ခုနစ်ရက်တိုင်အောင်နေ့စဉ်ဤသို့ပြုလုပ်ရ မည်။ ထိုအခါယဇ်ပလ္လင်သည်အလွန်သန့်ရှင်း သဖြင့်၊ ပလ္လင်နှင့်ထိမိသောအရာနှင့်လူမှန် သမျှတို့သည်ဘေးသင့်လိမ့်မည်။
ဝတ်ပြု 6:11 - Common Language Bible ထိုနောက်သူသည်အဝတ်လဲ၍ စခန်းအပြင် ရှိဘာသာရေးထုံးနည်းအရ သန့်စင်ရာ အရပ်သို့ပြာကိုယူဆောင်သွားရမည်။- Garrad Bible ပ လ္လင် တော် အ နီး တွင် ထား ခြင်း၊ အ ဝတ် လဲ ပြီး မှ ထို ပြာ ကို တပ် စား ခန်း ပြင် စင် ကြယ် ရာ အ ရပ် သို့ ဆောင် ပို့ ခြင်း ပြု ရ မည်။ Judson Bible တစ်ဖန် အဝတ်ကိုလဲ၍၊ ထိုပြာကို တပ်ပြင်၌ရှင်းလင်းသောအရပ်သို့ ယူသွားရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူသည် မိမိဝတ်ထားသောအဝတ်ကိုချွတ်၍ အခြားအဝတ်ကိုဝတ်ပြီးလျှင် ပြာပုံကို တပ်စခန်းအပြင်ဘက်၊ သန့်ရှင်းသောနေရာသို့ ယူဆောင်သွားရမည်။ |
ခုနစ်ရက်တိုင်အောင်နေ့စဉ်ဤသို့ပြုလုပ်ရ မည်။ ထိုအခါယဇ်ပလ္လင်သည်အလွန်သန့်ရှင်း သဖြင့်၊ ပလ္လင်နှင့်ထိမိသောအရာနှင့်လူမှန် သမျှတို့သည်ဘေးသင့်လိမ့်မည်။
လူများရှိရာတံတိုင်းအပြင်ဝင်းသို့မထွက် မီသူတို့သည်မိမိတို့တာဝန်ထမ်းဆောင်စဉ် ကဝတ်ဆင်ထားသည့်အဝတ်များကိုချွတ်၍ သန့်ရှင်းမြင့်မြတ်သည့်အခန်းများတွင်ထား ခဲ့ရကြမည်။ လူတို့အားဘေးအန္တရာယ်မပေး ရန်သန့်ရှင်းမြင့်မြတ်သည့်အဝတ်အထည်များ ကိုအခြားအဝတ်များနှင့်လဲ၍ဝတ်ရကြ မည်။
အပြစ်ဖြေရာယဇ်ကောင်များဖြစ်သည့်နွား နှင့်ဆိတ်သွေးကို အလွန်သန့်ရှင်းရာဌာန တော်ထဲသို့ယူဆောင်ပြီးနောက် ယဇ်ကောင် များ၏အသား၊ သားရေ၊ ဝမ်းတွင်းသားရှိ သမျှကိုစခန်းအပြင်သို့ထုတ်ဆောင်၍ မီးရှို့ပစ်ရမည်။-
ဤကားဣသရေလအမျိုးသားတို့ထာဝစဉ် ဆောင်ရွက်ရမည့်တာဝန်ဖြစ်သည်။ ဤမုန့်များ သည်အာရုန်နှင့်သူ၏သားမြေးများစားရန် အတွက်ဖြစ်သည်။ ယဇ်ပုရောဟိတ်များအတွက် ထာဝရဘုရားအားဆက်သသောမုန့်ဖြစ်ခြင်း ကြောင့်အလွန်သန့်ရှင်းသဖြင့်သူတို့သည်ဤ မုန့်ကိုသန့်ရှင်းသောဌာနတော်၌စားရကြ မည်။
တပ်စခန်းအပြင်သို့ယူဆောင်၍ပြာသွန်ရာ သန့်ရှင်းသောနေရာတွင်ထင်းမီးပုံ၌မီးရှို့ ရမည်။
ထိုနောက်သူသည်မိမိ၏အပြစ်အတွက် ပူဇော်သောနွားကိုတပ်စခန်းအပြင်တွင် မီးရှို့သည့်နည်းတူ ဤနွားကိုလည်းစခန်း အပြင်တွင်မီးရှို့ရမည်။ ထိုယဇ်ပူဇော်နည်း သည်တစ်မျိုးလုံး၏အပြစ်ပြေစေရန်အတွက် ဖြစ်သတည်း။
ထိုနောက်ယဇ်ပုရောဟိတ်သည်ပိတ်ချော အပေါ်ရုံအင်္ကျီ၊ ပိတ်ချောဘောင်းဘီတို့ကို ဝတ်ဆင်၍ယဇ်ပလ္လင်ပေါ်ရှိယဇ်ကောင်မှ ကျွမ်းလောင်သောပြာကိုပလ္လင်ဘေးတွင် ထားရမည်။-
ယဇ်ပလ္လင်မီးကိုအမြဲတောက်လောင်နေစေရ မည်။ မည်သည့်အခါမှမီးမငြိမ်းစေရ။ ယဇ် ပုရောဟိတ်သည်နံနက်တိုင်းယဇ်ပလ္လင်ပေါ်တွင် ထင်းတင်၍ မီးရှို့ရာယဇ်ကိုထင်းပုံပေါ်တွင် စီ၍တင်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်မိတ် သဟာယယဇ်၏ဆီဥကိုမီးရှို့ပူဇော်ရမည်။-
အာရုန်၏အဆက်အနွယ်ထဲမှယဇ်ပုရော ဟိတ်မင်းအဖြစ်အမှုတော်ဆောင်ရွက်ရသူ တိုင်းသည် ထိုပူဇော်သကာကိုအစဉ်ဆက်သ ရမည်။ ဤပြဋ္ဌာန်းချက်ကိုထာဝစဉ်လိုက်နာ ရမည်။ ထာဝရဘုရားအားပူဇော်သော ထို ဘောဇဉ်သကာကိုအကုန်အစင်မီးရှို့ ပူဇော်ရမည်။-
ယဇ်ပုရောဟိတ်ယောကျာ်းအပေါင်းတို့သည် ထို ယဇ်ကောင်၏အသားကိုစားနိုင်သည်။ ထိုပူဇော် သကာသည်အလွန်သန့်ရှင်းသောကြောင့် သန့်ရှင်း ရာဌာနတွင်စားရမည်။