ထိုသူအပေါင်းတို့သည်ဧသနိမ်အမည်တွင် သောသတ္တမလ၌ ကျင်းပသည့်သစ်ခက်တဲနေ ပွဲတော်သို့လာရောက်စုဝေးကြ၏။-
ဝတ်ပြု 16:29 - Common Language Bible သင်တို့သည်အောက်တွင်ဖော်ပြပါပညတ်ကို ထာဝစဉ်လိုက်နာစောင့်ထိန်းရမည်။ သတ္တမလ၊ ဆယ်ရက်နေ့တွင်ဣသရေလအမျိုးသား တို့နှင့် သူတို့ထံ၌နေထိုင်သောလူမျိုးခြား တို့သည် အစာရှောင်၍မည်သည့်အလုပ်ကို မျှမလုပ်ရ။- Garrad Bible သင် တို့ အ ဖို့ အ မြဲ ထုံး ဖွဲ့ ချက် ကား၊ သ တ္တ မ လ၊ ဒ သ မ နေ့ တွင် သင် တို့ သန့် စေ ရန် အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု သ ဖြင့် ထာ ဝ ရ ဘု ရား ရှေ့ အ ပြစ် အ မျိုး မျိုး မှ သန့် ရာ ရောက် မည် ဖြစ်၍ တိုင်း ရင်း သား ဖြစ် စေ၊ ဝင် နေ သူ ဖြစ် စေ၊ အ မှု အ ရေး မည် သည် ကို မျှ မ လုပ် ဆောင် ရ ဘဲ ခြိုး ခြံ စွာ ပြု ကြ ရ မည်။ Judson Bible သင်တို့သည် အစဉ်စောင့်ရသောပညတ်တော်ဟူမူကား၊ အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ သတ္တမလဆယ်ရက်နေ့၌ အလုပ်ကိုအလျှင်းမလုပ်၊ ခြိုးခြံစွာကျင့်လျက်နေရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ကား ဤသို့ဖြစ်၏။ သင်တို့၏အမျိုးသားချင်းဖြစ်စေ၊ သင်တို့ထဲတွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ သတ္တမလ၊ ဆယ်ရက်နေ့၌ မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ |
ထိုသူအပေါင်းတို့သည်ဧသနိမ်အမည်တွင် သောသတ္တမလ၌ ကျင်းပသည့်သစ်ခက်တဲနေ ပွဲတော်သို့လာရောက်စုဝေးကြ၏။-
သတ္တမလသို့ရောက်သောအခါဣသရေလ အမျိုးသားတို့သည် မိမိတို့၏မြို့ရွာများ တွင်အတည်တကျနေထိုင်လျက်ရှိကြ၏။ ထိုနောက်သူတို့သည် ယေရုရှလင်မြို့တွင် စုဝေးကြလျက်၊-
ဘုရားသခင်သည်ငါတို့ခရီးပြုရာတွင် ရှေ့ဆောင်လမ်းပြတော်မူ၍ငါတို့နှင့်တကွ သားသမီးများနှင့်ပစ္စည်းဥစ္စာများကိုကာကွယ် စောင့်ရှောက်တော်မူစိမ့်သောငှာ ငါတို့ရှိသမျှ သည်ကိုယ်တော်၏ရှေ့တော်၌စိတ်နှလုံးနှိမ့်ချ လျက် အစာရှောင်ကြရန်ထိုအဟာဝတူး မြောင်းအနီးတွင် ငါအမိန့်ထုတ်ပြန်ခဲ့၏။-
ငါမူကားထိုသူတို့ဖျားနာကြသောအခါ၊ ဝမ်းနည်းသည့်အနေဖြင့်နှိမ့်ချဆုတောင်းလျက် လျှော်တေကိုဝတ်၍အစာမစားဘဲနေ၏။
ကျွန်တော်မျိုးသည်အစာရှောင်ခြင်းအားဖြင့် မိမိကိုယ်ကိုနှိမ့်ချသောအခါလူတို့သည် ကျွန်တော်မျိုးအားစော်ကားကြပါ၏။
ပထမနေ့နှင့်သတ္တမနေ့၌ဝတ်ပြုအစည်း အဝေးကိုကျင်းပရမည်။ ထိုနေ့ရက်များ တွင်စားစရာပြင်ဆင်ခြင်းအလုပ်မှတစ် ပါးအခြားအလုပ်မလုပ်ရ။-
