Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 21:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ဗင်္ယာမိန်​အမျိုးသား​တို့ ပြန်လာ​သောအခါ အစ္စရေး​အမျိုးသား​တို့​သည် ယာဗက်​ဂိလဒ်​မြို့​မှ​ခေါ်လာ​သော​အသက်ရှင်​ကျန်ရစ်​သူ​အမျိုးသမီး​တို့​နှင့် သူ​တို့​ကို​ပေးစား​၏​။ သို့သော် မ​လုံ​မ​လောက် ဖြစ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​ပြန်​လာ​ကြ သော​အ​ခါ အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​တို့ က​မိ​မိ​တို့​မ​သတ်​ဘဲ​ထား​သည့် ယာ​ဗက်​မြို့ သူ​အ​မျိုး​သ​မီး​တို့​ကို​ပေး​အပ်​လိုက်​လေ သည်။ သို့​ရာ​တွင်​ထို​အ​မျိုး​သ​မီး​အ​ရေ အ​တွက်​မှာ​ထို​သူ​တို့​အ​တွက်​လုံ​လောက် မှု​မ​ရှိ​ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ဗင်္ယာ မိန့် အ နွယ် သား တို့ ပြန် လာ သ ဖြင့် အ ရှင် ထား သော ဂိ လဒ် နယ်၊ ယာ ဗက် မြို့ သူ မိန်း မ တို့ နှင့် ထိမ်း မြား သော် လည်း မ လောက် မ ငှ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထို​အ​ခါ ဗင်္ယာ​မိန်​လူ​တို့​သည် လာ​ပြန်၍၊ ဣ​သ​ရေ​လ​လူ​တို့​သည် အ​ရှင်​ချန်​ထား​သော ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သူ​မိန်း​မ​တို့​နှင့် ပေး​စား​ကြ၏။ သို့​သော်​လည်း မိန်း​မ​တို့​သည် မ​လောက်​မ​င​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 21:14
7 ပူးပေါင်းရင်းမြစ်များ  

သို့သော် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အမှု​များ​ကြောင့် ယောက်ျား​အသီးသီး​၌ မိမိ​မယား​ရှိ​စေ​လော့။ မိန်းမ​အသီးသီး​၌​လည်း မိမိ​လင်​ယောက်ျား​ရှိ​စေ​လော့။


လူ​အယောက်​ခြောက်​ရာ​တို့​သည် တောကန္တာရ​ရှိ ရိမ္မုန်​ကျောက်ဆောင်​ဘက်​သို့ လှည့်​ပြေး​ကြ​ပြီး ထို​သူ​တို့​သည် ရိမ္မုန်​ကျောက်ဆောင်​တွင် လေး​လ​နေ​ကြ​၏​။


စစ်သူရဲ​တို့​က​လည်း ယာဗက်​ဂိလဒ်​မြို့​ရှိ ယောက်ျား​နှင့်​မ​ဆက်ဆံ​သေး​သော အပျိုကညာ​မိန်းကလေး​အယောက်​လေး​ရာ​ကို ခါနာန်​ပြည်​၊ ရှိလော​တပ်စခန်း​သို့ ခေါ်ဆောင်​လာ​ကြ​၏​။


ထို့နောက် လူ​အစုအဝေး​အပေါင်း​တို့​သည် ရိမ္မုန်​ကျောက်ဆောင်​တွင် နေ​သော​ဗင်္ယာမိန်​အမျိုးသား​တို့​ထံ စစ်ပြေငြိမ်း​ပြီ​ဖြစ်ကြောင်း အကြောင်းကြား​လိုက်​၏​။


ဤသို့ ထာဝရဘုရား​သည် အစ္စရေး​အမျိုးအနွယ်​ထဲမှ အမျိုး​တစ်မျိုး​ကို ပြတ်တောက်​သွား​စေ​သောကြောင့် ဗင်္ယာမိန်​အမျိုး​အတွက် လူ​တို့​စိတ်မကောင်း​ဖြစ်​ကြ​၏​။


သူ​တို့​၏​ဖခင်​၊ သူ​တို့​၏​အစ်ကို​များ​၊ မောင်​များ လာ​ရန်တွေ့​လျှင် ငါ​တို့​က ‘​ငါ​တို့​ကို သနား​ပါ​။ စစ်​ဖြစ်​စဉ်က သူ​တို့​၏​မယား​တစ်ယောက်​မျှ မ​ချန်ထား​မိ​ခဲ့​။ ယခု​ကဲ့သို့ ပေးစား​ခြင်း​ဖြင့်​လည်း သင်​တို့​အပေါ် အပြစ်​သက်ရောက်​မည်​မ​ဟုတ်​ပါ​’​ဟု သူ​တို့​အား တောင်းပန်​မည်​”​ဟု မှာလိုက်​လေ​၏​။


သူ​တို့​က “​အစ္စရေး​အမျိုးအနွယ်​တို့​တွင် မည်သူ​သည် မိဇပါ​မြို့​သို့ မ​လာ​ကြ​သနည်း​။ မည်သူ​သည် ထာဝရဘုရား​ရှေ့​တော်​သို့ မ​လာ​ကြ​သနည်း​”​ဟု စစ်ဆေး​မေးမြန်း​ကြ​သောအခါ ယာဗက်​ဂိလဒ်​မြို့သား​တစ်ယောက်​မျှ လူစုဝေးရာ​စခန်း​သို့ ရောက်​မ​လာ​ကြ​သည်​ကို သိ​ရ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