သုတ္တံကျမ်း။ 29:12 - Common Language Bible မင်းသည်မုသာစကားကို နားထောင်လျှင်၊ ကျွန် အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည်။ Garrad Bible မင်း သည်၊ မု သာ စ ကား ကို နား စိုက် လျှင်၊ အ မှု ထမ်း ရှိ သ မျှ လည်း၊ လူ ဆိုး ဖြစ် ကြ လိမ့် မည်။ Judson Bible မင်းသည် မုသားစကားကို နားထောင်လျှင်၊ ကျွန်အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း အုပ်စိုးသူမင်းသည် မုသားစကားကိုအာရုံစိုက်လျှင် သူ၏အမှုထမ်းအပေါင်းတို့သည် ဆိုးယုတ်သောသူများဖြစ်လာကြလိမ့်မည်။ |
လူငယ်လူရွယ်တို့ပေးသည့်အကြံအတိုင်းထို သူတို့အား``ငါ့ခမည်းတော်တင်သောဝန်လေး သည်မှန်၏။ ငါတင်သောဝန်ကားထိုထက်ပင်ပို ၍လေးလိမ့်မည်။ သူသည်သင်တို့အားကြိမ်နှင့် ရိုက်၏။ ငါမူကားကြာပွတ်နှင့်ရိုက်အံ့'' ဟု ခက်ထန်စွာဖြေကြားတော်မူ၏။-
သို့ရာတွင်ယုဒပြည်သူတို့သည် ထာဝရ ဘုရား၏စကားတော်ကိုနားမထောင်ကြ။ ကိုယ်တော်၏လူမျိုးတော်အားခါနာန်ပြည် သို့ ဣသရေလအမျိုးသားတို့ချီတက်လာ ချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက် သည့်လူမျိုးတို့ထက်ပင် ပိုမိုဆိုးရွားစွာ အပြစ်ကူးလွန်ကြစေရန်မနာရှေရှေ့ ဆောင်လမ်းပြ၏။
တရားပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်သည် မကောင်းသော အမှုအရာရှိသမျှတို့ကို မျက်စိတော်နှင့် ပယ် ရှင်းတတ်၏။
ဇေဒကိနှင့်သူ၏မှူးမတ်များနှင့်ပြည်သူ များသည် ငါ့အားထာဝရဘုရားပေးတော် မူသောဗျာဒိတ်တော်ကိုမလိုက်နာကြ။
သူသည်နန်းတွင်းအရာရှိအချို့တို့ကိုလည်း ခေါ်ပြီးလျှင်``သင်တို့သည်ဒါဝိဒ်အား မင်းကြီး သည်သင့်ကိုမြတ်နိုးတော်မူသည်။ အရာရှိ အပေါင်းတို့ကလည်းချစ်ခင်ကြသည်။ သို့ဖြစ် ၍ယခုအချိန်သည်ဘုရင့်သမီးတော်နှင့် သင် ထိမ်းမြားရန်အချိန်ကောင်းပင်ဖြစ်သည်ဟု တိတ်တဆိတ်တိုက်တွန်းကြလော့'' ဟုမှာ ထားတော်မူ၏။