သတ္တမနေ့သည် ထာဝရဘုရားအတွက်သီး သန့်ထားသောနားရက်ဖြစ်၏။ ထိုနေ့တွင်သင် မှစ၍သင်၏သားသမီးများ၊ ကျေးကျွန် များ၊ တိရစ္ဆာန်များ၊ ဧည့်သည်အာဂန္တုများ သည်အလုပ်မလုပ်ရ။-
``အာရုန်သည်တစ်နှစ်လျှင်တစ်ကြိမ်အပြစ် ဖြေရာယဇ်ကောင်၏အသွေးဖြင့်၊ ပလ္လင်၏ ထောင့်ချွန်အတက်လေးခုကိုသုတ်လိမ်း၍၊ ပလ္လင်ကိုသန့်ရှင်းစေရမည်။ သင်၏အမျိုး အစဉ်အဆက်တို့သည်ထိုဝတ်ကိုနှစ်စဉ် အမြဲပြုရမည်။ ထိုပလ္လင်သည်ငါထာဝရ ဘုရားအတွက်ဆက်ကပ်သော၊ အလွန် သန့်ရှင်းသောပလ္လင်ဖြစ်သတည်း။''
ဥပုသ်နေ့သည်နားရက်၊ နေ့ထူးနေ့မြတ်ဖြစ် သောကြောင့် ထိုနေ့ကိုစောင့်ထိန်းရမည်။ ဥပုသ် နေ့တွင်အလုပ်လုပ်လျက်ထိုနေ့ကိုမစောင့် ထိန်းသူအားသေဒဏ်စီရင်ရမည်။-
သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ်လုပ် ခွင့်ရှိသည်။ သို့ရာတွင်သတ္တမနေ့သည်ထာဝရ ဘုရားအတွက်ဆက်ကပ်ထားသောနားရက် ဖြစ်သည်။ ထိုနေ့၌အလုပ်လုပ်သောသူကို သေဒဏ်စီရင်ရမည်။-
ထာဝရဘုရားက``အကယ်၍သင်တို့သည် ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့်နေ့အ ဖြစ်ထားရှိလျက်၊ ထိုနေ့၌ကိုယ်ကျိုးရှာလုပ် ငန်းများကိုရှောင်ရှားကြမည်ဆိုလျှင်လည်း ကောင်း၊ အကယ်၍သင်တို့သည်မိမိနှစ်သက် သောခရီးသွားခြင်း၊ နှစ်သက်သောအလုပ် လုပ်ခြင်း၊ သို့မဟုတ်အကျိုးမရှိသောစကား များကိုပြောဆိုခြင်းတို့ကိုရှောင်ကြဉ်၍၊ ငါ၏ မြင့်မြတ်သန့်ရှင်းသည့်နေ့တော်ကိုနှစ်သက် လျက် တန်ဖိုးထားကာရိုသေလေးစားကြ မည်ဆိုလျှင်လည်းကောင်း၊-
သူတို့က``အကယ်၍ထာဝရဘုရားသည် ငါတို့ကိုအဘယ်အခါ၌မျှမြင်တော်မ မူလျှင် ငါတို့အဘယ်ကြောင့်အစာရှောင် ကြပါတော့မည်နည်း။ ကိုယ်တော်သည်ငါတို့ နှိမ့်ချသည်ကိုမြင်တော်မမူလျှင် အဘယ် ကြောင့်ငါတို့ဒုက္ခခံကြပါမည်နည်း'' ဟု ဆိုကြ၏။ ထာဝရဘုရားကသူတို့အား``အဖြစ်မှန် မှာသင်တို့သည်အစာရှောင်လျက်နေစဉ်၌ ပင်ကိုယ်ကျိုးရှာလျက် မိမိတို့ငယ်သား များကိုလည်းနှိပ်စက်ညှင်းဆဲကြ၏။-
သင်တို့သည်အစာရှောင်လျက်တစ်ရက်တာမျှ မိမိကိုယ်ကိုနှိမ့်ချခြင်းကိုငါနှစ်သက်သည် ဟုထင်မှတ်ကြသလော။ ဒုက္ခခံလျက်မြက်ပင် များသဖွယ်ဦးခေါင်းများကိုကိုင်းညွှတ်၍ မိမိတို့ထိုင်ရန်လျှော်တေအဝတ်နှင့်ပြာ ကိုခင်းတတ်ကြ၏။ ဤအပြုအမူကား အစာရှောင်ခြင်းဟု သင်တို့ခေါ်ဆိုကြသည့် အရာပေလော။ ယင်းသို့သင်တို့ပြုမူသော နေ့ရက်ကို ငါနှစ်သက်မြတ်နိုးတော်မူ သည်ဟုသင်တို့ထင်မှတ်ကြပါသလော။
