ရုဗင်သည်တွင်းသို့ပြန်လာပြီးလျှင်ယောသပ် ကိုရှာ၍မတွေ့ရသောအခါ အလွန်စိတ်မချမ်း မသာဖြစ်သဖြင့်မိမိအဝတ်များကိုဆုတ် ဖြဲလေ၏။-
ဝတ်ပြု 13:45 - Common Language Bible ဆိုးရွားသောကိုယ်ရေပြားရောဂါစွဲသော သူသည် စုတ်သောအဝတ်ကိုဝတ်ရမည်။ ဆံပင် ကိုမဖြီးရ။ မျက်နှာအောက်ပိုင်းကိုဖုံးလျက် မသန့်ရှင်း၊ မသန့်ရှင်းဟုအော်ရမည်။- Garrad Bible နူ နာ အ မှတ် လ က္ခ ဏာ မှန် သူ ကား အ ဝတ် ဆုတ် ခြင်း၊ ဆံ ဖျား လျား ချ ခြင်း၊ နှုတ် ဖုံး ထား ခြင်း များ ကို ပြု လျက်၊ မ သန့် မ သန့် ဟု ဟစ် ကြော် ရ မည်။ Judson Bible နူနာစွဲသောသူသည် စုတ်သောအဝတ်ကိုဝတ်ရမည်။ ခေါင်းကိုမဖုံး၊ အထက်နှုတ်ခမ်းကိုဖုံးလျက်၊ မစင်ကြယ်၊ မစင်ကြယ်ဟု ဟစ်ကြော်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း အနာကြီးရောဂါစွဲနေသောသူသည် အဝတ်စုတ်ကိုသာ ဝတ်ရမည်။ ဆံပင်ကို ဖားလျားချထားရမည်။ နှုတ်ခမ်းကို ဖုံး၍ ‘မစင်ကြယ် မစင်ကြယ်’ဟု အော်ရမည်။ |
ရုဗင်သည်တွင်းသို့ပြန်လာပြီးလျှင်ယောသပ် ကိုရှာ၍မတွေ့ရသောအခါ အလွန်စိတ်မချမ်း မသာဖြစ်သဖြင့်မိမိအဝတ်များကိုဆုတ် ဖြဲလေ၏။-
သူသည်မိမိ၏ဦးခေါင်းကိုပြာလူး၍ဝတ် လုံကိုလည်းဆုတ်ဖြဲကာ မျက်နှာကိုလက်ဖြင့် အုပ်၍ငိုယိုလျက်ထွက်ခွာသွားလေသည်။-
အရေပြားရောဂါစွဲကပ်သူလူလေးယောက်တို့ သည် မြို့တံခါးပြင်တွင်ထိုင်လျက်``ငါတို့သည် မသေမချင်းဤအရပ်တွင်အဘယ်ကြောင့် စောင့်နေရကြမည်နည်း။-
ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။
ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။
ကျွန်တော်မျိုးသည်မိမိ၏အမှားများကို ဝန်ချပါ၏။ မိမိ၏အပြစ်များကိုအစဉ်ပင်သတိရပါ၏။
ကျွန်တော်မျိုးသည်မွေးဖွားချိန်မှစ၍ ဆိုးညစ်ခဲ့ပါ၏။ မွေးဖွားကတည်းကအပြစ်ရှိပါ၏။
သန့်ရှင်းမြင့်မြတ်သည့်ခွက်ဖလားများကို ကိုင်ဆောင်လာသူအပေါင်းတို့၊ ဗာဗုလုန်ပြည်မှချက်ချင်းထွက်ခွာလာကြလော့။ တားမြစ်ထားသည့်အရာများကိုလက်နှင့်မျှ မတို့ကြနှင့်။ သင်တို့ကိုယ်ကိုသန့်စွာထား၍မြို့ထဲမှ ထွက်ခွာသွားကြလော့။
ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။
ကျွန်တော်မျိုးတို့အားလုံးအပြစ်သားများ ဖြစ်ကြပါ၏။ ကျွန်ုပ်တို့၏အကောင်းဆုံး အကျင့်ပင်လျှင်လုံးဝဥဿုံရွံရှာဖွယ်သာ ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်မိမိတို့၏ အပြစ်များကြောင့်လေလွင့်ရွက်ခြောက်များ နှင့်တူကြပါ၏။-
အကျွန်ုပ်တို့သည်အရှက်တွင်လဲလျောင်းကာ အသရေပျက်မှုနှင့်လွှမ်းခြုံ၍နေသင့်ကြ ပါ၏။ အကျွန်ုပ်တို့ငယ်စဉ်အချိန်ကစ၍ ယနေ့ထိတိုင်အောင် အကျွန်ုပ်တို့နှင့်ဘိုးဘေး များသည်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားခဲ့ကြပါပြီ။ ကိုယ်တော် ၏စကားကိုလည်းနားမထောင်ခဲ့ကြပါ'' ဟုဆိုကြ၏။
သို့ရာတွင်စာလိပ်ပါစကားအလုံးစုံကို ကြားရသူမင်းကြီးနှင့်တကွ အဘယ်မှူး မတ်မျှကြောက်လန့်မှုမဖြစ်ကြ။ နောင်တ ရသည့်လက္ခဏာကိုလည်းမပြကြ။-
