Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 6:21 - Common Language Bible

21 ထို​အ​ခါ​ကောင်း​ကင်​တ​မန်​သည်​လက်​ကို​ဆန့်​၍ မိ​မိ​ကိုင်​ထား​သည့်​တုတ်​ဖျား​ဖြင့်​ဆိတ်​သား​နှင့် မုန့်​တို့​ကို​တို့​ထိ​လိုက်​ရာ ကျောက်​ထဲ​မှ​မီး​လျှံ ထွက်​၍​ဆိတ်​သား​နှင့်​မုန့်​တို့​ကို​ကျွမ်း​လောင် စေ​၏။ ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ပျောက် ကွယ်​သွား​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 စေ တ မန် တော် သည် ကိုင် ဆောင် သော တောင် ဝှေး ကို ဆန့် တန်း လျက် အ မဲ သား နှင့် မုန့် ပြား များ ကို တို့ သ ဖြင့် ကျောက် ဖျာ မှ မီး တောက်၍၊ အ မဲ သား နှင့် မုန့် ပြား များ ကို ကျွမ်း လောင် ရာ တွင် ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် လည်း ကွယ် သွား လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ကိုင်​သော တောင်​ဝှေး​ကို​ဆန့်၍၊ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို တို့​သ​ဖြင့်၊ ကျောက်​ထဲ​က​မီး​ထ၍ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို လောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကွယ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် လက်​ထဲရှိ တောင်ဝှေး​ကို ဆန့်​၍ အသား​နှင့်​တဆေးမဲ့မုန့်​ကို တို့​သောအခါ ထို​ကျောက်​မှ မီးတောက်​ထွက်​၍ အသား​နှင့် တဆေးမဲ့မုန့်​ကို လောင်ကျွမ်း​သွား​၏​။ ထိုစဉ် ထာဝရဘုရား​၏​ကောင်းကင်တမန်​က ဂိဒေါင်​ရှေ့​မှ ပျောက်သွား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 6:21
8 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ကို​ချ​ပေး​တော်​မူ​သ​ဖြင့် ယဇ်​ပူ​ဇော်​သကာ​နှင့်​တ​ကွ​ထင်း​နှင့်​ကျောက်​တုံး​များ ပါ​ကျွမ်း​လောင်​သွား​သည့်​အ​ပြင် မြေ​ကြီး​သည်​လည်း မီး​ကျွမ်း​၍​မြောင်း​ထဲ​ရှိ​ရေ​ကို​ခန်း​ခြောက်​စေ​၏။-


ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင်​ကို​တည် တော်​မူ​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ ယ​ယဇ်​တို့​ကို​ပူ​ဇော်​တော်​မူ​၏။ မင်းကြီး ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​ပလ္လင်​ပေါ်​ရှိ​ယဇ်​ကောင်​များ ကို​မီး​ရှို့​ရန်​အ​တွက် ကောင်း​ကင်​မှ​မီး​ကို ချ​ပေး​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​မင်း ကြီး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​သ​တည်း။


ထို​သို့​ရှော​လ​မုန်​မင်း​ပတ္ထ​နာ​ပြု​ပြီး​သော​အ​ခါ မိုး​ကောင်း​ကင်​မှ​မီး​လျှံ​ကျ​၍ ပူ​ဇော်​သ​ကာ တို့​ကို​ကျွမ်း​လောင်​သွား​စေ​၏။ ထို​နောက်​ဗိ​မာန် တော်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော ဘုန်း​အသ​ရေ​တော်​ဖြင့်​ပြည့်​လေ​၏။-


ဟေ​ရှာ​ယ​က``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ က​တိ​တော်​အ​တိုင်း​ပြု​တော်​မူ​မည်​ဖြစ်​ကြောင်း အ​ရှင်​သိ​ရှိ​စေ​ရန်​နိ​မိတ်​လက္ခ​ဏာ​တစ်​ခု ကို​ပြ​တော်​မူ​ပါ​လိမ့်​မည်။-


ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မီး​လျှံ​ကို ရုတ်​တ​ရက်​ကျ​ရောက်​စေ​ပြီး​လျှင် ယဇ်​ပလ္လင် ပေါ်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​နှင့်​အ​ဆီ​များ​ကို လောင်​ကျွမ်း​စေ​သည်။ လူ​အ​ပေါင်း​တို့​သည် ထို အ​ခြင်း​အ​ရာ​ကို​မြင်​ကြ​သော​အ​ခါ​ကြွေး ကြော်​၍​ပျပ်​ဝပ်​ကြ​၏။


သို့​ဖြစ်​၍​မာ​နော်​သည်​ဆိတ်​ငယ်​တစ်​ကောင်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ကျောက်​ယဇ်​ပလ္လင်​ပေါ် တွင်​တင်​ပြီး​လျှင် အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် လေ​၏။-


ယဇ်​ပလ္လင်​မှ​မီးလျှံ​များ​အ​ထက်​သို့​တက်​လျက်​နေ စဉ် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည်​မီး လျှံ​ထဲ​မှ​နေ​၍ ကောင်း​ကင်​ဘုံ​သို့​တက်​သွား​သည် ကို​မာ​နော်​တို့​ဇ​နီး​မောင်​နှံ​တွေ့​မြင်​ရ​ကြ​လေ သည်။ ထို​အ​ခါ​ကျ​မှ​ထို​သူ​သည်​ကောင်း​ကင် တ​မန်​ဖြစ်​ကြောင်း​ကို​မာ​နော်​သိ​ရှိ​ရ​သ​တည်း။ သို့​ဖြစ်​၍​သူ​တို့​ဇ​နီး​မောင်​နှံ​နှစ်​ယောက်​သည် မြေ​ပေါ်​သို့​ပျပ်​ဝပ်​လိုက်​ကြ​၏။ ထို​ကောင်း​ကင် တ​မန်​ကို​မူ​ကား​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​သူ​တို့​မ​တွေ့​မ​မြင်​ရ​ကြ​တော့​ချေ။


ကောင်း​ကင်​တ​မန်​က``ဆိတ်​သား​နှင့်​မုန့်​တို့​ကို ယူ​၍​ဤ​ကျောက်​ပေါ်​တွင်​တင်​၍ ဆိတ်​ပြုတ် ရည်​ဖြင့်​သွန်း​လောင်း​လော့'' ဟု​ဆို​၏။ ဤ​သို့ ဆို​သည့်​အ​တိုင်း​ဂိ​ဒေါင်​ပြု​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