Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 10:12 - Common Language Bible

12 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဇိ​အုန် တောင်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​ဆောင်​ရွက်​ရန် အ​မှု​ပြီး​စီး​သော​အ​ခါ၊ အာ​ရှု​ရိ​ဘု​ရင် အား မိ​မိ​၏​ဝါ​ကြွား​မှု​နှင့်​မာန်​မာ​န​ကြီး မှု​တို့​အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်'' ဟု​မိန့် တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 သို့ ဖြစ် လျက် ငါ ဘု ရား သည် ဇိ အုန် တောင် နှင့် ယေ ရု ရှ လင် မြို့၌ ပြု ရန် ကိ စ္စ ကို ပြီး မြောက် စေ ပြီး မှ၊ အာ ရှု ရိ ဘု ရင်၏ မာ န မြင့်၍ ဝါ ကြွား ခြင်း ကိုလည်း‌ ကောင်း၊ မျက် နှာ မော်၍ ထောင် လွှား ခြင်း ကိုလည်း‌ ကောင်း၊ စီ ရင် လာ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​နှင့် ယေ​ရု​ရှ​လင်​မြို့၌ အ​မှု​တော်​ကို​လက်​စ​သတ်​တော်​မူ​ပြီး​မှ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ မာ​န​ထောင်​လွှား​ခြင်း၊ မော်​သော​မျက်​နှာ​နှင့် စော်​ကား​ခြင်း​ကို ငါ​ကြည့်​ရှု၍​စီ​ရင်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ဘုရားရှင်​သည် ဇိအုန်​တောင်​နှင့်​ဂျေရုဆလင်​မြို့​၌ ပြု​ရ​မည့်​အမှု​ရှိသမျှ​ကို ပြု​ပြီး​သောအခါ စိတ်နှလုံး​ခက်ထန်​သော​၊ မျက်နှာ​ထောင်လွှား​သော အဆီးရီးယား​ဘုရင်​ကို အပြစ်ဒဏ်​ပေး​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 10:12
44 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့​နှင့်​ဇိ​အုန်​တောင်​ပေါ်​တွင်​လူ တို့​သည် အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​ဖြစ်​ပျက်​စေ ရန်​ထာ​ဝ​ရ​ဘု​ရား​သန္နိ​ဋ္ဌာန်​ချမှတ်​ထား တော်​မူ​သော​ကြောင့်​ဖြစ်​၏။


ကိုယ်​တော်​သည်​စိတ်​နှ​လုံး​နှိမ့်​ချ​သူ​တို့​အား ကယ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​မာ​န​ထောင်​လွှား​သူ​တို့​ကို​မူ နိမ့်​ကျ​စေ​တော်​မူ​ပါ​၏။


မင်း​ကြီး​သည်​သူ​တို့​၏​သား​သ​မီး​အ​ပေါင်း ကို သေ​ကြေ​ပျက်​စီး​စေ​တော်​မူ​လိမ့်​မည်။ သူ​တို့​၏​အ​မျိုး​အ​နွယ်​အ​ပေါင်း​ကို သုတ်​သင်​တော်​မူ​လိမ့်​မည်။


လူ​တို့​၏​ဒေါ​သ​သည်​ကိုယ်​တော်​ရှင်​အား​ပို​၍ ထော​မ​နာ​ပြု​ခြင်း​အ​ကျိုး​ကို​ဖြစ်​ပေါ်​စေ​ပါ လိမ့်​မည်။ စစ်​ပွဲ​တွင်​မ​သေ​ဘဲ​အ​သက်​ရှင်​ကျန်​ရစ်​သူ​တို့​သည် ကိုယ်​တော်​၏​ပွဲ​တော်​များ​ကို​စောင့်​ထိန်း ကြ​ပါ​လိမ့်​မည်။


ရန်​သူ​တို့​၏​ရဲ​ရင့်​သည့်​စစ်​သည်​များ​သည် မိ​မိ​တို့​၌​ရှိ​သည့်​ပစ္စည်း​ဥစ္စာ​များ​ကို ဆုံး​ရှုံး​ရ​ကြ​လျက်​ယ​ခု​အ​ခါ သေ​ဆုံး​ကြ​လေ​ကုန်​ပြီ။ သူ​တို့​၏​စွမ်း​အား​နှင့်​ကျွမ်း​ကျင်​မှု​တို့​သည် အ​ချည်း​နှီး​သာ​ဖြစ်​ခဲ့​သည်။


