Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 21:22 - Common Language Bible

22 အ​ကယ်​၍​သူ​တို့​၏​ဖ​ခင်​များ​သို့​မ​ဟုတ် မောင်​များ​က​လာ​ရောက်​ကန့်​ကွက်​လျှင် သင် တို့​သည်​သူ​တို့​အား`ထို​အ​မျိုး​သ​မီး​တို့​ကို ငါ​တို့​အား​သိမ်း​ပိုက်​ခွင့်​ပြု​ပါ။ အ​ဘယ်​ကြောင့် ဆို​သော်​ငါ​တို့​သည်​သင်​တို့​အား​တိုက်​ခိုက်​၍ သူ​တို့​ကို​သိမ်း​ယူ​ခြင်း​မ​ဟုတ်​သော​ကြောင့် ဖြစ်​ပါ​သည်။ ထို​မှ​တစ်​ပါး​သူ​တို့​ကို​ငါ​တို့ အား​ပေး​စား​သူ​မှာ​သင်​တို့​မ​ဟုတ်​သ​ဖြင့် သင်​တို့​သည်​မိ​မိ​တို့​၏​ကတိ​သစ္စာ​ကို​ချိုး ဖောက်​ရာ​မ​ရောက်​ပါ' ဟု​ပြန်​ပြော​ကြ လော့'' ဟူ​၍​မှာ​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 သူ တို့ အ ဖ သော်လည်း ကောင်း၊ မောင် သော်လည်း ကောင်း၊ အ ပြစ် တင် ရန် ငါ တို့ ထံ လာ ခဲ့ သော် ငါ တို့ က စစ် ရေး တွင် အ သီး အ သီး တို့ အ တွက် မိန်း မ ကို ချန် ထား ခဲ့ သည် မ ဟုတ် သော ကြောင့် လည်း ကောင်း၊ သင် တို့ လည်း အ ပြစ် ခံ ရ စေ ရန် ပေး စား သည် မ ဟုတ် သော ကြောင့် လည်း ကောင်း ငါ တို့ အား ပေး သ နား ပါ ဟူ၍ တောင်း ပန် လိုက် မည် ဟု မှာ ထား သည့် အ တိုင်း

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 သူ​တို့​အ​ဘ​နှင့်​မောင်​တို့​သည် ငါ​တို့​ထံ​သို့​လာ၍ အ​မှု​လုပ်​သော​အ​ခါ၊ ငါ​တို့​က ငါ​တို့​မျက်​နှာ​ကို​ထောက်၍ သူ​တို့​ကို သ​နား​ကြ​ပါ။ စစ်​တိုက်​ရာ​တွင် သူ​တို့ အ​သီး​အ​သီး​ဆိုင်​သော​မ​ယား​တို့​ကို သူ​တို့​အ​ဖို့ ငါ​တို့​သည် မ​ချန်​မ​ထား​မိ​ပါ။ သင်​တို့၌ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ ယ​ခု​ပေး​စား​ကြ​သည်​မ​ဟုတ်​ဟု သူ​တို့​အား ပြန်​ပြော​မည်​ဟု မှာ​ထား​ကြ​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 သူ​တို့​၏​ဖခင်​၊ သူ​တို့​၏​အစ်ကို​များ​၊ မောင်​များ လာ​ရန်တွေ့​လျှင် ငါ​တို့​က ‘​ငါ​တို့​ကို သနား​ပါ​။ စစ်​ဖြစ်​စဉ်က သူ​တို့​၏​မယား​တစ်ယောက်​မျှ မ​ချန်ထား​မိ​ခဲ့​။ ယခု​ကဲ့သို့ ပေးစား​ခြင်း​ဖြင့်​လည်း သင်​တို့​အပေါ် အပြစ်​သက်ရောက်​မည်​မ​ဟုတ်​ပါ​’​ဟု သူ​တို့​အား တောင်းပန်​မည်​”​ဟု မှာလိုက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 21:22
10 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည် မိ​မိ​နှင့်​ပုံ သဏ္ဌာန်​တူ​သော​လူ​ယောကျာ်း၊ လူ​မိန်း​မ ကို​ဖန်​ဆင်း​တော်​မူ​၍၊-


ထို​နေ့​၌​ပင်​နော​ဧ​နှင့်​သူ​၏​မ​ယား၊ သား​သုံး ယောက်​ဖြစ်​ကြ​သော​ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​နှင့် သူ​တို့​၏​မယား​တို့​သည်​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-


ဘုရားအမှု၌စကားလွန်မိသောသူ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့် တွေ့မိပြီ။


သို့​သော်​ကာ​မ​ဂုဏ်​လိုက်​စား​မှု​များ​လွန်​စွာ များ​ပြား​လျက်​နေ​သ​ဖြင့် အ​မျိုး​သား​တိုင်း မှာ​ဇ​နီး​ရှိ​သင့်​၏။ အ​မျိုး​သမီး​တိုင်း​မှာ​လည်း ခင်​ပွန်း​ရှိ​သင့်​၏။-


မိ​ဇ​ပါ​မြို့​၌​စု​ရုံး​စဉ်​အ​ခါ​က​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား``ဗင်္ယာ မိန်​အ​မျိုး​သား​တစ်​စုံ​တစ်​ယောက်​ကို​မျှ​အ​ကျွန်ုပ် တို့​၏​သ​မီး​နှင့်​လက်​ထပ်​ထိမ်း​မြား​ခွင့်​ပြု​မည် မ​ဟုတ်​ပါ'' ဟု​ကျိန်​ဆို​က​တိ​ပြု​ခဲ့​ကြ​၏။-


ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​ပြန်​လာ​ကြ သော​အ​ခါ အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​တို့ က​မိ​မိ​တို့​မ​သတ်​ဘဲ​ထား​သည့် ယာ​ဗက်​မြို့ သူ​အ​မျိုး​သ​မီး​တို့​ကို​ပေး​အပ်​လိုက်​လေ သည်။ သို့​ရာ​တွင်​ထို​အ​မျိုး​သ​မီး​အ​ရေ အ​တွက်​မှာ​ထို​သူ​တို့​အ​တွက်​လုံ​လောက် မှု​မ​ရှိ​ချေ။


သို့​ရာ​တွင်​ငါ​တို့​သည်​မိ​မိ​တို့​၏​သ​မီး​များ နှင့်​သူ​တို့​အား​ထိမ်း​မြား​စုံ​ဖက်​ခွင့်​လည်း​မ ပြု​နိုင်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​စုံ​ဖက် ရန်​ခွင့်​ပြု​သူ​သည် ငါ​တို့​၏​ကျိန်​စာ​သင့်​မည် ဖြစ်​သော​ကြောင့်​တည်း'' ဟု​ဆွေး​နွေး​တိုင်​ပင် ကြ​လေ​သည်။


ကျန်​ရှိ​နေ​သေး​သော​ဗင်္ယာ​မိန်​အ​မျိုး​သား တို့​အ​တွက်​မ​ယား​များ​ရ​ရှိ​နိုင်​ရန် ငါ​တို့ အ​ဘယ်​သို့​ပြု​ကြ​ရ​ပါ​မည်​နည်း။ ငါ​တို့ သမီး​များ​ကို​သူ​တို့​နှင့်​ထိမ်း​မြား​ခြင်း​မ​ပြု ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​တို့ သစ္စာ​ဆို​ပြီး​လေ​ပြီ'' ဟု​ဆို​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