သုတ္တံကျမ်း။ 29:13 - Common Language Bible13 ဆင်းရဲသောသူနှင့် ညှဉ်းဆဲသောသူတို့သည် တွေ့ကြုံကြပြီ။ ထာဝရဘုရားသည် ထိုနှစ်ဦးတို့အား အလင်းကို ပေးသနားတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible13 နွမ်း ပါး သော သူ နှင့် နှိပ် စက် တတ် သူ တို့ သည်၊ ဆုံ စည်း ကြ၏။ ၎င်း နှစ် ဦး လုံး တို့ မျက် စိ ကို ကား၊ ထာ ဝ ရ ဘု ရား လင်း စေ တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible13 ဆင်းရဲသောသူနှင့် ညှဉ်းဆဲသောသူတို့သည် တွေ့ကြုံကြပြီ။ ထာဝရဘုရားသည် ထိုနှစ်ဦးတို့အား အလင်းကိုပေးသနားတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ဆင်းရဲသောသူနှင့် ဖိနှိပ်ခြယ်လှယ်သောသူတို့၏တူညီသောအချက်မှာ သူတို့နှစ်ဦးလုံး၏မျက်စိတွင် ထာဝရဘုရားအလင်းပေးတော်မူခြင်းပင်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားကရုဏာထား တော်မူသဖြင့် လူမျိုးခြားတို့၏လက်မှလွတ် မြောက်စေ၍ ယခုအခါသန့်ရှင်းမြင့်မြတ်သည့် ဌာနတော်တွင် ကာလအနည်းငယ်မျှဘေးမဲ့ လုံခြုံစွာနေရသောအခွင့်ကိုပေးတော်မူပါ ပြီ။ ကိုယ်တော်သည်ကျွန်ုပ်တို့အား ကျွန်ဘဝမှ လွတ်မြောက်စေ၍ဘဝသစ်ကိုပေးတော်မူ ပါပြီ။-