သုတ္တံကျမ်း။ 1:19 - Common Language Bible မတရားသောစီးပွါးကို ရှာသောသူအပေါင်းတို့သည် ထိုသို့သော အကျိုးကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင်၏အသက်ကို သတ်တတ်၏။ Garrad Bible လော ဘ ကြီး သူ ရှိ သ မျှ တို့၏ နည်း လမ်း များ မှာ၊ ထို သို့ ဖြစ် လျက် ရ သော ဥ စ္စာ သည်၊ ဥ စ္စာ ရှင် တို့၏ အ သက် ကို သတ် တတ် ၏။ Judson Bible မတရားသောစီးပွားကို ရှာသောသူအပေါင်းတို့သည် ထိုသို့သောအကျိုးကိုခံရ၍၊ ထိုစီးပွားသည် မိမိအရှင်၏အသက်ကို သတ်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း မတရားသောအကျိုးစီးပွားကို တပ်မက်သောသူတိုင်း၏လမ်းတို့သည် ထိုကဲ့သို့ဖြစ်ကြ၏။ ထိုသို့သောအကျိုးစီးပွားသည် ၎င်းကိုပိုင်ဆိုင်သောသူတို့၏အသက်ကို နုတ်ယူတတ်၏။ |
သို့ဖြစ်၍သူတို့သည်မိမိတို့ပြုသည့်မကောင်းမှုကြောင့်အပြစ်ဒဏ်ခံရကြ၏။ မိမိတို့ပြုသည့်အကြမ်းဖက်မှုကြောင့်ဒဏ်ရာရကြ၏။
မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ်၏။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည်။
သူခိုးကိုလက်ခံသောသူသည် မိမိအသက်ကိုမုန်း တတ်၏။ ကျိန်ဆိုခြင်းကိုပြုသော်လည်း၊ အမှုကိုမဘော် မပြတတ်။
စည်းစိမ်ရှင်သည် ကိုယ်အကျိုးပျက်သည်တိုင် အောင်၊ စည်းစိမ်ကိုသိုထားခြင်းတည်းဟူသော၊ နေ အောက်၌ အလွန်ဆိုးသောအမှုအရာကို ငါမြင်ပြီ။
သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြမ်း% ဖက်၍ရရှိသည့်ပစ္စည်းဥစ္စာဖြင့် သင်တို့သည်% မိမိတို့မိသားစုကိုကြွယ်ဝချမ်းသာစေ% ခဲ့ကြ၏။ ကြိုးစား၍မိမိတို့အသိုက်ကို% အမြင့်တွင်ဆောက်သောငှက်ကဲ့သို့ မိမိတို့% အိမ်ကိုဘေးအန္တရာယ်ကင်းဝေးလုံခြုံအောင်% ပြုခဲ့ကြပြီ။-%
သေသောက်ကြူးသူမဖြစ်စေရ။ သူသည် ကြမ်းတမ်းသူမဟုတ်ဘဲနူးညံ့သိမ်မွေ့သူ၊ ငြိမ်းချမ်းမှုကိုလိုလားသူဖြစ်ရမည်။ ငွေ ကိုခုံမင်တပ်မက်သူမဖြစ်ရ။-
အကျွန်ုပ်တို့သိမ်းယူခဲ့သောပစ္စည်းများထဲ တွင်လှပသောဗာဗုလုန်ဝတ်ရုံ၊ ငွေချိန်ငါး ပေါင်ခန့်နှင့်အချိန်တစ်ပေါင်ကျော်ခန့်ရှိ သောရွှေချောင်းကိုတွေ့ရ၍ လိုချင်မက်မော လှသဖြင့်ယူမိပါသည်။ အကျွန်ုပ်၏တဲထဲ တွင်ငွေကိုအောက်ဆုံး၌ထား၍မြှုပ်ထား ပါသည်'' ဟုယောရှုအားလျှောက်ထားလေ၏။
ယောရှုကအာခန်အား``သင်သည်အဘယ် ကြောင့်ငါတို့အားဒုက္ခရောက်စေသနည်း။ ယခုထာဝရဘုရားသည်သင့်အားဒုက္ခ ရောက်စေတော်မူမည်'' ဟုဆိုလေ၏။ ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် အာခန်ကိုကျောက်ခဲဖြင့်ပစ်၍သတ်ကြ၏။ သူ၏မိသားစုကိုလည်းကျောက်ခဲဖြင့်ပစ် ၍သတ်ပြီးလျှင် သူ၏ပစ္စည်းများနှင့်အတူ မီးရှို့လိုက်ကြ၏။-
ဤမိစ္ဆာဆရာတို့သည်လောဘကူးလျက် မဟုတ်မမှန်လုပ်ကြံပြောဆိုကာအမြတ် ထုတ်ကြလိမ့်မည်။ ရှေးကာလကပင်လျှင်သူတို့ အားတရားစီရင်မည့်အရှင်သည်အသင့်ရှိနေ တော်မူလေပြီ။ သူတို့အားသုတ်သင်ဖျက်ဆီး တော်မူမည့်အရှင်သည်အိပ်ပျော်လျက်နေ တော်မမူ။