သုတ္တံကျမ်း။ 29:1 - Common Language Bible1 အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible1 ဆုံး မ ပဲ့ ပြင် ခြင်း ကို အ ကြိမ် ကြိမ် ခံ ရ လျက်၊ ခဲ ယဉ်း သော သူ သည်၊ ပြု ပြင် ခွင့် နှင့် ကင်း သော ကျိုး ပျက် ရာ သို့၊ ရုတ် တ ရက် ရောက် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible1 အထပ်ထပ်ဆုံးမခြင်းကိုခံသော်လည်း၊ မိမိလည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ဆိုဆုံးမခြင်းကိုအကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာလျက်နေသောသူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
လူအချင်းချင်းပြစ်မှားသူတို့ကိုထာဝရ ဘုရားသည်ကာကွယ်စောင့်ရှောက်နိုင်သော်လည်း ထာဝရဘုရားအားပြစ်မှားသောသူကိုမူ ကားအဘယ်သူကာကွယ်စောင့်ရှောက်နိုင်ပါ မည်နည်း'' ဟုသားတို့အားပြော၏။ သို့ရာတွင်သူတို့သည်ဖခင်၏စကားကို နားမထောင်ကြ။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် သူတို့အားကွပ်မျက် ရန်ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့်တည်း။
ကိုယ်တော်သည်ကိုယ်တော်၏သြဝါဒများကို လိုက်နာရန်သူတို့အားသတိပေးတော်မူပါ၏။ ပညတ်တရားတော်ကိုစောင့်ထိန်းမှုမှာမိမိတို့၏ အသက်ရှင်ရာလမ်းပင်ဖြစ်သော်လည်း သူတို့သည်မာန်မာနထောင်လွှားကာကိုယ်တော်၏ တရားတော်တို့ကိုပစ်ပယ်ကြပါ၏။ သူတို့သည်လွန်စွာခေါင်းမာလျက်စကားတော်ကို နားမထောင်ဘဲနေကြပါ၏။
ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။-
ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။
ထိုအခါအာမဇိက``ဘယ်အခါကသင့်အား ဘုရင့်အတိုင်ပင်ခံအမတ်အဖြစ်ခန့်ထားခဲ့ ပါသနည်း။ သင်သည်ဆိတ်ဆိတ်မနေပါမူ အသတ်ခံရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ပရောဖက်ကလည်း``မင်းကြီးသည်ဤအမှု တို့ကိုပြု၍ငါပေးသည့်အကြံကိုလျစ်လူ ရှုသဖြင့် ဘုရားသခင်သည်မင်းကြီးကို သုတ်သင်ဖျက်ဆီးရန်ကြံရွယ်တော်မူ ကြောင်းယခုငါသိရပြီ'' ဟုဆိုပြီးလျှင် ဆိတ်ဆိတ်နေလေ၏။
ပရောဖက်ကလည်း``ထာဝရဘုရားက`ရန်သူ ကိုသတ်ရန် ငါအမိန့်ပေးထားသော်လည်းသူ့ ကိုလွှတ်ပစ်လိုက်သည့်အတွက် ထိုသူ၏အသက် အစားသင်၏အသက်ကိုပေးလျော်ရမည်။ သင် ၏တပ်မတော်သည်လည်းထိုရန်သူ၏တပ်မ တော်ကိုထွက်ပြေးခွင့်ပြုသည့်အတွက် သုတ် သင်ဖျက်ဆီးခြင်းကိုခံရမည်' ဟုမိန့်တော် မူပါ၏'' ဟုမင်းကြီးအားဆင့်ဆိုပါ၏။
သင်တို့ကူးလွန်ခဲ့ကြသည့်အပြစ်များ အတွက် ငါသည်သင်နှင့်သင်၏သားမြေးတို့ အားသင့်မှူးမတ်များနှင့်အတူအပြစ်ဒဏ် ခတ်မည်။ သင်နှင့်ယေရုရှလင်မြို့သူမြို့ သားများ၊ ယုဒပြည်သားများသည်ငါ သတိပေးခဲ့သည်ကိုပမာဏမပြုကြ။ သို့ဖြစ်၍ငါသည်မိမိခြိမ်းခြောက်ခဲ့သည့် ဘေးအန္တရာယ်ဆိုးကို သင်တို့အပေါ်သို့ သက်ရောက်စေမည်ဟုမိန့်တော်မူကြောင်း ပြန်ကြားပြောဆိုလော့'' ဟုမိန့်မှာ တော်မူ၏။
အကျိုးသင့်အကြောင်းသင့်ကိုမျှမသိမီ % သူတစ်ပါးတို့ကိုတိုက်ခိုက်အောင်မြင်ခဲ့သော% သင်တို့သည်အကြွေးတင်နေလျက်အတိုး% ကိုပေးဆပ်ရန်အတင်းအကြပ်စေခိုင်းခံရ% မည်။ ရန်သူတို့သည်လာ၍သင်တို့အားတုန်% လှုပ်ချောက်ချားစေလိမ့်မည်။ သင်တို့ကိုတိုက်% ခိုက်လုယက်ကြလိမ့်မည်။-%
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ယုဒ ပြည်ကို အပြီးအပိုင်ပစ်ပယ်တော်မူပါပြီလော။ ဇိအုန်မြို့သားတို့အားမုန်းတီးရွံရှာတော် မူပါသလော။ ကျွန်တော်မျိုးတို့၏အနာကိုကုသ၍ မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အား၊ဤမျှပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့သည်ငြိမ်းချမ်းသာယာမှုကို စောင့်မျှော်ကြသော်လည်းအချည်းနှီးသာ ဖြစ်ပါ၏။ အနာပျောက်လိမ့်မည်ဟုမျှော်လင့်ကြသော်လည်း ထိတ်လန့်၍သာလာရကြပါ၏။