``ထိုနောက်နွားထီးကိုငါစံရာတဲတော်အရှေ့ သို့ဆောင်ခဲ့၍ အာရုန်နှင့်သူ၏သားများအား နွား၏ဦးခေါင်းပေါ်တွင်လက်ကိုတင်စေရမည်။-
ဝတ်ပြု 3:2 - Common Language Bible ထိုသူသည်ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝ၌ နွား၏ဦးခေါင်းပေါ်တွင်လက် ကိုတင်၍နွားကိုသတ်ရမည်။ အာရုန်၏သား များဖြစ်ကြသောယဇ်ပုရောဟိတ်တို့သည် ယဇ်ကောင်၏သွေးကိုပလ္လင်၏ဘေးလေးဘက် စလုံးပေါ်သို့ပက်ဖျန်းရမည်။- Garrad Bible လှူ ဒါန်း သော နွား ဦး ခေါင်း ပေါ် တွင် လက် တင်၍ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး စီ ရင် ပြီး လျှင်၊ အာ ရုန့် သား ပ ရော ဟိတ် ဖြစ် သူ တို့ သည် ပူ ဇော် ရာ ပ လ္လင် တော် ဘေး ပတ် လည်၌ အ သွေး ကို သွန်း ပက် ကြ ရ မည်။ Judson Bible ပူဇော်သောနွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာသတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။ မြန်မာ့စံမီသမ္မာကျမ်း သူသည် မိမိပူဇော်သောနွား၏ခေါင်းပေါ်၌ လက်ကိုတင်ရမည်။ ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။ |
``ထိုနောက်နွားထီးကိုငါစံရာတဲတော်အရှေ့ သို့ဆောင်ခဲ့၍ အာရုန်နှင့်သူ၏သားများအား နွား၏ဦးခေါင်းပေါ်တွင်လက်ကိုတင်စေရမည်။-
``အာရုန်နှင့်သူ၏သားတို့သည် သိုးထီးတစ် ကောင်၏ဦးခေါင်းပေါ်တွင်လက်ကိုတင်ရမည်။-
ထိုနောက်သိုးကိုသတ်၍အသွေးကို ယဇ်ပလ္လင် ၏လေးဘက်လေးတန်အပေါ်သို့ပက်ဖျန်း ရမည်။-
``ထိုနောက်အာရုန်နှင့်သူ၏သားတို့အား ဒုတိယသိုး၏ဦးခေါင်းပေါ်တွင်လက်ကို တင်စေရမည်။ ထိုသိုးသည်ယဇ်ပုရောဟိတ် အဖြစ်ခံယူရာ၌ပူဇော်သောသိုးဖြစ်၏။-
ငါတို့ရှိသမျှသည်သိုးများကဲ့သို့လမ်းလွဲကာ မိမိတို့သွားလိုရာလမ်းသို့လိုက်လျက်နေကြ သဖြင့်၊ ထာဝရဘုရားသည်ငါတို့ခံယူထိုက်သည့် အပြစ်ဒဏ်ကိုထိုသူ၏အပါ်သို့တင်တော်မူ၏။
သူသည်ယဇ်ကောင်ကိုယဇ်ပလ္လင်၏မြောက်ဘက် တွင်သတ်ရမည်။ ယဇ်ပုရောဟိတ်များသည်ယဇ် ကောင်၏သွေးကို ပလ္လင်ဘေးလေးဘက်စလုံး ပေါ်သို့ပက်ဖျန်းရမည်။-
ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝမှလွဲ၍ အခြားတစ်နေရာရာတွင်နွားကို ဖြစ်စေ၊ ဆိတ်ကိုဖြစ်စေသတ်၍ ထာဝရဘုရား အားပူဇော်သောဣသရေလအမျိုးသားသည် ပညတ်တော်ကိုချိုးဖောက်သူဖြစ်၏။ သူသည် သွေးသွန်းမှုလွန်ကူးသောကြောင့် ထာဝရ ဘုရား၏လူမျိုးတော်မှထုတ်ပယ်ခြင်းခံ ရမည်။-
ထို့နောက်နွား၏ဝမ်းတွင်းသားများရှိသမျှ အဆီ၊ ကျောက်ကပ်များနှင့်ကျောက်ကပ်အဆီ၊ အသည်းမှအကောင်းဆုံးအပိုင်းတို့ကိုထာ ဝရဘုရားအားပူဇော်ရမည်။-
တဲတော်ရှေ့တွင်သိုး၏ဦးခေါင်းပေါ်၌လက် ကိုတင်၍သိုးကိုသတ်ရမည်။ ယဇ်ပုရောဟိတ် တို့သည် ယဇ်ကောင်၏သွေးကိုယဇ်ပလ္လင်လေး ဘက်စလုံးပေါ်သို့ပက်ဖျန်းရမည်။-
ထိုနောက်မောရှေသည်ယဇ်ပုရောဟိတ်များ ကိုသိက္ခာတင်ရာ၌ပူဇော်ရန် ဒုတိယသိုး ထီးကိုယူဆောင်ခဲ့၍ အာရုန်နှင့်သူ၏သား တို့ကသိုး၏ဦးခေါင်းပေါ်တွင်လက်ကို တင်ကြသည်။-
``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
သို့ရာတွင် နွား၊ သိုး၊ ဆိတ်တို့၏သားဦးများကို ရွေးယူပိုင်ခွင့်မရှိ။ ယင်းတို့ကိုငါ့အားဆက် ကပ်ထားပြီးဖြစ်၍ပူဇော်ရမည်။ ထိုယဇ်ကောင် တို့၏သွေးကိုယဇ်ပလ္လင်ပေါ်သို့ပက်ဖျန်း၍ အဆီကိုပူဇော်သကာအဖြစ်မီးရှို့ရမည်။ ထိုရနံ့ကိုငါနှစ်သက်တော်မူ၏။-
အသက်ပိုင်ရှင်ကိုမူသတ်ဖြတ်စေခဲ့ကြ၏။ သို့သော်လည်းဘုရားသခင်သည် ထိုအရှင် ကိုသေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ ကြောင်းကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ကြ၏။-
သို့ဖြစ်၍သင်တို့သည်ဆိုးညစ်သောအမှုတို့ ကိုစွန့်ပယ်ခြင်းအားဖြင့် ကောင်းချီးခံစားကြရ စေရန်ဘုရားသခင်သည် မိမိ၏အစေခံကို သင်တို့ထံသို့ဦးစွာစေလွှတ်တော်မူ၏'' ဟု ပေတရုဟောပြောလေသည်။
ခရစ်တော်သည်အပြစ်ကင်းတော်မူသော အရှင်ဖြစ်သည်။ သို့ရာတွင်ငါတို့သည်ခရစ် တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဘုရား သခင်ကဲ့သို့ကောင်းမြတ်နိုင်ကြစေရန် ဘုရား သခင်သည်ခရစ်တော်အားငါတို့အတွက် ကြောင့်ငါတို့ကဲ့သို့အပြစ်ရှိသူဖြစ်စေ တော်မူ၏။