ယောရှု 18:3 - Common Language Bible3 သို့ဖြစ်၍ယောရှုကဣသရေလအမျိုး သားတို့အား``သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကသင်တို့ကို ပေး တော်မူသောပြည်ကိုမသိမ်းယူဘဲအဘယ် မျှကြာအောင်စောင့်ဆိုင်းနေကြပါမည်နည်း။- အခန်းကိုကြည့်ပါ။Garrad Bible3 ဣ သ ရေ လ အ မျိုး သား တို့ အား ယော ရှု က၊ ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး တော် မူ ခဲ့ သော ပြည် ကို လုံး ဝ ပိုင် ဆိုင် ရန် ဖင့် နွှဲ ကြ သည် မှာ မည် မျှ ကြာ ဦး မည် နည်း။ အခန်းကိုကြည့်ပါ။Judson Bible3 ယောရှုက၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောမြေကို သင်တို့သည် မသိမ်းမယူဘဲ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထို့ကြောင့် ယောရှုက အစ္စရေးအမျိုးသားတို့အား “ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်ကို သွားရောက်သိမ်းပိုက်ရန် မည်မျှအချိန်ဆွဲနေဦးမည်နည်း။ အခန်းကိုကြည့်ပါ။ |
ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။
သင်တို့၏အနွယ်တစ်နွယ်လျှင်သုံးယောက် ကျရွေးချယ်၍ငါ့ထံသို့ခေါ်ဆောင်ခဲ့လော့။ ထိုသူတို့သည်မိမိတို့အတွက် နှစ်သက်ရာ နယ်မြေကိုပိုင်းခြားသတ်မှတ်ပေးရန်သူ တို့အားတစ်ပြည်လုံးသို့ငါစေလွှတ်မည်။ သူတို့သည်ယင်းသို့နယ်မြေတို့ကိုသတ်မှတ် ပေးပြီးသောအခါ ငါ့ထံသို့ပြန်လာရ ကြမည်။-