ထွက်မြောက် 14:26 - မြန်မာ့စံမီသမ္မာကျမ်း26 တစ်ဖန် ထာဝရဘုရားက မောရှေအား “အီဂျစ်လူမျိုးတို့နှင့် သူတို့၏စစ်ရထားများ၊ မြင်းစီးသူရဲများအပေါ်သို့ ရေပြန်စီးလာစေရန် ပင်လယ်အပေါ်သို့ သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible26 ထာဝရဘုရားကမောရှေအား``သင်၏လက် ကိုပင်လယ်ပေါ်သို့ဆန့်၍ အီဂျစ်အမျိုးသား နှင့်သူတို့၏ရထားတပ်၊ မြင်းတပ်တို့အပေါ် သို့ရေပြန်၍စီးစေလော့'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible26 ထာ ဝ ရ ဘု ရား က လည်း ရ ထား တပ်၊ မြင်း တပ် စ သော အိ ဂျစ် တပ် များ အ ပေါ် သို့ ရေ ပြန် စီး စေ ခြင်း ငှါ ပင် လယ် ပေါ် တွင် လက် ဆန့် လော့ ဟု မော ရှေ အား မိန့် တော် မူ သည် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible26 ထာဝရဘုရားကလည်း၊ ပင်လယ်ရေသည် အဲဂုတ္တုလူများ၊ ရထားများ၊ မြင်းစီးသူရဲများတို့အပေါ်သို့ပြန်စေခြင်းငှာ၊ ပင်လယ်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ထာဝရဘုရားက “သင်သည် အာရုန်အား ‘သင်၏တောင်ဝှေးကိုယူ၍ မြစ်များ၊ ချောင်းများ၊ ရေအိုင်များ၊ ရေလှောင်ကန်များစသည့် အီဂျစ်ပြည်ရှိရေရှိသမျှအပေါ်သို့ သင်၏လက်ကိုဆန့်လော့။ ထိုအခါ ရေသည် သွေးဖြစ်သွားလိမ့်မည်။ အီဂျစ်ပြည်တစ်ပြည်လုံးတွင် သစ်သားခွက်များနှင့်ကျောက်ခွက်များထဲ၌ပါမကျန် သွေးဖြစ်လိမ့်မည်’ဟူ၍ ပြောလော့”ဟု မောရှေအား မိန့်တော်မူ၏။