ဝတ်ပြု 16:28 - Common Language Bible28 ထိုယဇ်ကောင်များကိုမီးရှို့ရသူသည် မိမိ ၏အဝတ်များကိုဖွပ်လျှော်၍ရေချိုးပြီး မှ စခန်းအတွင်းသို့ပြန်ဝင်ရမည်။ အခန်းကိုကြည့်ပါ။Garrad Bible28 ကျွမ်း လောင် စေ သော သူ လည်း အ ဝတ် လျှော် ခြင်း၊ ရေ ချိုး ခြင်း ပြု ပြီး မှ တပ် စား ခန်း အ တွင်း ဝင် ရောက် ခွင့် ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible28 မီးရှို့သောသူသည်လည်း မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ထိုနောက်မှ တပ်ထဲသို့ဝင်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 ထိုအရာတို့ကိုရှို့သောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထို့နောက်မှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။ အခန်းကိုကြည့်ပါ။ |
အောက်ဖော်ပြပါတိရစ္ဆာန်တို့၏အသေကောင် များကိုထိကိုင်မိသူသည် ညဦးတိုင်အောင် မသန့်ရှင်းဘဲရှိလိမ့်မည်။ ခွာကွဲ၍စားမြုံ့ ပြန်သောတိရစ္ဆာန်များမှတစ်ပါးအခြားခွာ ရှိတိရစ္ဆာန်အားလုံးနှင့် အုပ်ဖမ်းတတ်သောလက် ရှိသည့်ခြေလေးချောင်းသတ္တဝါအားလုံးတို့ ဖြစ်သည်။ ထိုတိရစ္ဆာန်တို့၏အသေကောင်များ ကိုသယ်ဆောင်သွားသူသည် မိမိ၏အဝတ် များကိုဖွပ်လျှော်ရမည်။ သို့သော်လည်းသူ သည်ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့် မည်။