သုတ္တံကျမ်း။ 15:32 - Common Language Bible ဆုံးမခြင်းစကားကို ပယ်သောသူသည် မိမိ အသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက်၏။ နား ထောင်သော သူမူကား၊ ဥာဏ်ကိုရတတ်၏။ Garrad Bible ဆုံး မ ပဲ့ ပြင် ခြင်း ကို ပယ် သော သူ သည်၊ ကိုယ့် အ သက် ကို မ ထီ မဲ့ မြင် ပြု ရာ ရောက်၏။ လိုက် နာ သော သူ ကား၊ ဉာဏ် ကို ရ လိမ့် မည်။ Judson Bible ဆုံးမခြင်းစကားကိုပယ်သောသူသည် မိမိအသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက်၏။ နားထောင်သောသူမူကား၊ ဉာဏ်ကိုရတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဆုံးမပဲ့ပြင်ခြင်းကိုလျစ်လျူရှုသောသူသည် ကိုယ့်ကိုယ်ကိုယ်အလေးမထားတတ်။ ဆိုဆုံးမစကားကိုနားထောင်သောသူမူကား အသိဉာဏ်ကိုရတတ်၏။ |
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏။
နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ်၏။ ဆုံးမခြင်းကို ငြင်းပယ် သောသူမူကား လမ်းလွဲတတ်၏။
သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲ ခြင်းနှင့်ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။
ဥာဏ်ကောင်းသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်ခြင်းကို ကျက်စားတတ်၏။
ဥာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့ တတ်၏။ ဥာဏ်ရှိသော သူမူကား၊ ဖြောင့်မတ်သော အကျင့် ကို ကျင့်တတ်၏။
အသက်နှင့်ယှဉ်သောဆုံးမခြင်းစကားကို နား ထောင်သောသူသည် ပညာရှိတို့နှင့် ပေါင်းဘော်ရသော အခွင့်ရှိ၏။
ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့ မြင်ပြုတတ်၏။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ သမ္မာသတိနှင့်ပြည့်စုံတတ်၏။
သမ္မာသတိရှိသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို သိုထားတက်၏။ ပညာရှိသော သူ၏နားသည် လည်း၊ ပညာစကားကို ရှာတတ်၏။
နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှါ၊ ဆုံးမသော စကားကို နားထောင်၍ နည်းဥပဒေကို ခံယူ လော့။
အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။
လူမိုက်သီချင်းဆိုသောစကားကို နားထောင် သည်ထက်၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ၍ ကောင်း၏။
သင်တို့သည်အဘယ်ကြောင့်ဆက်လက်ပုန်ကန်လျက်နေကြပါသနည်း။ ယခုထက်ပင်ပိုမိုကြီးလေးသည့်အပြစ်ဒဏ်ကိုခံလိုကြပါသလော။ အချင်းဣသရေလပြည်သူတို့၊ သင်တို့၏ဦးခေါင်းသည်ဒဏ်ရာများဖြင့်ပြည့်လျက်ရှိ၏။ သင်တို့၏စိတ်နှလုံးသည်လည်းညှိုးနွမ်းလျက်နေ၏။-
သူတို့၏မျက်နှာအမူအရာကသူတို့တွင် အပြစ်ရှိကြောင်းဖော်ပြသက်သေခံလျက် ရှိပေသည်။ သောဒုံမြို့မှလူများကဲ့သို့သူ တို့သည်အပြစ်ကိုပေါ်လွင်ထင်ရှားစွာပြု ကြ၏။ သူတို့သည်အမင်္ဂလာရှိကြ၏။ မိမိ တို့ပျက်စီးရာပျက်စီးကြောင်းကိုသူတို့ ကိုယ်တိုင်ပင်ဖန်တီးပေးကြလေပြီ။
ထာဝရဘုရားသည်သစ္စာရှိမှုကိုအမှန်ပင်လိုလားတော်မူ၏။ ကိုယ်တော်သည်သင်တို့အားဒဏ်ခတ်တော်မူသော်လည်းသင်တို့သည်ဂရုမစိုက်ကြ။ ဖျက်ဆီးချေမှုန်းတော်မူသော်လည်းပဲ့ပြင်ဆုံးမမှုကိုသင်တို့မခံမယူလိုကြ။ သင်တို့သည်ကျောက်ခဲထက်ခေါင်းမာလျက်နောင်တမရဘဲနေကြ၏။
မိဘတို့က`အကျွန်ုပ်တို့၏သားသည်ခေါင်း မာ၍မိဘကိုတော်လှန်၍ မိဘစကားကို နားမထောင်ပါ။ ငွေကိုဖြုန်းတီး၍အရက် သေစာသောက်ကြူးပါသည်' ဟူ၍လျှောက် ဆိုရမည်။-
ဘုရားသခင်၏ကျေးဇူးတော်ကိုအဘယ် သူမျှမငြင်းမပယ်စေနှင့်။ မြစ်ခါးပင်သည် မိမိ၏အဆိပ်ဖြင့်လူအများအားဒုက္ခ ပေးတတ်၏။ အဘယ်သူမျှထိုအပင်ကဲ့ သို့မဖြစ်စေနှင့်။-
တရားတော်ကိုကြားနာရုံမျှသာကြားနာ ခြင်းအားဖြင့်မိမိတို့ကိုယ်ကိုမလှည့်စား ကြနှင့်။ တရားတော်ကိုလက်တွေ့ကျင့်သုံး ကြလော့။-
ငါသည်မိမိချစ်သောသူအပေါင်းတို့အား ဆုံးမ၍အပြစ်ဒဏ်ပေးတတ်၏။ ထိုကြောင့် သင်သည်စိတ်အားထက်သန်လော့။ နောင်တ ရလော့။-