ထောင်လွှားသောမျက်နှာ၊ မာနကြီးသောနှလုံး၊ မတရားသောသူတို့၏အလင်းသော်လည်း အပြစ်ပါ၏။


အလွန်စိတ်မြင့်၍ မော်ကြည့်တတ်သော လူတမျိုး၊


လူ​တို့​၏​မာန်​စွယ်​ကျိုး​မည့်​အ​ချိန်၊ မောက်​မာ ထောင်​လွှား​မှု​ပျက်​သုဉ်း​မည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး တည်း​သာ​လျှင်​ချီး​မြှောက်​ခြင်း​ကို​ခံ​တော်​မူ​ရ လိမ့်​မည်။-


ထို​ကာ​လ​၌​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​တန်​ခိုး​ကြီး​သူ၊ မာန်​မာ​န​ကြီး​သူ​နှင့်​စိတ် ကြီး​ဝင်​သူ​မှန်​သ​မျှ​ကို​ရှုတ်​ချ​တော်​မူ​လိမ့်​မည်။-


မိုး​ကောင်း​ကင်​ကို​အ​စိုး​ရ​သည့်​နတ်​များ နှင့်​လော​ကီ​ဘု​ရင်​တို့​အား ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက်​လာ​လိမ့်​မည်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ရန်​သူ များ​လောက် ပြင်း​ထန်​စွာ​ထာ​ဝ​ရ​ဘု​ရား​၏ အ​ပြစ်​ဒဏ်​ကို​မ​ခံ​ရ​ကြ၊ ရန်​သူ​များ​လောက် လည်း​မ​သေ​ရ​ကြ။-


ရုပ်​တု​ကိုး​ကွယ်​ရာ​ယဇ်​ပလ္လင်​ကျောက်​ရှိ​သ​မျှ သည် မြေ​ဖြူ​ကျောက်​ကဲ့​သို့​ထု​ထောင်း​ချေ​မှုန်း ခြင်း​ကို​ခံ​ရ​၍ အာ​ရှ​ရ​တံ​ခွန်​တိုင်​များ​နှင့် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ပလ္လင်​များ​မ​ကျန် မ​ရှိ​တော့​သည့်​အ​ချိန်​ကာ​လ​မ​ကျ​ရောက် မီ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် မိ​မိ​တို့ ၏​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​ဖယ်​ရှား​လိမ့်​မည် မ​ဟုတ်။


သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​မ​မျှော်​လင့်​သည့်​ဘေး ဒုက္ခ​တစ်​ခု​ပြီး​တစ်​ခု​သက်​ရောက်​စေ​၍ သူ​တို့ အား​တုန်​လှုပ်​ချောက်​ချား​စေ​မည်။ ပ​ညာ​ရှိ​တို့ သည်​လူ​မိုက်​များ​ဖြစ်​ကုန်​ကြ​လျက်၊ သူ​တို့ ၏​အ​သိ​အ​လိမ္မာ​မှန်​သ​မျှ​သည်​လည်း သူ​တို့ အား​အ​ဘယ်​သို့​မျှ​အ​ကျိုး​ပြု​လိမ့်​မည် မ​ဟုတ်'' ဟု​ယ​ခု​မိန့်​တော်​မူ​ပါ​၏။


ငါ​တို့​၏​ရန်​သူ​များ​သည်​အ​မင်္ဂ​လာ​ရှိ​ကြ ၏။ မိ​မိ​တို့​အား​အ​ဘယ်​သူ​မျှ​တိုက်​ခိုက်​လု ယက်​မှု​ကို​မ​ပြု၊ သစ္စာ​လည်း​မ​ဖောက်​ကြ​သော် လည်း​သူ​တို့​က​လု​ယက်​တိုက်​ခိုက်​ကာ​သစ္စာ ဖောက်​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​လု​ယက်​တိုက် ခိုက်​၍​သစ္စာ​ဖောက်​ရန်​အ​ချိန်​ကာ​လ​ကုန်​ဆုံး ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့ သည်​လု​ယက်​တိုက်​ခိုက်​ခြင်း​နှင့်​သစ္စာ​ဖောက် ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။


သင်​သည်​အ​ဘယ်​သူ​အား​စော်​ကား​ကဲ့​ရဲ့​လျက် နေ​သည်​ဟု​ထင်​မှတ်​ပါ​သ​နည်း။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ သော​ငါ​ဘု​ရား​အား​မ​လေး​မ​ခန့်​ပြု​၍ နေ​ပါ​သည်​တ​ကား။-


သင်​အ​မျက်​ထွက်​ပုံ၊ မာန်​မာ​န​ကြီး​ပုံ​တို့ ကို​ငါ​ကြား​သိ​ရ​လေ​ပြီ။ သို့​ဖြစ်​၍၊ ငါ​သည် သင့်​ကို​နှာ​ရှုတ်​တပ်​၍​ဇက်​ခွံ့​ပြီး​လျှင်​လာ လမ်း​အ​တိုင်း​ပြန်​စေ​မည်။''


