ငါတို့သည်ရဲရင့်စွာငါတို့အမျိုးသားများ နှင့်ငါတို့ဘုရားသခင်၏မြို့များအတွက် အားကြိုးမာန်တက်တိုက်ခိုက်ကြကုန်အံ့။ ထာဝရဘုရားသည်မိမိအလိုတော်ရှိသည့် အတိုင်းစီရင်တော်မူပါစေသော'' ဟုဆို၏။
သူကြီး 18:9 - Common Language Bible သူတို့ကလည်း``လာကြ၊ လဲရှမြို့ကိုငါ တို့သွားရောက်တိုက်ခိုက်ကြကုန်အံ့။ ထို နယ်မြေသည်အလွန်ကောင်းမွန်ကြောင်း ကိုငါတို့တွေ့မြင်ခဲ့ရပြီ။ ဤအရပ်တွင် ဆိုင်းလင့်၍နေကြမည်လော။ အလျင် အမြန်ထိုနယ်မြေကိုဝင်ရောက်သိမ်းယူ ကြကုန်အံ့။- Garrad Bible ထို နယ် သည် အ လွန် တ ရာ ကောင်း လှ သည် ကို ကျွန်ုပ် တို့ သိ မြင် ခဲ့ ပြီ။ သင် တို့ ဆိုင်း လင့် လို သေး သ လော။ ဝင် ရောက်၍ အ ပိုင် ယူ ရန် မ ဖင့် နွှဲ ကြ နှင့်။ Judson Bible သူတို့က၊ ထ၍ သွားတိုက်ကြကုန်အံ့၊ ထိုပြည်သည် ကောင်းမွန်သော ပြည်ဖြစ်သည်ကို ငါတို့မြင်ပြီ။ ငြိမ်ဝပ်စွာ နေကြသေးသလော။ ထိုပြည်ကို သိမ်းယူဝင်စားခြင်းငှာ မဖင့်နွှဲကြနှင့်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့ကလည်း “လာကြ၊ သူတို့ကို သွားတိုက်ကြစို့၊ ထိုပြည်ကို ငါတို့မြင်ခဲ့ပြီ။ အလွန်သာယာသောပြည် ဖြစ်၏။ ငြိမ်မနေကြနှင့်။ တွန့်ဆုတ်မနေကြနှင့်။ ထိုပြည်ကို သွားရောက်သိမ်းပိုက်ကြစို့။ |
ငါတို့သည်ရဲရင့်စွာငါတို့အမျိုးသားများ နှင့်ငါတို့ဘုရားသခင်၏မြို့များအတွက် အားကြိုးမာန်တက်တိုက်ခိုက်ကြကုန်အံ့။ ထာဝရဘုရားသည်မိမိအလိုတော်ရှိသည့် အတိုင်းစီရင်တော်မူပါစေသော'' ဟုဆို၏။
ထို့နောက်မိက္ခာက``ဖြစ်ပျက်ပုံကားဤသို့တည်း။ ထာဝရဘုရားသည်ဤပရောဖက်တို့ကို အရှင့်အားလိမ်လည်ဟောပြောစေတော်မူ၏။ သို့ရာတွင်အရှင်တွေ့ကြုံရမည့်ဘေးအန္တရာယ် ကိုမူကိုယ်တော်တိုင်စီရင်ထားတော်မူပြီ'' ဟု နိဂုံးချုပ်လိုက်လေသည်။
အာဟပ်သည်မိမိ၏မှူးမတ်တို့အား``ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကိုရှုရိဘုရင်ထံမှပြန် လည်ရရှိရန် အဘယ်ကြောင့်မည်သို့မျှမပြုဘဲ နေကြပါသနည်း။ ထိုမြို့ကိုငါတို့ပိုင်သည် မဟုတ်ပါလော'' ဟုမိန့်တော်မူ၏။-
သို့ရာတွင်ကာလက်သည်မောရှေ၏ရှေ့တွင် ညည်းညူသူတို့အား``ငါတို့သည်ယခုပင်ထို ပြည်သို့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကြပါ စို့။ ငါတို့သည်ထိုပြည်ကိုတိုက်ခိုက်အောင် မြင်နိုင်စွမ်းရှိပါသည်'' ဟုဆို၍လူတို့ကို ငြိမ်ဝပ်သွားစေ၏။
ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။
သို့ဖြစ်၍ယောရှုကဣသရေလအမျိုး သားတို့အား``သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကသင်တို့ကို ပေး တော်မူသောပြည်ကိုမသိမ်းယူဘဲအဘယ် မျှကြာအောင်စောင့်ဆိုင်းနေကြပါမည်နည်း။-
ထိုအရပ်သို့သင်တို့ရောက်ကြသောအခါ လူတို့သည် စိုးစဉ်းမျှမယုံသင်္ကာမဖြစ်ကြ သည်ကိုတွေ့ရှိရကြလိမ့်မည်။ ထိုနယ်မြေ သည်ကျယ်ပြန့်၍လူသားတို့လိုချင်တောင့် တသောအရာတို့နှင့်လည်းပြည့်စုံ၏။ ထို နယ်မြေကိုသင်တို့အားဘုရားသခင်ပေး သနားတော်မူလေပြီ'' ဟုဆိုကြ၏။
ထိုသူငါးယောက်တို့သည်ဇောရာမြို့နှင့် ဧရှတောလမြို့တို့သို့ပြန်လည်ရောက်ရှိ ကြသောအခါ အမျိုးသားချင်းတို့က``သင် တို့အဘယ်သို့စုံစမ်းတွေ့ရှိခဲ့ရသနည်း'' ဟုမေးမြန်းကြ၏။-
ဖိလိတ္တိအမျိုးသားတို့အားခဲကြလော့။ ယောကျာ်း ပီသစွာတိုက်ခိုက်ကြလော့။ သို့မဟုတ်ပါမူဟေ ဗြဲအမျိုးသားတို့သည် ငါတို့ထံတွင်ကျွန်ခံခဲ့ ရဖူးသည့်နည်းတူငါတို့သည် သူတို့ထံတွင် ကျွန်ခံရကြလိမ့်မည်။ သို့ဖြစ်၍ယောကျာ်း ပီသစွာတိုက်ခိုက်ကြလော့'' ဟုဆိုကြ၏။