Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 13:30 - Common Language Bible

30 သို့​ရာ​တွင်​ကာ​လက်​သည်​မော​ရှေ​၏​ရှေ့​တွင် ညည်း​ညူ​သူ​တို့​အား``ငါ​တို့​သည်​ယ​ခု​ပင်​ထို ပြည်​သို့​ဝင်​ရောက်​တိုက်​ခိုက်​သိမ်း​ပိုက်​ကြ​ပါ စို့။ ငါ​တို့​သည်​ထို​ပြည်​ကို​တိုက်​ခိုက်​အောင် မြင်​နိုင်​စွမ်း​ရှိ​ပါ​သည်'' ဟု​ဆို​၍​လူ​တို့​ကို ငြိမ်​ဝပ်​သွား​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 မော ရှေ ရှေ့ လူ ပ ရိ သတ် ငြိမ် ဝပ် စေ ခြင်း ငှါ ကာ လက် က၊ ငါ တို့ အောင် နိုင် ကြ မည်။ ရုတ် ချင်း ချီ တက် သိမ်း ယူ ကြ ကုန် အံ့ ဟု ဆို သော် လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 ကာ​လက်​က​လည်း ချက်​ချင်း​ချီ​သွား၍ ထို​ပြည်​ကို​သိမ်း​ယူ​ကြ​စို့။ အောင်​နိုင်​ကောင်း​သည်​ဟု​ဆို၍ မော​ရှေ​ရှေ့​မှာ လူ​များ​တို့​ကို​ငြိမ်း​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 ထိုအခါ ကာလက်​သည် မောရှေ​ရှေ့​၌​ရှိ​သော လူ​တို့​ကို​တိတ်ဆိတ်​စေ​ပြီး “​ငါ​တို့​သည် ထို​ပြည်​ကို အနိုင်ရ​မည်​မှာ​သေချာ​၏​။ ယခုပင် တက်သွား​၍ ထို​ပြည်​ကို​သိမ်းပိုက်​ကြ​စို့​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 13:30
14 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​၏​ဘက်​တွင်​ဘု​ရား​သ​ခင်​ရှိ​တော်​မူ​လျှင် ငါ​တို့​သည်​အောင်​မြင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​ငါ​တို့​၏​ရန်​သူ​များ​ကို နှိမ်​နင်း​တော်​မူ​လိမ့်​မည်။


အာ​မ​လက်​အ​မျိုး​သား​တို့​သည်​ထို​ပြည်​၏ တောင်​ပိုင်း​တွင်​နေ​ထိုင်​၍ ဟိတ္တိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား တို့​သည်​တောင်​ကုန်း​များ​ပေါ်​၌​လည်း​ကောင်း၊ ခါ​နာန်​အ​မျိုး​သား​တို့​သည်​မြေ​ထဲ​ပင် လယ်​ကမ်း​ခြေ​နှင့်​ယော်​ဒန်​မြစ်​ဝှမ်း​တစ် လျှောက်​၌​လည်း​နေ​ထိုင်​ကြ​ပါ​သည်'' ဟု ဆို​ကြ​၏။


သို့​သော်​လည်း​ကာ​လက်​နှင့်​အ​တူ​လိုက်​ပါ သွား​သူ​တို့​က``ငါ​တို့​သည်​ထို​ပြည်​ကို​တိုက် ခိုက်​အောင်​မြင်​နိုင်​စွမ်း​မ​ရှိ​ပါ။ ထို​ပြည်​သား တို့​သည်​ငါ​တို့​ထက်​အင်​အား​ကြီး​ပါ​သည်'' ဟု​ဆို​ကြ​၏။-


