမိတို့အလိုရှိရာပစ္စည်းများကိုသာ လျှင် ယူငင်သွားကြ၏။ စပျစ်သီးဆွတ်ခူးရန်လာသောသူတို့သည် လည်း၊ စပျစ်သီးအနည်းငယ်ကိုချန်ထားခဲ့တတ် ကြ၏။ သို့ရာတွင်သင်၏ရန်သူတို့မူကား၊သင်၏ ပစ္စည်းများကို အကုန်အစင်သိမ်းယူသွားကြလေပြီ။
သင်တို့သည်ကောက်ပဲသီးနှံကိုစိုက်ပျိုးသော် လည်း အသီးအနှံကိုမရိတ်သိမ်းရ။ သင်တို့ သည်သံလွင်ဆီကြိတ်သော်လည်းဆီကိုမ သုံးရ။ စပျစ်သီးကိုနယ်သော်လည်းစပျစ် ရည်ကိုမသောက်ရ။-
သင်တို့ပင်ပန်းကြီးစွာစိုက်ပျိုးရသော အသီးအနှံအားလုံးကို အခြားတစ်နိုင်ငံ သားတို့ကသိမ်းယူလိမ့်မည်။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုအမြဲခံရရုံမှ တစ်ပါး မည်သည့်အကျိုးအမြတ်ကိုမျှ ခံစားရလိမ့်မည်မဟုတ်။-
သူတို့သည်သင်တို့၏အစားအစာဖြစ် သောသိုးနွားများနှင့် အသီးအနှံများကို စားသုံးကြသဖြင့်သင်တို့သည်အစာငတ် ၍သေကြေပျက်စီးကြလိမ့်မည်။ သင်တို့၏ စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ သိုးနွားတို့ ကိုအကုန်စားသုံးလိုက်ကြသဖြင့် သင် တို့အစာငတ်၍သေရကြလိမ့်မည်။-
ကောက်ပဲသီးနှံများကိုဣသရေလအမျိုးသား တို့စိုက်ပျိုးသည့်အခါတိုင်း မိဒျန်အမျိုးသား တို့သည်အာမလက်အမျိုးသားနှင့် သဲကန္တာရ တွင်နေထိုင်သောလူမျိုးများနှင့်အတူလာ၍ တိုက်ခိုက်တတ်ကြ၏။-