ဟေရှာယ 1:5 - Common Language Bible5 သင်တို့သည်အဘယ်ကြောင့်ဆက်လက်ပုန်ကန်လျက်နေကြပါသနည်း။ ယခုထက်ပင်ပိုမိုကြီးလေးသည့်အပြစ်ဒဏ်ကိုခံလိုကြပါသလော။ အချင်းဣသရေလပြည်သူတို့၊ သင်တို့၏ဦးခေါင်းသည်ဒဏ်ရာများဖြင့်ပြည့်လျက်ရှိ၏။ သင်တို့၏စိတ်နှလုံးသည်လည်းညှိုးနွမ်းလျက်နေ၏။- အခန်းကိုကြည့်ပါ။Garrad Bible5 သင် တို့ သည် ဆက် လက် ဖောက် ပြန် သ ဖြင့်၊ အ ဘယ့် ကြောင့် ဒဏ် ခံ လို သေး သ နည်း။ တစ် ခေါင်း လုံး နာ၍ စိတ် အ ကြွင်း မဲ့ ပူ ပန် ကြ သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible5 သူတို့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်းမရှိ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 သင်တို့သည် အဘယ်ကြောင့် ထပ်၍အရိုက်ခံလိုသေးသနည်း။ အဘယ်ကြောင့် ထပ်၍ပုန်ကန်ကြသနည်း။ ဦးခေါင်းတစ်ခုလုံး အနာဖြစ်ပြီ။ စိတ်နှလုံးလည်း ညှိုးနွမ်းကုန်ပြီ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သစ္စာရှိမှုကိုအမှန်ပင်လိုလားတော်မူ၏။ ကိုယ်တော်သည်သင်တို့အားဒဏ်ခတ်တော်မူသော်လည်းသင်တို့သည်ဂရုမစိုက်ကြ။ ဖျက်ဆီးချေမှုန်းတော်မူသော်လည်းပဲ့ပြင်ဆုံးမမှုကိုသင်တို့မခံမယူလိုကြ။ သင်တို့သည်ကျောက်ခဲထက်ခေါင်းမာလျက်နောင်တမရဘဲနေကြ၏။
သူတို့သည်လိမ်လည်ပြောဆိုရန်လေးမှ လွှတ်သော မြားကဲ့သို့အဘယ်အခါ၌မျှနှုတ်မလေးကြ။ တိုင်းပြည်တွင်သစ္စာတရားအုပ်စိုးမည့်အစား မုသားစကားအုပ်စိုးလျက်နေ၏။ ထာဝရဘုရားက၊ ``ငါ၏လူမျိုးတော်သည်ဒုစရိုက်တစ်ခုပြီး တစ်ခု ကူးလွန်လျက် ငါ့ကိုသူတို့၏ဘုရားအဖြစ်လက်မခံကြ'' ဟုမိန့်တော်မူ၏။
ငါသည်တန်ခိုးအာဏာရှိသူတို့ထံသွား၍သူတို့အားပြောဆိုမည်။ သူတို့သည်အမှန်ပင်ထာဝရဘုရား၏အလိုတော်ကိုသိရှိကြရာ၏။ ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့် စည်းမျဉ်းဥပဒေသတော်တို့ကိုသိရှိကြရာ၏'' ဟုတွေးတောမိ၏။ သို့ရာတွင်သူတို့အားလုံးပင်ထာဝရဘုရား၏ထမ်းပိုးကိုချိုးလျက် နှောင်ကြိုးများကိုလည်းဖြတ်ကြလေပြီ။
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
မင်းကြီးသည်တပ်မှူးတစ်ယောက်နှင့်လူငါး ဆယ်တပ်ကိုနောက်တစ်ကြိမ်စေလွှတ်ပြန်၏။ ထိုတပ်မှူးသည်တောင်ကုန်းပေါ်သို့တက်၍ ဧလိယရှေ့တွင်ဒူးထောက်လျက်``ဘုရားသခင်၏အစေခံ၊ အကျွန်ုပ်နှင့်အကျွန်ုပ်၏ တပ်သားတို့ကိုသနားတော်မူပါ။ အကျွန်ုပ် တို့၏အသက်ကိုချမ်းသာပေးတော်မူပါ။-
လူမည်းသည်မိမိ၏အသားအရောင်ကို ပြောင်းလဲစေနိုင်ပါသလော။ သို့တည်းမ ဟုတ်ကျားသစ်သည်မိမိ၏အကွက်များ ကိုဖယ်ရှားပစ်နိုင်ပါသလော။ အကယ်၍ ဤအမှုအရာများကိုပြုလုပ်နိုင်မည် ဆိုပါမူ ဒုစရိုက်ကိုသာလျှင်ပြုကျင့် တတ်သူသင်တို့သည်လည်း သုစရိုက်သို့ ပြောင်းလဲပြုကျင့်ကောင်းပြုကျင့်နိုင်ကြ ပေလိမ့်မည်။-
``ငါသည်ပျောက်သောသိုးများကိုရှာ၍ လမ်းမှားသောသိုးတို့ကိုပြန်လည်ခေါ်ခဲ့ မည်။ ဒဏ်ရာရသောသိုးများကိုအဝတ် နှင့်စည်းကာဖျားနာသောသိုးတို့ကိုဆေး ကုပေးမည်။ သို့ရာတွင်ဝဖြိုးသန်မာသော သိုးတို့ကိုပယ်ရှားမည်။ အဘယ်ကြောင့်ဆို သော်ငါသည်မှန်ရာကိုပြုလုပ်တတ်သည့် သိုးထိန်းဖြစ်သောကြောင့်တည်း။