ထိုသူက``အချင်းဒံယေလ၊ မကြောက်နှင့်။ သင်သည်အသိပညာကိုရရှိနိုင်မည် အကြောင်း မိမိကိုယ်ကိုနှိမ့်ချရန် ဦးစွာ ပထမစိတ်ပိုင်းဖြတ်လိုက်သည့်နေ့မှစ ၍ဘုရားသခင်သည် သင်၏ဆုတောင်းပတ္ထ နာကိုကြားတော်မူပြီ။ သင်၏လျှောက် ထားချက်ကိုဖြေကြားရန်ငါ့ကိုစေ လွှတ်တော်မူလိုက်၏။-
မွန်မြတ်သောအစာသို့မဟုတ်အသားကို မစား၊ စပျစ်ရည်ကိုမသောက်၊ ခေါင်းမဖြီး ဘဲသီတင်းသုံးပတ်ကုန်ဆုံးချိန်တိုင်အောင် နေ၏။
ထိုနေ့၌အသက်မွေးဝမ်းကျောင်းအလုပ် ကိုမလုပ်ဘဲ စုဝေးဝတ်ပြုကိုးကွယ်ရကြ မည်။ သင်တို့၏အဆက်အနွယ်များသည် မည်သည့်အရပ်တွင်နေထိုင်သည်မဆို ဤ ပညတ်ကိုထာဝစဉ်စောင့်ထိန်းရကြမည်။-
သင်တို့သည်ခြောက်ရက်အလုပ်လုပ်၍ ဥပုသ် နေ့ဖြစ်သောသတ္တမနေ့တွင်အလုပ်မှနား ရမည်။ ထိုနေ့၌အလုပ်မလုပ်ဘဲစုဝေး ဝတ်ပြုကိုးကွယ်ရမည်။ သင်တို့နေထိုင်ရာ မည်သည့်အရပ်၌မဆိုဥပုသ်နေ့ကိုစောင့်ထိန်း လော့။-
ခုနစ်ရက်ပတ်လုံးနေ့စဉ်ပူဇော်သကာကို ဆက်သရမည်။ အဋ္ဌမနေ့၌တစ်ဖန်ဝတ်ပြု ကိုးကွယ်ရန်စုဝေး၍ ပူဇော်သကာကိုဆက် သရမည်။ ထိုနေ့သည်ဝတ်ပြုကိုးကွယ်ရာ နေ့ဖြစ်သောကြောင့်အလုပ်မလုပ်ရ။
ထိုနောက်သတ္တမလဆယ်ရက်နေ့သည်အပြစ် ဖြေရာနေ့ဖြစ်၍ လူတစ်ယောက်အားတစ်ပြည် လုံးသို့လှည့်လည်လျက်တံပိုးခရာမှုတ်စေ လော့။-
ဣသရေလအမျိုးသားတို့သည်အဆီ ကိုသော်လည်းကောင်း၊ သွေးကိုသော်လည်း ကောင်းမစားရ။ အရပ်ရပ်တွင်နေထိုင်သော ဣသရေလအမျိုးသားအပေါင်းတို့သည် ဤပညတ်ကိုထာဝစဉ်လိုက်နာရကြမည်။
သင်တို့သည်သတ္တမလတစ်ဆယ့်လေးရက် နေ့တွင် စုဝေးဝတ်ပြုရမည်။ ထိုနေ့၌အစား အစာမစားရ၊ အလုပ်မလုပ်ရ။-
ကျွန်ုပ်တို့သည်ထိုအရပ်တွင်ရက်ပေါင်းမျာစွာ ရပ်နားခဲ့ကြရာ အပြစ်ဖြေရာပွဲနေ့အခါ ပင်လွန်၍လာပြီ။ ထို့ကြောင့်ပင်လယ်ခရီးပြု ရန်ဘေးအန္တရာယ်မကင်းတော့ပေ။ သို့ဖြစ်၍ ပေါလုက၊-
ငါတို့သည်မိမိတို့ကိုယ်ကိုပထမဦးစွာစစ် ဆေးကြမည်ဆိုပါမူ ဤသို့ဘုရားသခင်၏ စီရင်တော်မူခြင်းကိုခံရကြလိမ့်မည်မဟုတ်။-
အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကတိ ထားတော်မူသောငြိမ်ဝပ်ရာချမ်းသာကိုရရှိ သူသည် ဘုရားသခင်နည်းတူမိမိအလုပ်မှ ငြိမ်ဝပ်စွာနေမည်ဖြစ်သောကြောင့်တည်း။-
သို့ဖြစ်၍သူတို့သည်မိဇပါမြို့တွင်စုဝေး ကြပြီးနောက် ရေအနည်းငယ်ခပ်၍ထာဝရ ဘုရားအား ပူဇော်သည့်အနေဖြင့်သွန်းလောင်း ကာထိုနေ့တစ်နေ့လုံးအစာရှောင်ကြ၏။ သူ တို့က``အကျွန်ုပ်တို့သည်ထာဝရဘုရားကို ပြစ်မှားပါပြီ'' ဟုဆိုကြ၏။ မိဇပါမြို့မှ နေ၍ရှမွေလသည်ဣသရေလအမျိုး သားတို့ကိုစီရင်အုပ်ချုပ်သတည်း။