လူ​တိုင်း​ပင်​အ​ရှက်​ကွဲ​၍​မာန်​မာ​န​ကြီး​သူ မှန်​သ​မျှ​တို့​သည်​လည်း ရှုတ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။-


သူ​တစ်​ပါး​တို့​အား​သုတ်​သင်​ဖျက်​ဆီး​ရန်​လျှို့​ဝှက် ကြံ​စည်​သူ​အ​ပေါင်း​တို့၊ သင်​တို့​သည်​မိ​မိ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​ဖြင့်​ပင် ဆုံး​ပါး​ပျက်​စီး​ရကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ဤ​အ​မှု​အ​ရာ​တို့​ကို ဖြစ်​စေ​မည်။ သူ​တို့​သည်​အ​တိ​ဒုက္ခ​နှင့်​ကြုံ​တွေ့​ရကြ​လိမ့်​မည်။


သူ​တို့​၏​အ​ပြစ်​ကြွေး​များ​ကို​လည်း​ကောင်း၊ သူ​တို့​ဘိုး​ဘေး​တို့​၏​အ​ပြစ်​ကြွေး​များ​ကို လည်း​ကောင်း​ငါ​ဆပ်​စေ​မည်။ သူ​တို့​သည်​တောင် ပေါ်​ရှိ​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင်​နံ့ သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ကာ ငါ့​ကို​ကဲ့​ရဲ့ ကြ​လေ​ပြီ။ သို့​ဖြစ်​၍​သူ​တို့​အား​ထိုက် လျောက်​ရာ​အ​ပြစ်​ဒဏ်​ကို​ငါ​ပေး​မည်'' ဟု မိန့်​တော်​မူ​၏။


ယင်း​သို့​ပြု​တော်​မူ​ကြောင်း​ကို​ရှ​မာ​ရိ​မြို့ တွင်​နေ​ထိုင်​သူ​မှန်​သ​မျှ​နှင့်​ဣ​သ​ရေ​လ အမျိုး​သား​မှန်​သ​မျှ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ယ​ခု​အ​ခါ​သူ​တို့​သည်​မာန်​မာ​န​ထောင်​လွှား လျက်​စိတ်​ကြီး​ဝင်​လျက်​နေ​ကြ​၏။ သူ​တို့​က၊-


ငါ​သည်​ဖျက်​ဆီး​ရန်​လုပ်​ငန်း​ကို​ငါ​၏​နာ​မ တော်​ကို​ဆောင်​သော​မြို့​တော်​မှ​အ​စ​ပြု​မည်။ ထို​မြို့​သား​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ တော့​မည်​မ​ဟုတ်​ဟု​ထင်​မှတ်​ကြ​သ​လော။ ငါ​သည်​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့ ထံ​သို့​စစ်​မက်​အန္တ​ရာယ်​ကို​စေ​လွှတ်​မည် ဖြစ်​၍ သူ​တို့​သည်​အ​မှန်​ပင်​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။


ဤ​အ​ကြောင်း​ကြောင့်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရှု​ရိ​ဘု​ရင် ကို​အ​ပြစ်​ဒဏ်​ခတ်​သည့်​နည်း​တူ​နေ​ဗု​ခဒ် နေ​ဇာ​မင်း​နှင့်​သူ​၏​နိုင်​ငံ​ကို​အ​ပြစ်​ဒဏ် ခတ်​မည်။-


မာန်​မာ​န​ထောင်​လွှား​သည့်​သင်​တို့​နိုင်​ငံ​သည် ခြေ​ချော်​၍​လဲ​လိမ့်​မည်။ သင့်​အား​ပြန်​ထ​ရန် အ​ဘယ်​သူ​မျှ​ကူ​မ​လိမ့်​မည်​မ​ဟုတ်။ ငါ သည်​သင်​တို့​၏​မြို့​များ​ကို​မီး​လောင်​ကျွမ်း စေ​မည်​ဖြစ်​၍ သင်​တို့​ပတ်​လည်​တွင်​ရှိ​သ​မျှ သော​အ​ရာ​တို့​သည်​ပျက်​စီး​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။


``သို့​ဖြစ်​၍​ထို​အ​ပင်​အ​ဘယ်​သို့​ဖြစ်​မည် ကို​သင့်​အား ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖော်​ပြ အံ့။ အာ​ရစ်​ပင်​သည်​သစ်​ကိုင်း​သစ်​ခက်​များ အ​ထက် မိုး​တိမ်​တိုင်​အောင်​မြင့်​မား​လာ​၏။ ယင်း​သည်​ဤ​သို့​မြင့်​မား​လာ​လေ​လေ​ပို​၍ မာန်​မာန​ထောင်​လွှား​လေ​လေ​ဖြစ်​၏။-


