သူသည်ဣသရေလအမျိုးသားတို့ကိုးကွယ် သောရုပ်တုတို့ကိုမကိုးကွယ်။ တောင်ပေါ်ရှိ ကိုးကွယ်ရာဌာနများတွင် ယဇ်ပူဇော်သည့် အသားကိုမစား။ သူတစ်ပါး၏အိမ်ရာကို မပြစ်မှား။ ရာသီလာနေသောမိန်းမနှင့်လည်း မဆက်ဆံ။-
ဝတ်ပြု 15:24 - Common Language Bible ရာသီသွေးပေါ်သောမိန်းမသည်မသန့်စင် သောကြောင့် သူနှင့်ကာမစပ်ယှက်သောယောကျာ်း သည်လည်း ခုနစ်ရက်တိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။ ထိုသူ၏အိပ်ရာသည်လည်း မသန့်စင်။ Garrad Bible ရာ သီ ရောက် ရာ တွင် ဆက် ဆံ မိ သူ သည် ခု နစ် ရက် ပတ် လုံး မ သန့် သည့် ပြင် သူ့ အိပ် ရာ ဟူ သ မျှ လည်း မ သန့် ချေ။ Judson Bible ဥတုရောက်သောမိန်းမနှင့် သံဝါသပြုသောသူသည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်၊ အိပ်ရာရှိသမျှလည်း မစင်ကြယ်ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ယောက်ျားသည် သူနှင့်အိပ်၍ ထိုယောက်ျားသည် ဓမ္မတာသွေးစွန်းသွားလျှင် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။ ထိုယောက်ျားအိပ်သည့် အိပ်ရာတိုင်း မစင်မကြယ်ဖြစ်၏။ |
သူသည်ဣသရေလအမျိုးသားတို့ကိုးကွယ် သောရုပ်တုတို့ကိုမကိုးကွယ်။ တောင်ပေါ်ရှိ ကိုးကွယ်ရာဌာနများတွင် ယဇ်ပူဇော်သည့် အသားကိုမစား။ သူတစ်ပါး၏အိမ်ရာကို မပြစ်မှား။ ရာသီလာနေသောမိန်းမနှင့်လည်း မဆက်ဆံ။-
သင့်အထဲတွင်အချို့သောသူတို့သည် မိမိ တို့၏မိထွေးများနှင့်ပြစ်မှားကြ၏။ သင့် အထဲ၌အချို့ကအမျိုးသမီးများ ရာသီလာချိန်တွင်အဋ္ဌမ္မပြုကျင့်ကြ၏။-
ရာသီသွေးပေါ်သောအမျိုးသမီး၊ ဘာသာ ရေးထုံးနည်းအရမသန့်စင်သောမိန်းမနှင့် ကာမစပ်ယှက်သောယောကျာ်းတို့နှင့်သက် ဆိုင်သောပညတ်များဖြစ်သတည်း။
ရာသီသွေးပေါ်သောမိန်းမသည်ဘာသာရေး ထုံးနည်းအရမသန့်စင်သောကြောင့် ရာသီသွေး ပေါ်ချိန်အတွင်းသူနှင့်ကာမစပ်ယှက်ခြင်း မပြုရ။-
တစ်စုံတစ်ယောက်သည်ရာသီသွေးပေါ်လျက်ရှိသောမိန်းမနှင့်ကာမစပ်ယှက်လျှင် သူတို့နှစ်ဦးသည်သန့်စင်မှုဆိုင်ရာပညတ်ကိုချိုးဖောက်သဖြင့်ဣသရေလအမျိုးမှနှင်ထုတ်ရမည်။-
ထိမ်းမြားမင်္ဂလာပြုခြင်းအမှုကိုလူတိုင်း လေးစားကြရမည်။ လင်နှင့်မယားသည် တစ်ဦးကိုတစ်ဦးသစ္စာရှိရမည်။ ဘုရား သခင်သည်အကျင့်ပျက်သူများနှင့်သူ တစ်ပါးအိမ်ရာပြစ်မှားသူများကိုတရား စီရင်တော်မူလိမ့်မည်။
ချစ်ဆွေတို့၊ သင်တို့သည်ဤလောကတွင်ဧည့် သည်အာဂန္တုအဖြစ်နှင့် မိမိတို့အားအမြဲ စစ်ပြိုင်တိုက်ခိုက်လျက်နေသောကာယတပ် မက်မှုများကိုအရှုံးမပေးရန် ငါတိုက်တွန်း နှိုးဆော်၏။-