ထိုအမိန့်တော်သည်ပေရသိအင်ပါယာ နိုင်ငံတစ်ဝှန်းလုံး၌ယုဒအမျိုးသား တို့အား သတ်ဖြတ်ရန်သတ်မှတ်ထားသည့် အာဒါခေါ်ဒွါဒသမလဆယ့်သုံးရက် နေ့မှအစပြု၍အတည်ဖြစ်စေရမည်။-
သူကြီး 1:6 - Common Language Bible သူသည်ထွက်ပြေးလေသည်။ သူတို့သည်ထို မင်းအားလိုက်လံဖမ်းဆီးပြီးလျှင် သူ၏ လက်မခြေမများကိုဖြတ်တောက်ပစ် ကြ၏။- Garrad Bible အ ဒေါ နိ ဗေ ဇက် မင်း ပြေး လေ သော်၊ ယု ဒ အ နွယ် လိုက် လံ ဖမ်း ဆီး၍ လက် မ၊ ခြေ မ များ ကို ဖြတ် ကြ လေ ၏။ Judson Bible အဒေါနိဗေဇက်သည် ပြေးလေ၏။ ယုဒလူတို့သည် လိုက်၍ဖမ်းမိပြီးလျှင် လက်မ၊ ခြေမတို့ကို ဖြတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အဒေါနိဗေဇက်မင်းကြီး ထွက်ပြေးသဖြင့် သူ့ကိုလိုက်လံဖမ်းဆီးပြီး သူ၏ခြေမ၊ လက်မတို့ကိုဖြတ်ပစ်လေ၏။ |
ထိုအမိန့်တော်သည်ပေရသိအင်ပါယာ နိုင်ငံတစ်ဝှန်းလုံး၌ယုဒအမျိုးသား တို့အား သတ်ဖြတ်ရန်သတ်မှတ်ထားသည့် အာဒါခေါ်ဒွါဒသမလဆယ့်သုံးရက် နေ့မှအစပြု၍အတည်ဖြစ်စေရမည်။-
ကိုယ်တော်သည်ယင်းသို့ဖိစီးနှိပ်စက်သူများအား စက်ဆုပ်ရွံရှာ၍ လမ်းမရှိသည့်သဲကန္တာရတွင်လှည့်လည် သွားလာစေတော်မူ၏။
အို ဘုရားသခင်၊ သူတို့အားသတ်တော်မမူပါနှင့်။ သတ်လျှင်ကျွန်တော်မျိုး၏အမျိုးသားတို့သည် သတိမရဘဲမေ့သွားပါလိမ့်မည်။ ကျွန်တော်မျိုးအားကာကွယ်စောင့်ထိန်း တော်မူသောအရှင်၊ ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ထိုသူတို့ကိုကစဥ့်ကလျားဖြစ်စေတော် မူ၍ အရေးရှုံးနိမ့်စေတော်မူပါ။
ထာဝရဘုရားကမောရှေအား``သင်၏လက် ကိုပင်လယ်ပေါ်သို့ဆန့်၍ အီဂျစ်အမျိုးသား နှင့်သူတို့၏ရထားတပ်၊ မြင်းတပ်တို့အပေါ် သို့ရေပြန်၍စီးစေလော့'' ဟုမိန့်တော်မူ၏။-
သိုးကိုသတ်၍သွေးအနည်းငယ်ကိုအာရုန် နှင့်သူ၏သားများ၏ယာဘက်နားပျဉ်း၊ ယာ ဘက်လက်မနှင့်ယာဘက်ခြေမတို့ကိုသုတ် ရမည်။ ကျန်ရှိနေသောသွေးကိုယဇ်ပလ္လင်၏ လေးဘက်လေးတန်အပေါ်သို့ပက်ဖျန်းရ မည်။-
သို့သော်လည်းသင်တို့သည်ငါ၏စကားကို နားမထောင်၊ မိမိတို့ဟေဗြဲအမျိုးသား အချင်းချင်းတို့အားလည်း လွတ်လပ်ခွင့် မပေးခဲ့ကြဟုငါထာဝရဘုရားမြွက် ဆို၏။ ထို့ကြောင့်သင်တို့အားစစ်ဘေး၊ အနာ ရောဂါဘေးနှင့်ငတ်မွတ်ခေါင်းပါးခြင်းဘေး တို့ဖြင့် လွတ်လပ်စွာသေရခြင်းတည်းဟူ သောလွတ်လပ်ခွင့်ကိုငါပေးမည်။ ငါသည် သင်တို့အားပြုသည့်အမှုကြောင့် ကမ္ဘာပေါ် ရှိလူမျိုးတကာတို့သည်ထိတ်လန့်တုန် လှုပ်ကြလိမ့်မည်။-
မြို့ပတ်လည်တွင်စစ်တိုက်သံများကိုကြွေး ကြော်ကြလော့။ ယခုဗာဗုလုန်မြို့သည် လက်နက်ချလေပြီ။ မြို့တံတိုင်းတို့သည် ကျိုးပေါက်ပြိုကျသွားလေပြီ။ ငါသည် ဗာဗုလုန်အမျိုးသားတို့အားလက်စား ချေလျက်နေသည်ဖြစ်၍ သင်တို့သည်သူတို့ အပေါ်၌လက်စားချေကြလော့။ သူတစ်ပါး တို့အားသူတို့ပြုကျင့်ခဲ့ကြသည့်အတိုင်း သူတို့အားပြုကျင့်ကြလော့။-
ကာလက်က``ကိရယဿေဖာမြို့ကိုသိမ်း ယူနိုင်သူအားငါ၏သမီးအာခသနှင့် ထိမ်းမြားပေးမည်'' ဟုဆိုလျှင်၊-
ထိုမြို့တွင်သူတို့သည်အဒေါနိဗေဇက် မင်းကိုတွေ့၍သူ့အားတိုက်ခိုက်သဖြင့်၊-
အဒေါနိဗေဇက်က``ငါသည်ဘုရင်ခုနစ်ဆယ် တို့အားခြေမလက်မများဖြတ်တောက်ပစ်ခဲ့၏။ သူတို့သည်ငါ၏စားပွဲအောက်မှစားကြွင်းစား ကျန်များကိုကောက်၍စားခဲ့ကြရ၏။ ယခုမှာ မူဘုရားသခင်သည် ထိုသူတို့အားငါပြုခဲ့ သည်အတိုင်းငါ့ကိုပြုတော်မူလေပြီ'' ဟု ဆို၏။ သူသည်ယေရုရှလင်မြို့သို့ခေါ်ဆောင် ခြင်းကို ခံရပြီးလျှင်ထိုမြို့၌ပင်ကွယ်လွန် သွားလေ၏။