Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 44:19 - Common Language Bible

19 လူ​များ​ရှိ​ရာ​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထွက် မီ​သူ​တို့​သည်​မိ​မိ​တို့​တာ​ဝန်​ထမ်း​ဆောင်​စဉ် က​ဝတ်​ဆင်​ထား​သည့်​အ​ဝတ်​များ​ကို​ချွတ်​၍ သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ခန်း​များ​တွင်​ထား ခဲ့​ရ​ကြ​မည်။ လူ​တို့​အား​ဘေး​အန္တ​ရာယ်​မ​ပေး ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ဝတ်​အ​ထည်​များ ကို​အခြား​အ​ဝတ်​များ​နှင့်​လဲ​၍​ဝတ်​ရ​ကြ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 လူ ပ ရိတ် သတ် ရှိ ရာ အ ပြင် တံ တိုင်း သို့ ထွက် သွား သော်၊ သင်္ကန်း များ ဖြင့် လူ ပ ရိတ် သတ် သီး သန့် ရာ ရောက် မည် ကို စိုး ၍၊ အ မှု တော် ဆောင် ရွက် ရာ တွင်၊ ဆင် ယင် သော သင်္ကန်း စုံ ကို၊ သန့် ရှင်း သော အ ခန်း စဉ် တွင် ချွတ် ထား လျက်၊ အ ဝတ် လဲ ကြ ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 လူ​များ​ရှိ​ရာ ပြင်​တံ​တိုင်း​သို့ ထွက်​သွား​သော​အ​ခါ၊ အ​မှု​တော်​ကို ဆောင်​စဉ်​တွင် ဝတ်​သော​အ​ဝတ်​ကို ချွတ်၍၊ သန့်​ရှင်း​သော​အ​ခန်း​တို့၌ ထား​ပြီး​လျှင်၊ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​ရ​ကြ​မည်။ အ​ရင်​အ​ဝတ်​ကို​ဝတ်​လျက် လူ​များ​တို့​ကို မ​သန့်​ရှင်း​စေ​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 လူ​အများ​ရှိ​ရာ​အပြင်​ဝင်း​သို့ ထွက်သွား​သောအခါ အမှု​တော်​ထမ်းဆောင်​စဉ် ဝတ်​ခဲ့​သော​အဝတ်​များ​ကို​ချွတ်​၍ သန့်ရှင်း​သော​အခန်း​ထဲ​တွင် ထားခဲ့​ရ​မည်​။ သူ​တို့​၏​အဝတ်​အားဖြင့် လူ​တို့​ထံ သန့်ရှင်း​ခြင်း​မ​ကူး​ရ​အောင် အခြား​အဝတ်​ကို ဝတ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 44:19
13 ပူးပေါင်းရင်းမြစ်များ  

ခု​နစ်​ရက်​တိုင်​အောင်​နေ့​စဉ်​ဤ​သို့​ပြု​လုပ်​ရ မည်။ ထို​အ​ခါ​ယဇ်​ပလ္လင်​သည်​အ​လွန်​သန့်​ရှင်း သ​ဖြင့်၊ ပလ္လင်​နှင့်​ထိ​မိ​သော​အ​ရာ​နှင့်​လူ​မှန် သ​မျှ​တို့​သည်​ဘေး​သင့်​လိမ့်​မည်။


ထို​အ​ရာ​များ​ကို​ဤ​သို့​ဆက်​ကပ်​ခြင်း​ဖြင့်၊ အ​လွန်​သန့်​ရှင်း​စေ​လော့။ ထို​အ​ရာ​များ​ကို ထိ​မိ​သော​အ​ရာ​ဟူ​သ​မျှ​တို့​သည် သန့် ရှင်း​လိမ့်​မည်။-


ဤ​အ​ရပ်​ကား​ယဇ်​ပု​ရော​ဟိတ်​တို့​အ​ပြစ် ဖြေ​ရာ​ယဇ်၊ သို့​မ​ဟုတ်​ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကို​ပူ​ဇော်​ရန်​အ​သား​များ​ကို​ပြုတ် ရာ၊ မုန့်​ညက်​ပူ​ဇော်​သကာ​ကို​ဖုတ်​ရာ​အ​ရပ် ဖြစ်​၏။ လူ​တို့​ဘေး​အန္တ​ရာယ်​မ​ဖြစ်​ကြ စေ​ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ရာ​မှန် သ​မျှ​ကို​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထုတ် ကြ​ခြင်း​ဖြစ်​၏'' ဟု​ဆို​၏။


ထို​နောက်​အာ​ရုန်​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့​မ​ဝင်​မီ​က ဝတ်​ဆင်​ခဲ့​သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို ချွတ်​ထား​ခဲ့​ရ​မည်။-


ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် အောက်​ပါ​ညွှန် ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။ အာ​ရုန်​သည် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​မ​ဝင်​မီ ရေ​ချိုး​၍​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ဖြစ် သော​ပိတ်​ချော​ဝတ်​ရုံ၊ ဘောင်း​ဘီ၊ ခါး​စည်း နှင့်​ဗောင်း​ထုပ်​များ​ကို​ဝတ်​ဆင်​ရ​မည်။


တစ်​စုံ​တစ်​ယောက်​က​ထို​ယဇ်​ကောင်​၏​အ​သား ကို​ထိ​ကိုင်​မိ​လျှင် ထို​အ​သား​၏​သန့်​ရှင်း​မြင့် မြတ်​မှု​ကြောင့်​ဘေး​သင့်​လိမ့်​မည်။ အ​ဝတ်​အ​ထည် တွင်​ယဇ်​ကောင်​၏​အ​သွေး​စွန်း​လျှင် ထို​အ​စွန်း ကွက်​ကို​သန့်​ရှင်း​ရာ​ဌာ​န​တွင်​ဆေး​ကြော​ရ မည်။-


သူ​တစ်​ပါး​ပျောက်​ဆုံး​သော​ပစ္စည်း​ကို​တွေ့ လျက်​နှင့် မ​တွေ့​ဟု​ကျိန်​ဆို​၍​မု​သား​ကို ပြော​လျှင်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား အား​ပြစ်​မှား​ကူး​လွန်​ရာ​ရောက်​သ​ဖြင့်​ယဇ် ပူ​ဇော်​ရ​မည်။-


ထို​အ​ပြစ်​များ​အ​နက်​တစ်​မျိုး​မျိုး​ကို​ကူး လွန်​သူ​သည်​မ​တ​ရား​သ​ဖြင့် ယူ​ထား​သ​မျှ ကို​ပြန်​၍​ပေး​အပ်​ရ​မည်။ သူ​၌​အ​ပြစ်​ရှိ ကြောင်း​သိ​ရ​သည့်​နေ့​၌ မိ​မိ​ယူ​ထား​သော ငွေ​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​အ​ပို​ဆောင်း ၍​ပိုင်​ရှင်​အား​ပြန်​ပေး​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