လူတို့က``ထွက်သွားကြလော့၊သင်တို့သည် ညစ်ညမ်းလျက်ရှိ၏။ ငါတို့ကိုမတို့မထိကြနှင့်'' ဟုအော်ဟစ် ပြောဆိုကြ၏။ သို့ဖြစ်၍သူတို့သည်မိမိတို့အားလက်ခံ မည့်သူ မရှိဘဲ တစ်နိုင်ငံမှတစ်နိုင်ငံသို့လှည့်လည် သွားလာရကြလေသည်။
သင်ရှိုက်သည့်အသံကိုလူတို့မကြားပါစေနှင့်။ ဝမ်းနည်းပူဆွေးသည့်လက္ခဏာဖြင့်ခေါင်းပေါင်း မပေါင်းဘဲ၊ ဖိနပ်မစီးဘဲမသွားမလာနှင့်။ သင်၏မျက်နှာကိုမဖုံးမအုပ်နှင့်။ ဝမ်းနည်း ပူဆွေးသူတို့စားသည့်အစားအစာကို လည်းမစားနှင့်'' ဟုမိန့်တော်မူ၏။
ထိုအခါသင်တို့သည်ငါပြုခဲ့သည့်အတိုင်း ပြုကြလိမ့်မည်။ သင်တို့၏မျက်နှာများကိုဖုံး အုပ်လိမ့်မည်မဟုတ်။ ဝမ်းနည်းပူဆွေးသူတို့ သည်အစားအစာကိုစားလိမ့်မည်မဟုတ်။-
သင်တို့သည်မိမိတို့အဝတ်များကို ဆုတ်ဖြဲခြင်းအားဖြင့်သာမဟုတ်ဘဲ၊ ကျိုးပဲ့သောစိတ်နှလုံးအားဖြင့်သင်တို့ ဝမ်းနည်းမှုကိုဖော်ပြရာ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ကိုယ်တော်သည်သနားခြင်းမေတ္တာကရုဏာ တော်နှင့် ပြည့်စုံတော်မူ၏။ စိတ်ရှည်၍မိမိကတိတော်အတိုင်း ပြုတော်မူတတ်၏။ ကိုယ်တော်သည်အပြစ်များကိုဖြေလွှတ်ရန် အစဉ်ပင်အသင့်ရှိတော်မူသဖြင့်အပြစ် ဒဏ် ခတ်တော်မူလိမ့်မည်မဟုတ်။
ထိုနောက်မောရှေကအာရုန်နှင့်သူ၏သား များဖြစ်ကြသော ဧလာဇာနှင့်ဣသမာတို့ အား``သင်တို့သည်သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲခြင်းကိုပြရန် ဆံပင်ကို မဖြီးဘဲမနေကြနှင့်။ အဝတ်အင်္ကျီများ ကိုလည်းမဆုတ်ဖြဲကြနှင့်။ ထိုသို့ပြုလျှင် သင်တို့၏အသက်ဆုံးရလိမ့်မည်။ ထာဝရ ဘုရားသည်လည်း ဣသရေလအမျိုးသား အပေါင်းတို့အားအမျက်တော်ထွက်လိမ့်မည်။ သို့သော်သင်တို့၏သွေးချင်းဖြစ်သော ဣသရေလအမျိုးသားအပေါင်းတို့မူ ကား ထာဝရဘုရားထံတော်မှလောင်မီး ကျ၍ သေဆုံးသူတို့အတွက်ဝမ်းနည်း ကြေကွဲကြောင်းပြနိုင်သည်။-
သူ၏ဦးခေါင်းပေါ်၌ဆိုးရွားသောအရေ ပြားရောဂါစွဲသည်ဖြစ်သောကြောင့် မသန့် ရှင်းသူဟုဆုံးဖြတ်ရမည်။-
ယဇ်ပုရောဟိတ်မင်းသည်ဦးခေါင်းပေါ်တွင် ဆီလောင်း၍ ဘိသိက်ခံလျက်ယဇ်ပုရောဟိတ် ဝတ်စုံကိုဝတ်ဆင်ထားသူဖြစ်သောကြောင့် ဝမ်းနည်းသည့်အနေဖြင့် မိမိဆံပင်ကို ဖားလျားမချရ။ မိမိ၏အဝတ်ကိုလည်း မဆုတ်မဖြဲရ။-
အနာဂတ်ကိုဟောသူတို့သည်ဟောကိန်း မမှန်သဖြင့် အရှက်ကွဲရလိမ့်မည်။ သူတို့ သည်ဘုရားသခင်ထံတော်မှဗျာဒိတ်မခံ ရသဖြင့်အသရေပျက်ကြလိမ့်မည်။
``ဣသရေလအမျိုးသားတို့တွင် ကိုယ်ရေ ပြားရောဂါစွဲသောသူသို့မဟုတ်ရိနာစွဲ သောသူ၊ လူသေကောင်နှင့်ထိမိသဖြင့်မသန့် စင်သောသူတို့ကို စခန်းအပြင်သို့နှင်ထုတ် ရန်ဆင့်ဆိုလော့။-
ရွာတစ်ရွာသို့ဝင်တော်မူသောအခါအရေပြား ရောဂါသည်ဆယ်ယောက်တို့သည် ကိုယ်တော်ကို ခရီးဦးကြိုပြုကြ၏။ ခပ်လှမ်းလှမ်းတွင်ရပ် လျက်။-
ထိုအခြင်းအရာကိုရှိမုန်ပေတရုမြင်လျှင် သခင်ယေရှု၏ခြေတော်ရင်းမှာပျပ်ဝပ် လျက် ``အရှင်ဘုရား၊ အကျွန်ုပ်သည်အြုပစ် သားဖြစ်သောကြောင့်အကျွန်ုပ်၏ထံမှ ကြွသွားတော်မူပါ'' ဟုလျှောက်၏။