ယောရှု 7:21 - Common Language Bible21 အကျွန်ုပ်တို့သိမ်းယူခဲ့သောပစ္စည်းများထဲ တွင်လှပသောဗာဗုလုန်ဝတ်ရုံ၊ ငွေချိန်ငါး ပေါင်ခန့်နှင့်အချိန်တစ်ပေါင်ကျော်ခန့်ရှိ သောရွှေချောင်းကိုတွေ့ရ၍ လိုချင်မက်မော လှသဖြင့်ယူမိပါသည်။ အကျွန်ုပ်၏တဲထဲ တွင်ငွေကိုအောက်ဆုံး၌ထား၍မြှုပ်ထား ပါသည်'' ဟုယောရှုအားလျှောက်ထားလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible21 ဗာ ဗု လုန် အ ဖြစ် အ ဖိုး ထိုက် ဝတ် လုံ၊ ငွေ ချိန် နှစ် ပိဿာ၊ ရွှေ တုံး ချိန် ကျပ် ငါး ဆယ် များ ကို တွေ့ မြင် လျှင်၊ လော ဘ အ လျောက် ကျွန် တော် ယူ မိ ပါ ပြီ။ ကျွန် တော့် တဲ အ လယ် ငွေ ကို အောက် ဆုံး မြှုပ် ထား ပါ သည် ဟု လျှောက် ဆို ပြီး နောက်၊ အခန်းကိုကြည့်ပါ။Judson Bible21 လုယူသောဥစ္စာတို့တွင် မြတ်သောဗာဗုလုန်ဝတ်လုံ၊ ငွေနှစ်ပိဿာ၊ ရွှေတုံးအကျပ်ငါးဆယ်ကို ကျွန်တော်မြင်သဖြင့်၊ တပ်မက်၍ သိမ်းယူမိပါပြီ။ ကျွန်တော်တဲအတွင်း မြေ၌မြှုပ်လျက် ငွေသည်အောက်ဆုံးရှိပါသည်ဟု ယောရှုအား ပြန်လျှောက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 အကျွန်ုပ်သည် တိုက်ယူသောပစ္စည်းထဲ၌ လှပသောရှိနာပြည်သားဝတ်လုံတစ်ထည်၊ ငွေရှယ်ကယ်နှစ်ရာနှင့် အလေးချိန်ရှယ်ကယ်ငါးဆယ်ရှိသောရွှေချောင်းတစ်ချောင်းကို တွေ့သောအခါ တပ်မက်စိတ်ဝင်၍ ယူမိပါပြီ။ အကျွန်ုပ်၏တဲအတွင်း မြေအောက်၌ဝှက်ထားလျက်ရှိပါ၏။ ငွေသည် အောက်ဆုံး၌ ရှိပါ၏”ဟု ပြန်ဖြေလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူလေးယောက်တို့သည်တပ်စခန်းအစပ် သို့ရောက်သောအခါ တဲတစ်ခုကိုဝင်၍ထို တဲတွင်ရှိသောအစားအစာများကိုစား သောက်ကြ၏။ ထိုနောက်မိမိတို့တွေ့ရှိသည့် ရွှေ၊ ငွေ၊ အဝတ်အစားများကိုယူ၍ထွက်သွား ပြီးလျှင် ထိုပစ္စည်းများကိုဝှက်ထားကြ၏။ သူ တို့သည်နောက်တစ်ဖန်ပြန်လာ၍ အခြားတဲ တစ်ခုသို့ဝင်ကာရှေးနည်းတူပြုကြပြန်၏။-
သင်တို့သည်သေမင်းနှင့်မဟာမိတ်စာချုပ် ချုပ်ဆိုထားပြီဟူ၍လည်းကောင်း၊ မရဏ နိုင်ငံနှင့်သဘောတူညီမှုရရှိပြီဟူ၍ လည်းကောင်းကြွားဝါတတ်ကြ၏။ သင်တို့ သည်လိမ်လည်လှည့်စားမှုများကိုအမှီ သဟဲပြုကာဘေးမဲ့လုံခြုံမှုကိုရှာသူ များဖြစ်သဖြင့် ဘေးအန္တရာယ်ကျရောက် ချိန်၌လည်းအသက်ချမ်းသာရာရလိမ့် မည်ဟုစွဲမှတ်ယုံကြည်ကြလေသည်။-
မိမိတို့၏အကြံအစည်များကိုထာဝရ ဘုရားထံတော်မှ ဖုံးကွယ်ထားရန်ကြိုးစား သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည် မိမိတို့၏စီမံကိန်းများကိုလျှို့ဝှက်၍ အကောင်အထည်ဖော်ကာမိမိတို့အား အဘယ်သူမျှမြင်လိမ့်မည်မဟုတ်။ မိမိ တို့ပြုသောအမှုတို့ကိုလည်းအဘယ်သူ မျှသိလိမ့်မည်မဟုတ်ဟုထင်မှတ်တတ် ကြ၏။-
သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြမ်း% ဖက်၍ရရှိသည့်ပစ္စည်းဥစ္စာဖြင့် သင်တို့သည်% မိမိတို့မိသားစုကိုကြွယ်ဝချမ်းသာစေ% ခဲ့ကြ၏။ ကြိုးစား၍မိမိတို့အသိုက်ကို% အမြင့်တွင်ဆောက်သောငှက်ကဲ့သို့ မိမိတို့% အိမ်ကိုဘေးအန္တရာယ်ကင်းဝေးလုံခြုံအောင်% ပြုခဲ့ကြပြီ။-%
သူတို့၏ရုပ်တုများကိုမီးရှို့ပစ်လော့။ ထိုရုပ်တု များတွင်မွမ်းမံထားသောရွှေငွေကိုတပ်မက်၍ သင်တို့အဖို့မယူကြနှင့်။ ထာဝရဘုရားသည် ရုပ်တုကိုးကွယ်ခြင်းကိုရွံရှာမုန်းတီးတော်မူ သဖြင့် ရုပ်တုများမှရွှေငွေကိုယူမိလျှင်သင် တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့်မည်။-