သုတ္တံကျမ်း။ 21:4 - Common Language Bible ထောင်လွှားသောမျက်နှာ၊ မာနကြီးသောနှလုံး၊ မတရားသောသူတို့၏အလင်းသော်လည်း အပြစ်ပါ၏။ Garrad Bible လူ ဆိုး တို့၏ အ လုပ် အ ကိုင် ဖြစ် သော မျက် နှာ မောက် မာ ခြင်း၊ စိတ် နေ မြင့် ခြင်း ကား၊ အ ပြစ် အ တိ တည်း။ Judson Bible ထောင်လွှားသောမျက်နှာ၊ မာနကြီးသောနှလုံး၊ မတရားသောသူတို့၏ အလင်းသော်လည်း အပြစ်ပါ၏။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူတို့၏မီးခွက်တည်းဟူသော ထောင်လွှားသောမျက်နှာနှင့် မော်ကြွားသောစိတ်နှလုံးတို့သည် အပြစ်ဖြစ်၏။ |
သူယုတ်မာသည်ထာဝရဘုရားကိုဂရုမစိုက်တတ်။ သူသည်မာနထောင်လွှားလျက်ဘုရားသခင်မရှိဟု အစဉ်ယူဆတတ်၏။
သူတစ်ပါးအကြောင်းမကောင်းသတင်း တီးတိုးလွှင့်တတ်သူကိုဖယ်ရှားပစ်ပါမည်။ မာန်မာနထောင်လွှားလျက်စိတ်နေမြင့်သူကို သည်းခံမည်မဟုတ်ပါ။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်မာန်မာနကိုစွန့်ပယ် ပါပြီ။ မောက်မာမှုကိုလည်းပယ်ရှားပါပြီ။ ကျွန်တော်မျိုးသည်ကြီးကျယ်လှသည့် အမှုများတွင်သော်လည်းကောင်း၊ မိမိသိရှိနားလည်ရန်ခက်ခဲလှသော အကြောင်းအရာများတွင်သော်လည်းကောင်း စိတ်မဝင်စားတော့ပါ။
မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ၍ဖြစ်၏။
ထာဝရဘုရား မုန်းတော်မူသော အရာ ခြောက် ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသောအရာ ခုနစ်ပါး ဟူမူကား၊
ထောင်လွှားသော မျက်နှာတပါး၊ မုသာ၌ ကျင် လည်သော လျှာတပါး၊ အပြစ်မရှိသောသူ၏ အသက်ကို သတ်သော လက်တပါး၊
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသော လမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏။
သို့ရာတွင်ထာဝရဘုရားက``ငါသည်ဇိအုန် တောင်နှင့်ယေရုရှလင်မြို့တွင်ဆောင်ရွက်ရန် အမှုပြီးစီးသောအခါ၊ အာရှုရိဘုရင် အား မိမိ၏ဝါကြွားမှုနှင့်မာန်မာနကြီး မှုတို့အတွက်အပြစ်ဒဏ်ခတ်မည်'' ဟုမိန့် တော်မူ၏။
လူတို့၏မာန်စွယ်ကျိုးမည့်အချိန်၊ မောက်မာ ထောင်လွှားမှုပျက်သုဉ်းမည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအခါထာဝရဘုရားတစ်ပါး တည်းသာလျှင်ချီးမြှောက်ခြင်းကိုခံတော်မူရ လိမ့်မည်။-
လူတို့၏မာန်စွယ်သည်ကျိုး၍မောက်မာထောင် လွှားမှုများသည်ပျက်သုဉ်းရလိမ့်မည်။ ထို ကာလကျရောက်သောအခါထာဝရဘုရား တစ်ပါးတည်းသာလျှင် ချီးမြှောက်ခြင်းကို ခံတော်မူရလိမ့်မည်။-
ထာဝရဘုရားက``ယေရုရှလင်မြို့သူတို့ သည်အဘယ်မျှမာန်မာနကြီးလျက်နေသည် ကိုကြည့်ကြလော့။ သူတို့သည်လည်ကိုမော်၍ သွားလာတတ်ကြ၏။ အစဉ်ပင်လျှပ်ပေါ်လော် လီကာနေကြ၏။ သူတို့၏ခြေလှမ်းကလေး များသည်သာယာညင်းပျောင်းလှ၍ သူတို့၏ ခြေချင်းများသည်လည်းတချွင်ချွင်မြည် လျက်ရှိ၏။-
မျက်စိသည်ကိုယ်ခန္ဓာအတွက်ဆီမီးသဖွယ်ဖြစ် ၏။ မျက်စိကောင်းလျှင်သင်၏ကိုယ်ခန္ဓာတစ်ခု လုံးလင်းလိမ့်မည်။ မျက်စိမကောင်းလျှင်မူကား သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည်မှောင်လျက် နေလိမ့်မည်။-
သင်တို့အားငါဆိုသည်ကားဤသူသည် ဘုရားသခင်၏ရှေ့တော်တွင်သူတော်ကောင်း အဖြစ်ဖြင့်အိမ်သို့ပြန်ရ၏။ ဖာရိရှဲမူကား ထိုသို့မဟုတ်။ အဘယ်ကြောင့်ဆိုသော်မိမိ ကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်းခံရ ၍ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ခံရမည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော် မူ၏။
သို့ရာတွင်သံသယရှိသောစိတ်နှင့်အစား အစာတစ်စုံတစ်ရာကိုစားသုံးသောသူအား ဘုရားသခင်ပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ယုံကြည်မှုပေါ်၌ တည်၍မပြုသောကြောင့်ဖြစ်၏။ ယုံကြည်မှု ပေါ်၌မတည်ဘဲပြုလေသမျှသည်အပြစ် ဖြစ်၏။
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-