သင်တို့၏သိုး၊ နွားတို့မှသားဦးပေါက်များကို လည်းငါ့အားဆက်ကပ်ရမည်။ သိုးနွားသားဦး ပေါက်များသည်သူတို့၏မိခင်နှင့်အတူခုနစ် ရက်နေစေ၍ အဋ္ဌမနေ့တွင်ထိုသိုးနွားများ ကိုငါ့အားဆက်ကပ်ရမည်။
ဝတ်ပြု 12:3 - Common Language Bible အဋ္ဌမနေ့၌အရေဖျားလှီးခြင်းမင်္ဂလာကို သားအားပေးရမည်။- Garrad Bible ရှစ် ရက် မြောက် သော နေ့ တွင် အ ရေ ဖျား လှီး မင်္ဂ လာ ကို သား အား ပေး ရ မည်။ Judson Bible အဋ္ဌမနေ့၌ သားယောက်ျားအား အရေဖျားလှီးခြင်းကိုပြုရမည်။ မြန်မာ့စံမီသမ္မာကျမ်း ရှစ်ရက်မြောက်နေ့တွင် သူငယ်၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးရမည်။ |
သင်တို့၏သိုး၊ နွားတို့မှသားဦးပေါက်များကို လည်းငါ့အားဆက်ကပ်ရမည်။ သိုးနွားသားဦး ပေါက်များသည်သူတို့၏မိခင်နှင့်အတူခုနစ် ရက်နေစေ၍ အဋ္ဌမနေ့တွင်ထိုသိုးနွားများ ကိုငါ့အားဆက်ကပ်ရမည်။
မိခင်သည်နောက်ထပ်သုံးဆယ့်သုံးရက်အတွင်း ဘာသာရေးထုံးနည်းအရမသန့်ရှင်းသဖြင့် သွေးသန့်သည့်ကာလမတိုင်မီသန့်ရှင်းသော အရာတစ်စုံတစ်ခုကိုမထိမကိုင်ရ။ တဲ တော်အတွင်းသို့လည်းမဝင်ရ။
ထိုနောက်ရှစ်ရက်မြောက်သောနေ့၌သူတို့သည် သူငယ်၏အရေဖျားလှီးမင်္ဂလာပွဲသို့လာကြ ၏။ သူ့အားဇာခရိဟူ၍အဖ၏နာမည်ကိုပင် မှည့်လိုကြ၏။-
သူငယ်တော်ရှစ်ရက်သားရှိ၍အရေဖျားလှီး မင်္ဂလာခံယူရန်အချိန်စေ့သောအခါ သူ့အား ယေရှုဟုနာမည်မှည့်ကြ၏။ ဤနာမည်ကား သူငယ်တော်ပဋိသန္ဓေမနေမီကပင် ကောင်းကင် တမန်ကမှည့်ခေါ်စေသည့်နာမည်ဖြစ်၏။
လူအချို့တို့သည်ယုဒပြည်မှအန္တိအုတ်မြို့ သို့သွားရောက်၍ ညီအစ်ကိုတို့အား ``သင်တို့ သည်မောရှေ၏ပညတ်တရားအရ အရေ ဖျားလှီးမင်္ဂလာကိုမခံယူလျှင်ကယ်တင် ခြင်းမရနိုင်'' ဟုဟောပြောသွန်သင်ကြ၏။-
ပညတ်တရားတွင်ပါရှိသည့်ပြဋ္ဌာန်းချက်မှန် သမျှသည် ပညတ်တရားစိုးမိုးမှုလက်အောက် တွင်ရှိနေသူများအတွက်ဖြစ်ကြောင်းယခု ငါတို့သိကြ၏။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာလူတို့၏ဆင်ခြေဆင်လက်မှန်သမျှကို ရပ်စဲစေရန်နှင့် လူသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံစေရန်ဖြစ်ပေသည်။-
ငါဆိုလိုသည်ကားဤသို့တည်း။ ဘုရား သခင်သည်အာဗြဟံနှင့်ပဋိညာဉ်ပြုတော် မူပြီးလျှင် ပဋိညာဉ်ကိုစောင့်ထိန်းရန်ကတိ ထားတော်မူ၏။ အနှစ်လေးရာ့သုံးဆယ်ကြာ မှပေါ်ပေါက်လာသည့်ပညတ်တရားသည် ထို ပဋိညာဉ်တော်ကိုမပယ်မဖျက်နိုင်။ ကတိ တော်ကိုလည်းမပယ်မဖျက်နိုင်။-
အရေဖျားလှီးမင်္ဂလာခံသူတိုင်းသည် ပညတ် တရားအလုံးစုံကိုလိုက်လျှောက်ရလိမ့်မည် ဖြစ်ကြောင်း ယခုတစ်ဖန်ငါသတိပေး၏။-
ကိုယ်တော်သည်သင်တို့နှင့်သင်တို့၏ အဆက်အနွယ်တို့အား နားထောင်တတ် သောသဘောကိုပေးတော်မူလိမ့်မည်။ သင် တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ချစ်လျက် ထိုပြည်တွင်ဆက်လက်နေထိုင်နိုင်ရန်၊-
ငါသည်ရှစ်ရက်မြောက်သောနေ့၌အရေဖျား လှီးမင်္ဂလာကိုခံယူလျက်ဣသရေလလူမျိုး ဗင်္ယာမိန်အနွယ်ဝင်၊ ဟေဗြဲအမျိုးသားမိဘများမှ ပေါက်ဖွားသူဖြစ်၏။ ပညတ်တရားစောင့်ထိန်းမှုနှင့် ပတ်သက်၍ဆိုသော်ငါသည်ဖာရိရှဲဂိုဏ်းဝင်ဖြစ်၏။-
ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လာကြ သောအခါ သင်တို့ဇာတိသဘောတရားမှ လွတ်မြောက်ခြင်းတည်းဟူသောခရစ်တော်၏ အရေဖျားလှီးမင်္ဂလာကိုခံယူကြပေသည်။ ဤအရေဖျားလှီးမင်္ဂလာကားကာယနှင့် ဆိုင်သောအရေဖျားလှီးခြင်းမဟုတ်။-