သူ၏မယားစာရာသည်မိမိ၏နှမဖြစ်သည် ဟုဆို၏။ ထို့ကြောင့်ဂေရာဘုရင်အဘိမလက် ကစာရာကိုသိမ်းပိုက်လေသည်။-
သုတ္တံကျမ်း။ 6:29 - Common Language Bible သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊ Garrad Bible ထို နည်း တူ၊ သူ့ မ ယား ထံ ဝင် ရောက် မှား ယွင်း သော သူ သည်၊ အ ပြစ် ဒဏ် နှင့် မ ကင်း မ လွတ် ရာ။ Judson Bible သူ့မယားထံသို့ ဝင်သောသူသည် ထိုနည်းတူဖြစ်၏။ သူ့မယားကို ပြစ်မှားသောသူမည်သည်ကား၊ အပြစ်နှင့် မကင်းမလွတ်နိုင်ရာ၊ မြန်မာ့စံမီသမ္မာကျမ်း မိမိအိမ်နီးချင်း၏မယားထံသို့ ဝင်သောသူသည်လည်း ထိုနည်းတူဖြစ်၏။ ထိုမိန်းမနှင့်ထိတွေ့သောသူမှန်သမျှ အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။ |
သူ၏မယားစာရာသည်မိမိ၏နှမဖြစ်သည် ဟုဆို၏။ ထို့ကြောင့်ဂေရာဘုရင်အဘိမလက် ကစာရာကိုသိမ်းပိုက်လေသည်။-
ငိုကြွေးမြည်တမ်းချိန်ကုန်လွန်သောအခါဒါဝိဒ် သည် သူ့အားနန်းတော်သို့ခေါ်စေ၍မိဖုရားမြှောက် ရာသားတော်ကိုဖွားမြင်လေသည်။ သို့ရာတွင် ထာဝရဘုရားသည်ဒါဝိဒ်ပြုခဲ့သည့်အမှု ကိုနှစ်သက်တော်မမူ။
အဟိသောဖေလက``နန်းတော်ကိုစောင့်စေ ရန်အရှင့်ခမည်းတော်ထားခဲ့သောမောင်းမ များရှိရာသို့ဝင်၍ ကိုယ်လက်နှီးနှောမှုကို ပြုတော်မူပါ။ သို့ပြုလျှင်ခမည်းတော်သည် အရှင့်အားရန်သူအဖြစ်သတ်မှတ်ကြောင်း လူအပေါင်းတို့သိသောအခါအရှင်၏ နောက်လိုက်နောက်ပါတို့သည်အလွန်အား ရကြပါလိမ့်မည်'' ဟုလျှောက်၏။-
``သူတစ်ပါး၏အိမ်ကိုလိုချင်တပ်မက်သော စိတ်မရှိနှင့်။ သူတစ်ပါး၏မယား၊ ကျေးကျွန်၊ နွား၊ မြည်းမှစ၍သူပိုင်ဆိုင်သမျှတို့ကို မတပ်မက်နှင့်'' ဟုမိန့်တော်မူသတည်း။
မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် အသင်းဖွဲ့သော် လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။
သူသည်ဣသရေလအမျိုးသားတို့ကိုးကွယ် သောရုပ်တုတို့ကိုမကိုးကွယ်။ တောင်ပေါ်ရှိ ကိုးကွယ်ရာဌာနများတွင် ယဇ်ပူဇော်သည့် အသားကိုမစား။ သူတစ်ပါး၏အိမ်ရာကို မပြစ်မှား။ ရာသီလာနေသောမိန်းမနှင့်လည်း မဆက်ဆံ။-
သင့်အထဲ၌အချို့သောသူတို့သည်သူ တစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မိမိတို့၏ ချွေးမများကိုသော်လည်းကောင်း၊ အဖေတူ အမေကွဲနှမများကိုသော်လည်းကောင်း ဖြားယောင်းပြစ်မှားကြ၏။-
သင်တို့သည်မိမိတို့၏ဋ္ဌားကိုအားကိုး ကြ၏။ သင်တို့အကျင့်များသည်လည်းစက် ဆုပ်ဖွယ်ကောင်း၏။ လူတိုင်းပင်သူတစ်ပါး ၏အိမ်ရာကိုပြစ်မှားကြ၏။ သို့ပါလျက် ဤပြည်ကိုသင်တို့အပိုင်ရပြီဟုအဘယ် ကြောင့်ထင်မှတ်ကြသနည်း။
သူတစ်ပါး၏မယားနှင့်ကာမစပ်ယှက်ခြင်း မပြုရ။ ထိုသို့ပြုလျှင်သင်သည်ဘာသာ ရေးထုံးနည်းအရမသန့်စင်ချေ။-
တစ်စုံတစ်ယောက်သည် ဣသရေလအမျိုးသားချင်း၏မယားနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။-
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
သင်တို့ရေးသားပေးပို့လိုက်သောစာတွင် ပါ ရှိသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ဖြေကြားအံ့။ အမျိုးသားသည်အိမ်ထောင် မပြုဘဲနေနိုင်လျှင်ကောင်း၏။-