ဖိလိပ္ပိ 3:5 - Common Language Bible5 ငါသည်ရှစ်ရက်မြောက်သောနေ့၌အရေဖျား လှီးမင်္ဂလာကိုခံယူလျက်ဣသရေလလူမျိုး ဗင်္ယာမိန်အနွယ်ဝင်၊ ဟေဗြဲအမျိုးသားမိဘများမှ ပေါက်ဖွားသူဖြစ်၏။ ပညတ်တရားစောင့်ထိန်းမှုနှင့် ပတ်သက်၍ဆိုသော်ငါသည်ဖာရိရှဲဂိုဏ်းဝင်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible5 ရှစ် ရက် မြောက် သော နေ့၌ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ၊ ဣ သ ရေ လ အ မျိုး၊ ဗင်္ယာ မိန် အ နွယ်၊ ဟေ ဗြဲ လူ စစ် ဖြစ် သူ၊ ပ ညတ် တ ရား ကို ဆို သော် ဖာ ရိ ရှဲ ဂိုဏ်း သား၊ အခန်းကိုကြည့်ပါ။Judson Bible5 ငါသည် ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကို ခံရ၏။ ဣသရေလအမျိုး၊ ဗင်္ယာမိန်အနွယ် ဖြစ်၏။ ဟေဗြဲလူမှဆင်းသက်သော ဟေဗြဲလူစစ် ဖြစ်၏။ တရားအားဖြင့် ဖာရိရှဲဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ငါသည် ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးထားသောသူ၊ အစ္စရေးလူမျိုး၊ ဗင်္ယာမိန်အနွယ်ဝင်၊ ဟေဗြဲလူမျိုးမှဟေဗြဲလူမျိုးအစစ်၊ ပညတ်တရားအရဆိုလျှင် ဖာရိရှဲတစ်ဦး၊ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ကျွန်ုပ်သည် ရှစ်ရက်မြောက်နေ့တွင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူခဲ့၏။ အစ္စရေးလူမျိုး၊ ဗင်္ယာမိန်အနွယ်၊ ဟေဗြဲလူမျိုးမှ ပေါက်ဖွားသော ဟေဗြဲလူမျိုးအစစ် ဖြစ်၏။ ပညတ်တရားကို လိုက်နာသော ဖာရိရှဲတစ်ဦး ဖြစ်ခဲ့၏။ အခန်းကိုကြည့်ပါ။ |
သူသည်တရားလွှတ်တော်အဖွဲ့ထဲတွင်လူ တစ်စုက ဖာရိရှဲများဖြစ်၍အခြားတစ်စု ကဇဒ္ဒုကဲများဖြစ်ကြောင်းကိုသိမြင်သော အခါ ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ဖာရိရှဲ ဖြစ်ပါ၏။ ဖာရိရှဲ၏သားလည်းဖြစ်ပါ၏။ သေသူတို့သည်ရှင်ပြန်ထမြောက်မည်ကို မျှော်လင့်သူဖြစ်သဖြင့် ယခုအကျွန်ုပ်သည် အစစ်အဆေးခံနေရခြင်းဖြစ်ပါ၏'' ဟု တရားလွှတ်တော်တွင်ကြွေးကြော်လေ ၏။
ပေါလုကဆက်လက်၍ ``အကျွန်ုပ်သည်ကိလိကိ ပြည်၊ တာရှုမြို့တွင်မွေးဖွားသူယုဒအမျိုးသား ဖြစ်ပါ၏။ ယေရုရှလင်မြို့တွင်ကြီးပြင်း၍ဘိုး ဘေးတို့လိုက်လျှောက်ကျင့်သုံးသည့်ပညတ်တရား တော်ကို ဂါမလျေလ၏ခြေရင်း၌တိကျစွာ ဆည်းပူးခဲ့ပါ၏။ ယခုသင်တို့သည်ဘုရား သခင်၏အမှုတော်ကိုထမ်းဆောင်ရန်စိတ်အား ထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်းစိတ် အားထက်သန်ခဲ့ပါ၏။-
ကာလအနည်းငယ်ကြာသော်တပည့်တော် အရေအတွက်မှာ တိုးတက်များပြားလာ၏။ ထိုအခါဂရိစကားကိုသုံးစွဲသူယုဒ အမျိုးသားများနှင့် ဒေသခံယုဒအမျိုး သားတို့အငြင်းပွားကြ၏။ ဂရိစကား သုံးစွဲသူယုဒအမျိုးသားတို့က မိမိတို့ မုဆိုးမများနေ့စဉ်အသုံးစရိတ်မရ ရှိကြောင်းပြစ်တင်ပြောဆိုကြ၏။-
ထိုမြို့သားတစ်ယောက်သည် ရန်သူလက်မှလွတ် မြောက်ထွက်ပြေးလာ၍ဟေဗြဲအမျိုးသား အာဗြံအား အထက်ပါအဖြစ်အပျက်အကြောင်း စုံကိုပြောပြလေ၏။ အာဗြံသည်အာမောရိ အမျိုးသား မံရေပိုင်သောသစ်ပင်များအနီး တွင်နေထိုင်လျက်ရှိသည်။ မံရေနှင့်သူ၏ညီ များဖြစ်ကြသောဧရှကောလနှင့် အာနေရ တို့သည်အာဗြံ၏မဟာမိတ်များဖြစ်ကြ၏။-