သူကြီး 13:20 - Common Language Bible ယဇ်ပလ္လင်မှမီးလျှံများအထက်သို့တက်လျက်နေ စဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည်မီး လျှံထဲမှနေ၍ ကောင်းကင်ဘုံသို့တက်သွားသည် ကိုမာနော်တို့ဇနီးမောင်နှံတွေ့မြင်ရကြလေ သည်။ ထိုအခါကျမှထိုသူသည်ကောင်းကင် တမန်ဖြစ်ကြောင်းကိုမာနော်သိရှိရသတည်း။ သို့ဖြစ်၍သူတို့ဇနီးမောင်နှံနှစ်ယောက်သည် မြေပေါ်သို့ပျပ်ဝပ်လိုက်ကြ၏။ ထိုကောင်းကင် တမန်ကိုမူကားနောက်တစ်ဖန်အဘယ်အခါ ၌မျှသူတို့မတွေ့မမြင်ရကြတော့ချေ။ Garrad Bible ပူ ဇော် ရာ ပ လ္လင် မှ ကောင်း ကင် သို့ တက် လွင့် သော မီး လျှံ အ တွင်း တက် ကြွ သ တည်း။ ထို အ ခါ မာ နော် ဇ နီး ခင် ပွန်း တို့ ရှု ကြည့် လျက် ပျပ် ဝပ် ရှိ ခိုး ကြ လေ ၏။ Judson Bible မီးလျှံသည် ယဇ်ပလ္လင်ပေါ်က မိုးကောင်းကင်သို့ တက်စဉ်တွင်၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ယဇ်ပလ္လင်မီးလျှံ၌ တက်လေ၏။ မာနော်လင်မယားတို့သည် ကြည့်၍မြင်လျှင် မြေပေါ်မှာ ပျပ်ဝပ်လျက်နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပလ္လင်မှမီးလျှံသည် ကောင်းကင်သို့တက်နေ၍ ထာဝရဘုရား၏ကောင်းကင်တမန်သည်လည်း ယဇ်ပလ္လင်မှမီးလျှံနှင့်အတူ တက်သွား၏။ ထိုသို့မြင်ရလျှင် မာနော်နှင့် သူ့မယားသည် မြေပေါ်သို့ ချက်ချင်းပျပ်ဝပ်လေ၏။ |
သူတို့သည်စကားပြောလျက်ဆက်လက်လျှောက် သွားကြစဉ် ရုတ်တရက်သူတို့နှစ်ယောက်၏စပ် ကြား၌ မီးမြင်းများကလျက်မီးလျှံထနေ သောရထားတစ်စီးပေါ်လာပြီးလျှင် ဧလိယ အားလေပွေဖြင့်ကောင်းကင်ဘုံသို့ဆောင်ယူ သွားလေ၏။-
ကောင်းကင်တမန်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးပစ်ရန် ဋ္ဌားကိုကိုင်ကာလေထဲတွင် ရပ်နေသည်ကိုဒါဝိဒ်မြင်လေ၏။ ထိုအခါ သူသည်ဣသရေလပြည်သားခေါင်းဆောင် များနှင့်အတူ မြေသို့တိုင်အောင်ဦးညွှတ် ပျပ်ဝပ်လိုက်၏။ သူတို့အားလုံးပင်လျှင် လျှော်တေအဝတ်ကိုဝတ်ဆင်ထားသတည်း။-
အရောနသည်ချဉ်းလာသောဒါဝိဒ်မင်း ကိုမြင်လျှင် ကောက်နယ်ရာမှထွက်လာ၍ မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လေ၏။-
ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် တော်မူပြီးလျှင် မီးရှို့ရာယဇ်နှင့်မိတ်သဟာ ယယဇ်တို့ကိုပူဇော်တော်မူ၏။ မင်းကြီး ဆုတောင်းပတ္ထနာပြုသောအခါထာဝရ ဘုရားသည်ပလ္လင်ပေါ်ရှိယဇ်ကောင်များ ကိုမီးရှို့ရန်အတွက် ကောင်းကင်မှမီးကို ချပေးတော်မူ၏။ ဤနည်းအားဖြင့်မင်း ကြီး၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူသတည်း။
ဘုရားသခင်သည်မိမိ၏ရာဇပလ္လင်တော်သို့ တက်ကြွတော်မူ၏။ ထာဝရဘုရားတက်ကြွတော်မူသောအခါ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော်သည့်အသံ များနှင့် တံပိုးခရာမှုတ်သံများကိုကြားရကြ၏။
ထိုလိပ်ခုံးမိုးအပေါ်၌နီလာဖြင့်ပြီးသည့်ရာဇပလ္လင်နှင့်တူသောအရာတစ်ခုရှိ၏။ ထိုရာဇပလ္လင်ပေါ်တွင်လူပုံသဏ္ဌာန်ရှိသူတစ်ဦးထိုင်နေ၏။-
ယင်းသို့ထွန်းလင်းတောက်ပသောအရောင်အဝါသည် မိုးတိမ်များ၌ဖြစ်ပေါ်တတ်သောသက်တံနှင့်တူ၏။ ဤကားထာဝရဘုရား၏ဘုန်းအသရေတော်ကို ဖော်ပြသောတောက်ပသည့်အလင်းရောင်ဖြစ်သတည်း။
ထိုသူ၏စကားသံကိုကြားသောအခါ ငါသည်မြေပေါ်သို့ဝမ်းလျားမှောက်လဲ ကျကာသတိမေ့လျက်နေ၏။-
ထို့နောက်ထာဝရဘုရားသည်မီးလျှံကို ရုတ်တရက်ကျရောက်စေပြီးလျှင် ယဇ်ပလ္လင် ပေါ်ရှိမီးရှို့ရာယဇ်ကောင်နှင့်အဆီများကို လောင်ကျွမ်းစေသည်။ လူအပေါင်းတို့သည် ထို အခြင်းအရာကိုမြင်ကြသောအခါကြွေး ကြော်၍ပျပ်ဝပ်ကြ၏။
ထိုအသံကိုတပည့်တော်တို့ကြားသောအခါ လွန်စွာကြောက်လန့်၍ပျပ်ဝပ်လျက်နေကြ၏။-
သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။
သို့ဖြစ်၍ဂိဒေါင်သည်မိမိအိမ်သို့ပြန်ပြီး လျှင် ဆိတ်ငယ်တစ်ကောင်ကိုချက်ပြုတ်၏။ တဆေးမဲ့မုန့်ညက်တစ်တင်းဖြင့်မုန့်ကို ပြင်ဆင်၏။ ထိုနောက်ဆိတ်သားကိုတောင်း နှင့်လည်းကောင်း၊ ဆိတ်ပြုတ်ရည်ကိုအိုးတစ် လုံး၌လည်းကောင်းထည့်၍ ကောင်းကင်တမန် ရှိရာသပိတ်ပင်အောက်သို့ယူဆောင်လာပြီး လျှင်သူ့အားဆက်လေသည်။-
ထိုအခါကောင်းကင်တမန်သည်လက်ကိုဆန့်၍ မိမိကိုင်ထားသည့်တုတ်ဖျားဖြင့်ဆိတ်သားနှင့် မုန့်တို့ကိုတို့ထိလိုက်ရာ ကျောက်ထဲမှမီးလျှံ ထွက်၍ဆိတ်သားနှင့်မုန့်တို့ကိုကျွမ်းလောင် စေ၏။ ထိုနောက်ကောင်းကင်တမန်သည်ပျောက် ကွယ်သွားလေသည်။