သူကြီး 1:7 - Common Language Bible7 အဒေါနိဗေဇက်က``ငါသည်ဘုရင်ခုနစ်ဆယ် တို့အားခြေမလက်မများဖြတ်တောက်ပစ်ခဲ့၏။ သူတို့သည်ငါ၏စားပွဲအောက်မှစားကြွင်းစား ကျန်များကိုကောက်၍စားခဲ့ကြရ၏။ ယခုမှာ မူဘုရားသခင်သည် ထိုသူတို့အားငါပြုခဲ့ သည်အတိုင်းငါ့ကိုပြုတော်မူလေပြီ'' ဟု ဆို၏။ သူသည်ယေရုရှလင်မြို့သို့ခေါ်ဆောင် ခြင်းကို ခံရပြီးလျှင်ထိုမြို့၌ပင်ကွယ်လွန် သွားလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 အ ဒေါ နိ ဗေ ဇက် မင်း က၊ ဘု ရင် မင်း ခု နစ် ကျိပ် တို့ သည် လက် မ၊ ခြေ မ ပြတ် သည် နှင့် အ ထက် က ငါ့ စား ပွဲ အောက် တွင် ကောက် စား ကြ ဖူး ပြီ။ ငါ စီ ရင် ခဲ့ သည့် အ လျောက် ငါ ၌ လည်း ဘု ရား သ ခင် စီ ရင် တော် မူ ပြီ ဟု ဝန် ခံ ပြီး နောက်၊ ယေ ရု ရှ လင် မြို့ သို့ ပို့ ထား ကြ ရာ ကွယ် လွန် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible7 အဒေါနိဗေဇက်ကလည်း၊ လက်မနှင့် ခြေမဖြတ်သော မင်းကြီးခုနစ်ဆယ်တို့သည်၊ အထက်က ငါ့စားပွဲအောက်၌ စားနုပ်စားပေါက်ကို ကောက်၍ စားရကြ၏။ ငါပြုဖူးသည်အတိုင်း၊ ဘုရားသခင်သည် ငါ၌အပြစ်ပေးတော်မူပြီဟု ဆို၏။ ထိုမင်းကို ယေရုရှလင်မြို့သို့ပို့၍ သူသည် ထိုမြို့မှာသေလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။ အခန်းကိုကြည့်ပါ။ |
ပညတ်တရား၏ပြဋ္ဌာန်းချက်များသည်ထို သူတို့၏နှလုံးသားတွင်ရေးသားထားလျက် ရှိကြောင်း သူတို့၏အပြုအမူများကထောက် ခံ၏။ သူတို့၏သြတ္တပ္ပစိတ်ကလည်းထောက်ခံ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏စိတ်နှလုံး သည် တစ်ခါတစ်ရံသူတို့ကိုပြစ်တင်၍ တစ်ခါ တစ်ရံလည်းသူတို့ကိုထောက်ခံသောကြောင့် ဖြစ်၏။-
ငါတို့၏ရန်သူများသည်အမင်္ဂလာရှိကြ ၏။ မိမိတို့အားအဘယ်သူမျှတိုက်ခိုက်လု ယက်မှုကိုမပြု၊ သစ္စာလည်းမဖောက်ကြသော် လည်းသူတို့ကလုယက်တိုက်ခိုက်ကာသစ္စာ ဖောက်ကြ၏။ သို့ရာတွင်သူတို့လုယက်တိုက် ခိုက်၍သစ္စာဖောက်ရန်အချိန်ကာလကုန်ဆုံး ချိန်ကျရောက်လာလိမ့်မည်။ ထိုအခါသူတို့ သည်လုယက်တိုက်ခိုက်ခြင်းနှင့်သစ္စာဖောက် ခြင်းကိုခံရကြလိမ့်မည်။
ငါထာဝရဘုရားက`သင်သည်လူကိုသတ်ပြီး နောက် ထိုသူ၏ဥစ္စာကိုသိမ်းယူပါမည်လော' ဟု မိန့်တော်မူကြောင်းသူ့အားပြောကြားလော့။ `ခွေး တို့သည်နာဗုတ်၏သွေးကိုလျက်ကြသည့်အရပ် ၌ပင်လျှင် သင်၏သွေးကိုလျက်ကြလိမ့်မည်' ဟု ငါမိန့်တော်မူကြောင်းကိုလည်းသူ့အားပြော ကြားလော့'' ဟုမိန့်မှာတော်မူ၏။
သင့်ကိုညှင်းပန်းနှိပ်စက်သူများအားငါ အပြစ်ဒဏ် ခတ်မည့်အချိန်ကာလကျရောက်လာလိမ့် မည်။ ငါသည်ခြေမစွမ်းမသန်သူအပေါင်းကို ကယ်ဆယ်၍၊ ပြည်နှင်ဒဏ်သင့်သူများကိုမိမိတို့ပြည်သို့ ခေါ်ဆောင်လာမည်။ သူတို့၏အရှက်ရမှုကိုဂုဏ်အသရေရှိမှု အဖြစ်သို့ပြောင်းလဲစေမည်။ ကမ္ဘာသူကမ္ဘာသားတို့သူတို့ကို ချီးကူးထောမနာပြုကြလိမ့်မည်။