သို့​သော်​လည်း​ငါ​၏​အ​စေ​ခံ​ကာ​လက်​သည် အ​ခြား​သူ​တို့​နှင့်​ခြား​နား​သော​သ​ဘော​ရှိ​၍ ငါ​၏​စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ သူ​ဖြစ်​ခြင်း​ကြောင့် သူ​စုံ​စမ်း​ထောက်​လှမ်း​ခဲ့ သော​ပြည်​သို့​သူ့​ကို​ငါ​ပို့​ဆောင်​မည်။ သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​အာ​မ​လက်​အ​မျိုး သား​နှင့်​ခါ​နာန်​အ​မျိုး​သား​တို့​ယ​ခု​နေ​ထိုင် ရာ​ချိုင့်​ဝှမ်း​များ​ရှိ​ရာ​နယ်​မြေ​ကို​အ​ပိုင်​ရ လိမ့်​မည်။ နက်​ဖြန်​နေ့​တွင်​သင်​သည်​ပြန်​လှည့် ၍​အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​ဘက်​ရှိ​တော ကန္တာ​ရ​သို့​သွား​လော့'' ဟု​မော​ရှေ​အား မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော​ပ္ဂိုလ် များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ အ​နွယ် ခေါင်း​ဆောင် ယု​ဒ ယေ​ဖုန္နာ​၏​သား​ကာ​လက် ရှိ​မောင် အ​မိ​ဟုဒ်​၏​သား​ရှေ​မွေ​လ ဗ​င်္ယာ​မိန် ခိ​သ​လုန်​၏​သား​ဧ​လိ​ဒဒ် ဒန် ယော​ဂ​လိ​၏​သား​ဗုက္ကိ မ​နာ​ရှေ ဧ​ဖုဒ်​၏​သား​ဟံ​ယေ​လ ဧ​ဖ​ရိမ် ရှိ​ဖ​တန်​၏​သား​ကေ​မွေ​လ ဇာ​ဗု​လုန် ပါ​နက်​၏​သား​ဧ​လိ​ဇ​ဖန် ဣသ​ခါ အဇ္ဇန်​၏​သား ပါ​လ​တေ​လ အာ​ရှာ ရှေ​လော​မိ​၏​သား​အ​ဘိ​ဟုဒ် န​ဿ​လိ အ​မိ​ဟုဒ်​၏​သား​ပေ​ဒ​ဟေ​လ


အ​ထက်​ပါ​အ​ချက်​များ​ကို​ထောက်​၍​မည်​သို့ ဆို​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက် ၌​ရှိ​တော်​မူ​လျှင်​အ​ဘယ်​သူ​မျှ​ငါ​တို့​အား ဆန့်​ကျင်​နိုင်​မည်​မ​ဟုတ်။-


မ​ကွဲ​မ​ကွာ​စေ​သည်​သာ​မ​က​ငါ​တို့​သည်​ထို အ​တွေ့​အ​ကြုံ​ခပ်​သိမ်း​တို့​နှင့်​ဆိုင်​ရာ​တွင် ငါ တို့​ကို​ချစ်​တော်​မူ​သော​အ​ရှင်​အား​ဖြင့်​အ​ထူး အောင်​မြင်​လျက်​ရှိ​ကြ​၏။-


ခ​ရစ်​တော်​ထံ​မှ​ရ​ရှိ​သည့်​စွမ်း​ရည်​အား​ဖြင့် ငါ​သည်​မည်​သည့်​အ​ခြေ​အ​နေ​မျိုး​ကို​မ​ဆို ရင်​ဆိုင်​နိုင်​၏။


ထို​သူ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​တိုင်း နိုင်​ငံ​များ​ကို​နှိမ်​နင်း​အောင်​မြင်​ခဲ့​ကြ​၏။ အ​မှန် တ​ရား​ကို​ကျင့်​သုံး​၍​ဘု​ရား​သ​ခင်​၏​က​တိ တော်​အ​တိုင်း​ခံ​စား​ခဲ့​ကြ​၏။ ခြင်္သေ့​များ​၏​နှုတ် ကို​ပိတ်​ခဲ့​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