သို့​ဖြစ်​၍​မည်​မျှ​ပင်​ရေ​ရ​ရှိ​စေ​ကာ​မူ​ယ​ခု မှ​အ​စ​ပြု​၍ အ​ဘယ်​အ​ပင်​မျှ​ထို​အာ​ရစ် ပင်​ကဲ့​သို့​သစ်​ကိုင်း​သစ်​ခက်​များ​အ​ထက်​တွင် မြင့်​မား​ရ​တော့​မည်​မ​ဟုတ်။ ယင်း​တို့​၏​ထိပ်​ဖျား များ​သည်​မိုး​တိမ်​သို့​ရောက်​သည့်​တိုင်​အောင်​မြင့် တက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထို​သစ်​ပင်​အား လုံး​ပင်​လူ​သား​များ​နှင့်​အ​တူ မြေ​ကြီး​ပေါ် တွင်​သေ​ကြေ​ပျက်​စီး​ကာ​မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​ရ​ကြ​ပေ​တော့​အံ့'' ဟု​မိန့်​တော် မူ​၏။


သူ​သည်​ဗိ​မာန်​တော်​တည်​ရာ​တောင်​တော်​နှင့် ပင်​လယ်​စပ်​ကြား​တွင် မိ​မိ​အ​တွက်​တဲ​တော် ကြီး​များ​ကို​ပင်​တည်​ဆောက်​လိမ့်​မည်။ သို့ ရာ​တွင်​မိ​မိ​အား​မ​စ​ကူ​ညီ​မည့်​သူ​မ​ရှိ ဘဲ​ထို​အ​ရပ်​တွင်​သေ​ဆုံး​လိမ့်​မည်။''


``သို့​ဖြစ်​၍​ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရင်​မင်း​အား​ထော​မ​နာ ပြု​ပါ​၏။ ဂုဏ်​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော် ကို​လည်း​ချီး​မွမ်း​ပါ​၏။ ကိုယ်​တော်​ပြု​လေ သ​မျှ​သော​အ​မှု​တို့​သည်​မှန်​ကန်​ပါ​ပေ သည်။ ကိုယ်​တော်​သည်​အ​စဉ်​ပင်​တ​ရား​မျှ တ​တော်​မူ​၍​မာန်​မာ​န​ထောင်​လွှား​သူ​တို့ အား​နိမ့်​ကျ​စေ​တော်​မူ​ပါ​၏'' ဟု​ရေး သား​ဖော်​ပြ​တော်​မူ​လေ​သည်။


ကု​ပ​ရု​ကျွန်း​မှ​ရန်​သူ​သင်္ဘော​များ​သည်​လာ​၍ အာ​ရှု​ရိ​ပြည်​နှင့်​ဟေ​ဗာ​ပြည်​တို့​ကို​တိုက်​ခိုက် အောင်​မြင်​လိမ့်​မည်။ သို့​ရာ​တွင်​သူ​တို့​ကိုယ်​တိုင်​လည်း​သုတ်​သင် ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့်​မည်။''


``အ​သီး​ကောင်း​ကို​ရ​လို​လျှင်​အ​ပင်​ကောင်း​ကို စိုက်​ရ​မည်။ အ​ပင်​ညံ့​သည်​အ​သီး​ညံ့​ကို​သီး လိမ့်​မည်။ အ​သီး​ကို​ထောက်​၍​အ​ပင်​အ​ကြောင်း ကို​သိ​ရ​၏။-


လူ့​အ​သက်​ကို​သတ်​ခြင်း၊ သူ့​အိမ်​ရာ​ကို​ပြစ်​မှား ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ကို​ခိုး​ခြင်း၊ မ​မှန်​သော​သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​စ​ရှိ​သည့်​ညစ်​ညမ်း​သည့်​အ​ကြံ အ​စည်​များ​သည်​စိတ်​နှ​လုံး​ထဲ​မှ​ထွက်​လာ​၏။-


သို့​ရာ​တွင်​သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ တို့​၏ အ​စွမ်း​ကြောင့် ငါ​၏​လူ​မျိုး​တော်​ကို​အောင်​မြင်​သည်​ဟူ​၍ ဝါ​ကြွား​ခွင့်​ကို​ငါ​ပေး​မည်​မ​ဟုတ်။'


တ​ရား​စီ​ရင်​တော်​မူ​ရာ​အ​ချိန်​သည်​ကျ​ရောက် လာ​လေ​ပြီ။ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့ သည်​တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို​ပ​ထ​မ ဦး​စွာ​ခံ​ရ​ကြ​မည်။ ငါ​တို့​သည်​ဦး​စွာ​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ခံ​ရ​ကြ​လျှင်​ဘု​ရား​သ​ခင် ၏​သ​တင်း​ကောင်း​ကို​မ​ယုံ​ကြည်​သူ​တို့​မည် သို့​ဖြစ်​လိမ့်​မည်​နည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