ထွက်မြောက် 14:26 - Common Language Bible26 ထာဝရဘုရားကမောရှေအား``သင်၏လက် ကိုပင်လယ်ပေါ်သို့ဆန့်၍ အီဂျစ်အမျိုးသား နှင့်သူတို့၏ရထားတပ်၊ မြင်းတပ်တို့အပေါ် သို့ရေပြန်၍စီးစေလော့'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible26 ထာ ဝ ရ ဘု ရား က လည်း ရ ထား တပ်၊ မြင်း တပ် စ သော အိ ဂျစ် တပ် များ အ ပေါ် သို့ ရေ ပြန် စီး စေ ခြင်း ငှါ ပင် လယ် ပေါ် တွင် လက် ဆန့် လော့ ဟု မော ရှေ အား မိန့် တော် မူ သည် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible26 ထာဝရဘုရားကလည်း၊ ပင်လယ်ရေသည် အဲဂုတ္တုလူများ၊ ရထားများ၊ မြင်းစီးသူရဲများတို့အပေါ်သို့ပြန်စေခြင်းငှာ၊ ပင်လယ်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 တစ်ဖန် ထာဝရဘုရားက မောရှေအား “အီဂျစ်လူမျိုးတို့နှင့် သူတို့၏စစ်ရထားများ၊ မြင်းစီးသူရဲများအပေါ်သို့ ရေပြန်စီးလာစေရန် ပင်လယ်အပေါ်သို့ သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်မောရှေနှင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားအောက်ပါ ထောမနာပြုသီချင်းကိုဆိုကြသည်။ ``ထာဝရဘုရားသည်အောင်ပွဲကြီးခံရ ပြီဖြစ်၍ ကိုယ်တော်၏ဂုဏ်တော်ကိုထောမနာပြု ပါမည်။ ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲတို့ကို ပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ။
တစ်ဖန်ထာဝရဘုရားက မောရှေကိုမိန့်တော် မူသည်မှာ ``အာရုန်အား သင်သည်အီဂျစ်ပြည် တွင်ရှိသမျှသော မြစ်၊ ချောင်း၊ အင်း၊ အိုင်ရေ လှောင်ကန်တို့၏ရေပေါ်၌ တောင်ဝှေးကိုကိုင်၍ လက်ဆန့်လော့။ တစ်ပြည်လုံးတွင်သစ်သားခွက်၊ ကျောက်ခွက်တို့ပါမကျန်ရှိသမျှသောရေ တို့သည်သွေးဖြစ်လိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။