ဝတ်ပြု 4:21 - Common Language Bible21 ထိုနောက်သူသည်မိမိ၏အပြစ်အတွက် ပူဇော်သောနွားကိုတပ်စခန်းအပြင်တွင် မီးရှို့သည့်နည်းတူ ဤနွားကိုလည်းစခန်း အပြင်တွင်မီးရှို့ရမည်။ ထိုယဇ်ပူဇော်နည်း သည်တစ်မျိုးလုံး၏အပြစ်ပြေစေရန်အတွက် ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။Garrad Bible21 နွား ကောင် ကို တပ် စား ခန်း ပြင် သို့ ဆောင် သွား ပြီး လျှင် အ စည်း အ ဝေး အ ဖို့ အ ပြစ် ဖြေ ရာ သ က္ကာ ဖြစ် သည် နှင့် အ ညီ အ ထက် နွား ကဲ့ သို့ ကျွမ်း လောင် စေ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible21 ထိုနောက်မှ နွားကိုတပ်ပြင်သို့ဆောင်သွား၍၊ အရင်နွားကို မီးရှို့သကဲ့သို့ ရှို့ရမည်။ ပရိသတ်အဖို့ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ထိုနွားထီးကို တပ်စခန်း၏အပြင်ဘက်သို့ ယူသွား၍ ပထမနွားထီးကိုရှို့သည့်အတိုင်း ရှို့ရမည်။ ဤသည်ကား လူအစုအဝေးအတွက်အပြစ်ဖြေရာယဇ်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူ အပေါင်းတို့သည် ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အားမီးရှို့ဆက်သရန် ပူဇော် သကာများကိုယူလာကြ၏။ ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် နွားတစ်ဆယ့် နှစ်ကောင်၊ သိုးထီးကိုးဆယ့်ခြောက်ကောင်၊ သိုး သားငယ်ခုနစ်ဆယ့်ခုနစ်ကောင်ကိုပူဇော် ကြ၏။ ဆိတ်တစ်ဆယ့်နှစ်ကောင်ကိုလည်း အပြစ် ဖြေရာယဇ်အဖြစ်ပူဇော်ကြ၏။ ဤတိရစ္ဆာန် အားလုံးကိုထာဝရဘုရားအား မီးရှို့ရာ သကာအဖြစ်ပူဇော်ကြလေသည်။-
သူသည်ဆိတ်၏ဦးခေါင်းပေါ်တွင်လက် နှစ်ဘက်ကိုတင်လျက် ဣသရေလအမျိုး သားတို့၏ဒုစရိုက်အပြစ်နှင့်ပုန်ကန်မှု ရှိသမျှကိုဝန်ချသောအားဖြင့် ထိုဒုစရိုက် အပြစ်များကိုဆိတ်၏ဦးခေါင်းပေါ်သို့ ကျရောက်စေသည်။ ထိုနောက်တာဝန်ကျ သောသူသည် ဆိတ်ကိုတောကန္တာရထဲ သို့မောင်းနှင်ရမည်။-
မသိမှားယွင်းခြင်းဖြစ်ခဲ့သည်ရှိသော် သူတို့သည် နွားထီးတစ်ကောင်ကိုမီးရှို့ရာ ယဇ်အဖြစ်ပူဇော်ရမည်။ ထိုသကာရနံ့ ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ထို ယဇ်ကောင်နှင့်အတူဘောဇဉ်သကာနှင့် စပျစ်ရည်သကာတို့ကိုလည်းတွဲဖက် ဆက်သရမည်။ ထို့အပြင်အပြစ်ဖြေရာ ယဇ်အတွက်ဆိတ်ထီးတစ်ကောင်ကို လည်းပူဇော်ရမည်။-