သို့သော်ကာမဂုဏ်လိုက်စားမှုများလွန်စွာ များပြားလျက်နေသဖြင့် အမျိုးသားတိုင်း မှာဇနီးရှိသင့်၏။ အမျိုးသမီးတိုင်းမှာလည်း ခင်ပွန်းရှိသင့်၏။-
သူကြီး 21:14 - Common Language Bible ဗင်္ယာမိန်အမျိုးသားတို့သည်ပြန်လာကြ သောအခါ အခြားဣသရေလအမျိုးတို့ ကမိမိတို့မသတ်ဘဲထားသည့် ယာဗက်မြို့ သူအမျိုးသမီးတို့ကိုပေးအပ်လိုက်လေ သည်။ သို့ရာတွင်ထိုအမျိုးသမီးအရေ အတွက်မှာထိုသူတို့အတွက်လုံလောက် မှုမရှိချေ။ Garrad Bible ဗင်္ယာ မိန့် အ နွယ် သား တို့ ပြန် လာ သ ဖြင့် အ ရှင် ထား သော ဂိ လဒ် နယ်၊ ယာ ဗက် မြို့ သူ မိန်း မ တို့ နှင့် ထိမ်း မြား သော် လည်း မ လောက် မ ငှ ချေ။ Judson Bible ထိုအခါ ဗင်္ယာမိန်လူတို့သည် လာပြန်၍၊ ဣသရေလလူတို့သည် အရှင်ချန်ထားသော ဂိလဒ်ပြည် ယာဗက်မြို့သူမိန်းမတို့နှင့် ပေးစားကြ၏။ သို့သော်လည်း မိန်းမတို့သည် မလောက်မငကြ။ မြန်မာ့စံမီသမ္မာကျမ်း ဗင်္ယာမိန်အမျိုးသားတို့ ပြန်လာသောအခါ အစ္စရေးအမျိုးသားတို့သည် ယာဗက်ဂိလဒ်မြို့မှခေါ်လာသောအသက်ရှင်ကျန်ရစ်သူအမျိုးသမီးတို့နှင့် သူတို့ကိုပေးစား၏။ သို့သော် မလုံမလောက် ဖြစ်လေ၏။ |
သို့သော်ကာမဂုဏ်လိုက်စားမှုများလွန်စွာ များပြားလျက်နေသဖြင့် အမျိုးသားတိုင်း မှာဇနီးရှိသင့်၏။ အမျိုးသမီးတိုင်းမှာလည်း ခင်ပွန်းရှိသင့်၏။-
သို့ရာတွင်လူခြောက်ရာတို့သည်တောကန္တာရရှိ ရိမ္မုန်ကျောက်သို့ထွက်ပြေးလွတ်မြောက်သွားကြ လေသည်။ သူတို့သည်ထိုအရပ်တွင်လေးလ မျှနေကြ၏။-
ထိုသူတို့သည်ယာဗက်မြို့သားများအနက် အပျိုစင်လေးရာကိုတွေ့ရှိသဖြင့် သူတို့ အားရှိလောမြို့တပ်စခန်းသို့ခေါ်ဆောင် ခဲ့ကြ၏။ ရှိလောမြို့သည်ခါနာန်ပြည်တွင် ရှိသတည်း။
ထိုနောက်စုဝေးသောသူအပေါင်းတို့က ရိမ္မုန် ကျောက်ရှိဗင်္ယာမိန်အမျိုးသားတို့ထံသို့ စစ်ပြေငြိမ်းရန် ကမ်းလှမ်းချက်သတင်းကို ပေးပို့လိုက်ကြ၏။-
ထာဝရဘုရားသည်ဣသရေလအမျိုး အနွယ်တို့၏စည်းလုံးမှုကိုပျက်ပြားစေ တော်မူပြီဖြစ်၍ လူတို့သည်ဗင်္ယာမိန်အမျိုး သားများအတွက်ဝမ်းနည်းကြလေသည်။-
အကယ်၍သူတို့၏ဖခင်များသို့မဟုတ် မောင်များကလာရောက်ကန့်ကွက်လျှင် သင် တို့သည်သူတို့အား`ထိုအမျိုးသမီးတို့ကို ငါတို့အားသိမ်းပိုက်ခွင့်ပြုပါ။ အဘယ်ကြောင့် ဆိုသော်ငါတို့သည်သင်တို့အားတိုက်ခိုက်၍ သူတို့ကိုသိမ်းယူခြင်းမဟုတ်သောကြောင့် ဖြစ်ပါသည်။ ထိုမှတစ်ပါးသူတို့ကိုငါတို့ အားပေးစားသူမှာသင်တို့မဟုတ်သဖြင့် သင်တို့သည်မိမိတို့၏ကတိသစ္စာကိုချိုး ဖောက်ရာမရောက်ပါ' ဟုပြန်ပြောကြ လော့'' ဟူ၍မှာထားကြ၏။
မိဇပါမြို့၌စုရုံးရာသို့ဣသရေလ အမျိုးအနွယ်များထဲမှ မလာမရောက် သောလူစုရှိပါသလောဟုစုံစမ်းကြ သောအခါ ဂိလဒ်ပြည်ယာဗက်မြို့မှမည် သူတစ်ဦးတစ်ယောက်မျှမလာမရောက် ကြောင်းကိုသိရှိရကြလေသည်။-